Smartphone Trending

အေရွ႕နဲ႕အေနာက္ကင္မရာကို ဘံုသံုးထားတဲ့ Galaxy A90

Zawgyi Version

ေနာက္အပတ္ေတြေလာက္ဆိုရင္ Samsung နဲ႕ OPPO တို႕ဟာ မ်က္ႏွာျပင္ျပည့္ဖုန္းေတြထုတ္လုပ္ႏုိင္ဖို႕အတြက္ ျပင္ဆင္ထားၾကျပီးေတာ့ သံုးစြဲသူေတြရဲ႕စိတ္အာရံုကို အျပိဳင္အဆိုင္ဖမ္းစားၾကေတာ့မွာပါ။ OPPO Reno ေလးကေတာ့ ထူးျခားတဲ့ popup camera ကို အသံုးျပဳထားျပီး Galaxy A90 ကေတာ့ လွလွပပေလး ကစားထားပါတယ္။ အေနာက္ကင္မရာကေန လည္သြားျပီးေတာ့ အေရွ႕ကင္မရာအျဖစ္ ေျပာင္းလဲသြားမွာျဖစ္ပါတယ္။ ဗြီဒီယိုအသစ္ေလးမွာေတာ့ ဆယ္လ္ဖီရိုက္ကူးမယ္ဆိုရင္ ဘယ္လိုပံုစံေလးျဖစ္မလဲဆိုတာ ျပသထားပါတယ္။

ရုပ္ျငိမ္ဓါတ္ပံုေတြေပါက္ၾကားထားတယ္ဆိုေပမယ့္လည္း အျငိမ္ဓါတ္ပံုေတြက ကၽြန္ေတာ္တို႕ကို နားလည္ေအာင္ မရွင္းျပႏုိင္ပါဘူး။ popup camera ေတြကို ဘယ္လိုသံုးထားတာလဲ။ တစ္လံုးလား ႏွစ္လံုးလား။

ဗြီဒီယိုေလးကိုေတာ့ YouTuber Waqar Khan က ျပဳလုပ္ခဲ့တာျဖစ္ျပီးေတာ့ Galaxy A90 ရဲ႕ သတင္းေတြကို လက္ေတြ႕ျဖစ္ေအာင္ ျပင္ဆင္ထားခဲ့တာပါ။ ဖုန္းေလးမွာ ကင္မရာႏွစ္လံုးတပ္ဆင္ထားတာကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ရွင္းလင္းျပတ္သားေနတဲ့ လုိင္းေလးပါေနေတာ့ ကၽြန္ေတာ္တို႕ခန္႕မွန္းလို႕လည္း ရသြားတာေပ့ါ။

အေနာက္ဘက္ရဲ႕အေပၚပိုင္းဟာ slider ေလးလိုပဲ ပင့္တင္ျခင္းခံရျပီးေတာ့ ျမင့္တက္လာပါတယ္။ Honor Magic 2.0 မွာ ေတြ႕ျမင္ရသလိုျဖစ္ေပမယ့္လည္း တစ္ခုလံုးတက္လာတာမဟုတ္ဘဲ အပိုင္းတစ္ခုသာ တက္လာတာျဖစ္ပါတယ္။ အေရွ႕ဘက္ပိုင္းကလည္း အေနာက္ကင္မရာလွည့္၀င္စာေလာက္သာ အေပါက္ေလးကို လုပ္ထားပါတယ္။ ျပီးေတာ့ လွည့္္လိုက္တာနဲ႕ အေနာက္ကင္မရာဟာ ဆယ္လ္ဖီအတြက္ အဆင္သင့္ျဖစ္လို႕ေနပါျပီ။

ဗြီဒီယိုေလးမွာေတာ့ ျမင့္တက္လာတုိင္းမွာ အလိုအေလ်ာက္ေျပာင္းလဲသြားတယ္ဆိုတဲ့အေၾကာင္း ျပထားပါတယ္။ @Ice universe ကေတာ့ ဒါဟာ လံုး၀ျဖစ္လာႏုိင္တဲ့သီအိုရီတစ္ခုလို႕ေတာ့ ေျပာထားပါတယ္။ ဒါေပမယ့္လည္း လက္ေတြ႕မွာ ပါလာမလားဆိုတာကေတာ့ ေမးခြန္းထုတ္ေနဆဲပါပဲ။

Unicode Version

နောက်အပတ်တွေလောက်ဆိုရင် Samsung နဲ့ OPPO တို့ဟာ မျက်နှာပြင်ပြည့်ဖုန်းတွေထုတ်လုပ်နိုင်ဖို့အတွက် ပြင်ဆင်ထားကြပြီးတော့ သုံးစွဲသူတွေရဲ့စိတ်အာရုံကို အပြိုင်အဆိုင်ဖမ်းစားကြတော့မှာပါ။ OPPO Reno လေးကတော့ ထူးခြားတဲ့ popup camera ကို အသုံးပြုထားပြီး Galaxy A90 ကတော့ လှလှပပလေး ကစားထားပါတယ်။ အနောက်ကင်မရာကနေ လည်သွားပြီးတော့ အရှေ့ကင်မရာအဖြစ် ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဗွီဒီယိုအသစ်လေးမှာတော့ ဆယ်လ်ဖီရိုက်ကူးမယ်ဆိုရင် ဘယ်လိုပုံစံလေးဖြစ်မလဲဆိုတာ ပြသထားပါတယ်။
ရုပ်ငြိမ်ဓါတ်ပုံတွေပေါက်ကြားထားတယ်ဆိုပေမယ့်လည်း အငြိမ်ဓါတ်ပုံတွေက ကျွန်တော်တို့ကို နားလည်အောင် မရှင်းပြနိုင်ပါဘူး။ popup camera တွေကို ဘယ်လိုသုံးထားတာလဲ။ တစ်လုံးလား နှစ်လုံးလား။
ဗွီဒီယိုလေးကိုတော့ YouTuber Waqar Khan က ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ Galaxy A90 ရဲ့ သတင်းတွေကို လက်တွေ့ဖြစ်အောင် ပြင်ဆင်ထားခဲ့တာပါ။ ဖုန်းလေးမှာ ကင်မရာနှစ်လုံးတပ်ဆင်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ရှင်းလင်းပြတ်သားနေတဲ့ လိုင်းလေးပါနေတော့ ကျွန်တော်တို့ခန့်မှန်းလို့လည်း ရသွားတာပေ့ါ။


အနောက်ဘက်ရဲ့အပေါ်ပိုင်းဟာ slider လေးလိုပဲ ပင့်တင်ခြင်းခံရပြီးတော့ မြင့်တက်လာပါတယ်။ Honor Magic 2.0 မှာ တွေ့မြင်ရသလိုဖြစ်ပေမယ့်လည်း တစ်ခုလုံးတက်လာတာမဟုတ်ဘဲ အပိုင်းတစ်ခုသာ တက်လာတာဖြစ်ပါတယ်။ အရှေ့ဘက်ပိုင်းကလည်း အနောက်ကင်မရာလှည့်ဝင်စာလောက်သာ အပေါက်လေးကို လုပ်ထားပါတယ်။ ပြီးတော့ လှည့်လိုက်တာနဲ့ အနောက်ကင်မရာဟာ ဆယ်လ်ဖီအတွက် အဆင်သင့်ဖြစ်လို့နေပါပြီ။
ဗွီဒီယိုလေးမှာတော့ မြင့်တက်လာတိုင်းမှာ အလိုအလျောက်ပြောင်းလဲသွားတယ်ဆိုတဲ့အကြောင်း ပြထားပါတယ်။ @Ice universe ကတော့ ဒါဟာ လုံးဝဖြစ်လာနိုင်တဲ့သီအိုရီတစ်ခုလို့တော့ ပြောထားပါတယ်။ ဒါပေမယ့်လည်း လက်တွေ့မှာ ပါလာမလားဆိုတာကတော့ မေးခွန်းထုတ်နေဆဲပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.