Smartphone Trending






unicode

ဖုန်း ၇ လုံးအတွက် Software Update ထုတ်ပေးမှုကို ရပ်နားလိုက်တဲ့ Xiaomi

Xiaomi က ဖုန်း ဘရန်းများစွာ မထုတ်လုပ်ဘဲ နိုင်နိုင်နင်းနင်းနဲ့ သူ့ရဲ့ ဖုန်းများအတွက် Software Update များကို ထုတ်လုပ်ပေးလေ့ ရှိပါတယ်။ ၅ နှစ်လောက် အထိတောင် သူ့ရဲ့ ဖုန်း အဟောင်းများအတွက် ထုတ်လုပ်ပေးလေ့ရှိပါတယ်။ အခုတော့ အဲဒီ Trend ကို ပြောင်းလဲတော့မယ့်ပုံပေါ်ပါတယ်။ ရှောင်မီက သူ့ရဲ့ ဖိုရမ်များမှာ Software Update ထုတ်ပေးမှုကို ရပ်နားတော့မယ့် ဖုန်း ၇ လုံးကို ကြေညာလိုက်ပါတယ်။

အဲဒီ ဖုန်း ၇ လုံးက အောက်ပါအတိုင်း ဖြစ်ပါတယ်။

• Xiaomi Redmi Note 4
• Xiaomi Redmi 3S
• Xiaomi Redmi 3X
• Xiaomi Redmi 4
• Xiaomi Redmi 4A
• Xiaomi Redmi Note 3
• Xiaomi Redmi Pro

Redmi Note 4 ကို Software Update ထုတ်လုပ်ပေးမှု ရပ်နားမယ့် သတင်းကို အိန္ဒိယ ဖိုရမ်မှာ တင်ထားတာ ဖြစ်ပေမယ့် ကမ္ဘာအဝန်းမှ မော်ဒယ်များမှာပါ ရပ်နားမယ်လို့ ထင်ရပါတယ်။ အထက်ပါ ဖုန်းများမှာ MIUI 10 ထည့်သွင်းထားတာ ဖြစ်ပြီး User Interface မှာ ကြော်ညာများ ထည့်သွင်းထားပါတယ်။ ရှောင်မီက MIUI 11 မှာတော့ ကြော်ညာများ ထည့်သွင်းပေးတော့မှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။

အထက်ပါ ဖုန်းများကတော့ MIUI 11 ကို ရရှိမှာ မဟုတ်တော့ပါဘူး။ အခြား Device များကတော့ MIUI 11 ကို ရရှိမှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.