ကွေးညွှတ်ခံနိုင်စွမ်းမှာ စမ်းသပ်သူတွေကို အထင်ကြီးစေခဲ့တဲ့ iPad mini 5

0
4

Zawgyi Version







Unicode Version

Apple iPad တွေဟာ ပါးလွှာတဲ့အတွက်ကြောင့် နာမည်ကြီးပါတယ်။ နောက်ပြီး တအားပါးလို့လည်း မကောင်းပြောခံရပါသေးတယ်။ စမတ်ဖုန်းထက် မျက်နှာပြင်ကျယ်ပြီးတော့ ကွေးညွှတ်လိုက်တဲ့အခါမှာ ကွဲနိုင်စွမ်းကလည်း ပိုကြီးသွားပါတယ်။ ဒီတစ်ခေါက်မျိုးဆက်ရဲ့ iPad ထဲမှာ အပါးဆုံးဖြစ်လာတဲ့ iPad Pro ကတော့ JerryRigEverthing ရဲ့ စမ်းသပ်မှုကို ခံရပါပြီ။ 2019 iPad mini လေးကို စမ်းသပ်ခဲ့ပြီး ဗွီဒီယိုလေး တင်ပေးခဲ့ပါတယ်။
iPad Pro အသစ်လေးရဲ့ မျက်စိကျစရာကတော့ ဒီဇိုင်းအသစ်ပဲဖြစ်ပါတယ်။ မိုက်ခလုတ်ရဲ့မျက်နှာချင်းဆိုင်မှာထည့်သွင်းထားတဲ့ ပလတ်စတစ်လေးကတော့ စတန့်ထွင်တာတွေရဲ့ အဆုံးသတ်တစ်ခုအဖြစ် တွေ့မြင်ရပါတယ်။
fifth-gen iPad mini လေးကတော့ အဟောင်းထဲမှာ အသစ်စက်စက်ကို ခံစားရသလိုပါပဲ။ အသေးစားပြောင်းလဲမှုလေးတွေလောက်သာ လုပ်ဆောင်ထားတယ်ဆိုပေမယ့်လည်း ပုံမှန်အားဖြင့်တော့ အတူတူပဲလို့ ဆိုရမှာပါ။
နောက်ပြီအရင် iPad mini တွေလောက် ကြံ့ခိုင်တာကို မြင်ရပါတယ်။ စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ တော်တော်လေးကို ကွေးညွတ်ခံနိုင်တယ်လို့ ဆိုရမှာပါ။
ကွေးညွတ်သွားတဲ့အချိန်မှာ case နဲ့ အဆင်မပြေတော့ပေမယ့်လည်း အလုပ်လုပ်နေတာကို မြင်ရမှာပါ။


အဆင့်မြှင့်တင်ထားတဲ့ ပရိုဆက်ဆာကတော့ နောက်ဆုံး iPhone တွေနဲ့တောင် ယှဉ်လို့ရနေပြီး Apple Pencil လည်း အသုံးပြုလို့ရတဲ့အတွက်ကြောင့် iPad mini 5 လေးဟာ ဒီဇိုင်းကိုပဲ ပြောစရာဖြစ်ခဲ့ပါတယ်။ ပြင်ဆင်ဖို့ခက်ခဲတယ်ဆိုပေမယ့်လည်း ဘယ်သူမှတော့ အခုလောက်ကြီး ပျက်စီးအောင် မလုပ်ကြဘူးမလား။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.