ၿဂိဳလ္္တုမ်ားကေန အင္တာနက္ ထုတ္လႊင့္ေပးမယ့္ Amazon

0
52

ၿဂိဳလ္တုေထာင္ေပါင္းမ်ားစြာနဲ႔ ကမာၻအ၀န္းမွာ အင္တာနက္ ထုတ္လႊင့္ေပးဖို႔ အတြက္ အေမဇုန္ အျပင္ အျခား နည္းပညာ ကုမၸဏီမ်ားက ႀကိဳးစားေနၾကပါတယ္။ SpaceX ကလည္း အင္တာနက္ ၿဂိဳလ္တုေပါင္း ၁၂၀၀၀ ကို လႊင့္တင္ဖို႔ စီစဥ္ေနပါတယ္။ OneWeb ကလည္း အင္တာနက္ ၿဂိဳလ္တု ၆၅၀ ကို တည္ေဆာက္ေနပါတယ္။ Facebok ကလည္း သူ႔ကိုယ္ပိုင္ အင္တာနက္ ၿဂိဳလ္တုကို တီထြင္ေနပါတယ္။

အခုေတာ့ အေမဇုန္ကလည္း ကမာၻပတ္လမ္းေၾကာင္းမွာ ၿဂိဳလ္တုမ်ား လႊင့္တင္ၿပီး ကမာၻအ၀န္းမွာ အင္တာနက္ ထုတ္လႊင့္ေပးမွာ ျဖစ္ပါတယ္။ ကုမၸဏီက Project Kuiper ကေန အင္တာနက္ ၿဂိဳလ္တုေပါင္း ၃၂၃၆ ခုကို လႊင့္တင္ဖို႔ စီစဥ္ေနပါတယ္။ Project Kuiper က မတူညီတဲ့ အျမင့္ ၃ ခုမွာ ၿဂိဳလ္တုမ်ားကို လႊင့္တင္မွာပါ။ ေျမျပင္အထက္ ၃၆၇ မိုင္မွာ ၿဂိဳလ္တု ၇၈၄ ခု၊ ၃၇၉ မိုင္မွာ ၁၂၉၆ ခုနဲ႔ ၃၉၁ မိုင္မွာ ၁၁၅၆ ခုကို ထားရွိမွာပါ။ 

ကမာၻေျမ လူဦးေရရဲ႕ ၉၅ ရာခုိင္ႏႈန္းက အဲဒီ ၿဂိဳလ္တုမ်ားက ထုတ္လႊင့္တဲ့ အင္တာနက္ကို အသံုးျပဳႏိုင္မွာ ျဖစ္တဲ့ အတြက္ Coverage က အလြန္ကို လန္းပါတယ္။  ၿဂိဳလ္တုမ်ား လႊင့္တင္မယ့္ အခ်ိန္ကို မသိရေသးပါဘူး။ ၿဂိဳလ္တုေတြကို သူကိုယ္တုိင္ ထုတ္မလား၊ အျခား ကုမၸဏီကေန ၀ယ္သံုးမလားဆိုတာကိုလည္း မသိရေသးပါဘူး။

ဒီစီမံကိန္းအတြက္ Amazon ဟာ  အေမရိကန္ ဆက္သြယ္ေရး ေကာ္မရွင္ရဲ႕ ခြင့္ျပဳခ်က္ကို အရင္ ရယူရဦးမွာပါ။ အေမရိကန္ ဆက္သြယ္ေရး ေကာ္မရွင္ (FCC) က အနိမ့္ပိုင္း ကမာၻပတ္လမ္းသို႔ ၿဂိဳလ္တုေပါင္း ၇၅၁၈ ခုကို လႊတ္တင္ဖို႔ SpaceX ရဲ႕ စီမံကိန္းကို ၿပီးခဲ့တဲ့ ႏွစ္ ႏို၀င္ဘာလက ခြင့္ျပဳလိုက္ပါတယ္။ ကုမၸဏီရဲ႕ Starlink Broadband Network အတြက္ အဓိက ကြန္ရက္ ျဖစ္လာမွာပါ။

unicode

ဂြိုလ်တုများကနေ အင်တာနက် ထုတ်လွှင့်ပေးမယ့် Amazon

ဂြိုလ်တုထောင်ပေါင်းများစွာနဲ့ ကမ္ဘာအဝန်းမှာ အင်တာနက် ထုတ်လွှင့်ပေးဖို့ အတွက် အမေဇုန် အပြင် အခြား နည်းပညာ ကုမ္ပဏီများက ကြိုးစားနေကြပါတယ်။ SpaceX ကလည်း အင်တာနက် ဂြိုလ်တုပေါင်း ၁၂၀၀၀ ကို လွှင့်တင်ဖို့ စီစဉ်နေပါတယ်။ OneWeb ကလည်း အင်တာနက် ဂြိုလ်တု ၆၅၀ ကို တည်ဆောက်နေပါတယ်။ Facebok ကလည်း သူ့ကိုယ်ပိုင် အင်တာနက် ဂြိုလ်တုကို တီထွင်နေပါတယ်။

အခုတော့ အမေဇုန်ကလည်း ကမ္ဘာပတ်လမ်းကြောင်းမှာ ဂြိုလ်တုများ လွှင့်တင်ပြီး ကမ္ဘာအဝန်းမှာ အင်တာနက် ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက Project Kuiper ကနေ အင်တာနက် ဂြိုလ်တုပေါင်း ၃၂၃၆ ခုကို လွှင့်တင်ဖို့ စီစဉ်နေပါတယ်။ Project Kuiper က မတူညီတဲ့ အမြင့် ၃ ခုမှာ ဂြိုလ်တုများကို လွှင့်တင်မှာပါ။ မြေပြင်အထက် ၃၆၇ မိုင်မှာ ဂြိုလ်တု ၇၈၄ ခု၊ ၃၇၉ မိုင်မှာ ၁၂၉၆ ခုနဲ့ ၃၉၁ မိုင်မှာ ၁၁၅၆ ခုကို ထားရှိမှာပါ။

ကမ္ဘာမြေ လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းက အဲဒီ ဂြိုလ်တုများက ထုတ်လွှင့်တဲ့ အင်တာနက်ကို အသုံးပြုနိုင်မှာ ဖြစ်တဲ့ အတွက် Coverage က အလွန်ကို လန်းပါတယ်။ ဂြိုလ်တုများ လွှင့်တင်မယ့် အချိန်ကို မသိရသေးပါဘူး။ ဂြိုလ်တုတွေကို သူကိုယ်တိုင် ထုတ်မလား၊ အခြား ကုမ္ပဏီကနေ ဝယ်သုံးမလားဆိုတာကိုလည်း မသိရသေးပါဘူး။

ဒီစီမံကိန်းအတွက် Amazon ဟာ အမေရိကန် ဆက်သွယ်ရေး ကော်မရှင်ရဲ့ ခွင့်ပြုချက်ကို အရင် ရယူရဦးမှာပါ။ အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) က အနိမ့်ပိုင်း ကမ္ဘာပတ်လမ်းသို့ ဂြိုလ်တုပေါင်း ၇၅၁၈ ခုကို လွှတ်တင်ဖို့ SpaceX ရဲ့ စီမံကိန်းကို ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလက ခွင့်ပြုလိုက်ပါတယ်။ ကုမ္ပဏီရဲ့ Starlink Broadband Network အတွက် အဓိက ကွန်ရက် ဖြစ်လာမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.