စိတ္စြမ္းအင္နဲ႔ ကြန္ျပဴတာမ်ားကို ေၾကာင္သြားေအာင္လုပ္ႏုိင္တယ္ဆိုတဲ့ ရုရွား စစ္သားမ်ား

0
180

ရုရွား ကာကြယ္ေရး ၀န္ႀကီးဌာနရဲ႕ မဂၢဇင္းမွာ အနာဂတ္ စစ္ပြဲမ်ားအတြက္ အထူး စစ္သားမ်ား အမည္ရ ေဆာင္းပါးကို ေရးသားေဖာ္ျပထားပါတယ္။ ေဆာင္းပါးမွာ ရုရွားက ၁၉၈၀ ခုႏွစ္ ဆိုဗီယက္ယူနီယံ အျဖစ္ တည္ရွိစဥ္ကတည္းက သူ႔ရဲ႕ အထူး စစ္သားမ်ားအား စိတ္စြမ္းအင္မ်ားကို သင္ၾကားေပးခဲ့တယ္လို႔ ေရးသားထားပါတယ္။   လင္းပိုင္မ်ားရဲ႕ စိတ္နဲ႔ ဆက္သြယ္မႈမ်ားကို ေလ့လာျခင္းျဖင့္ ဒီလို နည္းပညာမ်ား ရလာတာလို႔ ေျပာပါတယ္။

သူ႔ရဲ႕ အထူး စစ္သားမ်ားဟာ  စိတ္စြမ္းအင္ကို အသံုးျပဳၿပီး  ကြန္ျပဴတာမ်ားကို ဖ်က္ဆီးျခင္း ၊ ဒဏ္ရာရသူမ်ားကို ကုသျခင္း၊ ေသာ့ခတ္ထားတဲ့ ေသတၱာထဲက ႏုိင္ငံျခား ဘာသာစကားနဲ႔ ေရးသားထားတဲ့ စာရြက္စာတမ္းမ်ားကို ဖတ္ျခင္းမ်ား ျပဳလုပ္ႏုိင္တယ္လို႔ ေရးသားထားပါတယ္။

ဒါ့အျပင္ စိတ္စြမ္းအင္ကို အသံုးျပဳၿပီး စစ္သားမ်ားဟာ ျခံဳခိုတိုက္ခိုက္မႈမ်ားကို ႀကိဳတင္သိႏိုင္ပါတယ္။ အေ၀းက လူမ်ားရဲ႕ ေျပာစကားမ်ားကို ခိုးနားေထာင္ႏိုင္ပါတယ္။ ေရဒီယိုလိႈင္းမ်ားကို ေႏွာင့္ယွက္တားဆီးျခင္းမ်ားကို ျပဳလုပ္ႏုိင္တယ္လို႔ ေဖာ္ျပထားပါတယ္။ လင္းပိုင္မ်ားနဲေတာင္ ဆက္သြယ္စကားေျပာႏိုင္တဲ့ စြမ္းရည္မ်ားကို သူ႔ရဲ႕ စစ္သားမ်ားကပိုင္ဆိုင္ထားၿပီလို႔ ေျပာပါတယ္။

ဒါတင္ မကေသးပါဘူး။ ရုရွားက သူ႔ရဲ႕ စစ္သားမ်ားကို ရန္သူမ်ားက ညွင္းပန္းႏွိပ္စက္ၿပီး ေမးျမန္းေနခ်ိန္မွာလည္း စိတ္စြမ္းအင္နဲ႔ ၾကံ႕ၾကံ႕ခံႏိုင္တယ္လို႔ ေျပာပါတယ္။ ၁၉၉၀ ခုႏွစ္ကေန ၂၀၀၀ ခုႏွစ္ ေႏွာင္းပိုင္းအထိ ျဖစ္ပြားခဲ့တဲ့ ေခ်ခ်င္းညွာ စစ္ပြဲမွာလည္း စိတ္စြမ္းအင္ နည္းပညာမ်ားကို ရုရွားတို႔က အသံုးျပဳခဲ့တယ္လို႔ ဆိုပါတယ္။ ပညာရွင္ အခ်ိဳ႕က ရုရွားဟာ ၾကြားလံုးထုတ္တာ ေတာ္ေတာ္ လြန္ေနတယ္လို႔ သံုးသပ္ထားပါတယ္။

unicode

စိတ်စွမ်းအင်နဲ့ ကွန်ပြူတာများကို ကြောင်သွားအောင်လုပ်နိုင်တယ်ဆိုတဲ့ ရုရှား စစ်သားများ

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ မဂ္ဂဇင်းမှာ အနာဂတ် စစ်ပွဲများအတွက် အထူး စစ်သားများ အမည်ရ ဆောင်းပါးကို ရေးသားဖော်ပြထားပါတယ်။ ဆောင်းပါးမှာ ရုရှားက ၁၉၈၀ ခုနှစ် ဆိုဗီယက်ယူနီယံ အဖြစ် တည်ရှိစဉ်ကတည်းက သူ့ရဲ့ အထူး စစ်သားများအား စိတ်စွမ်းအင်များကို သင်ကြားပေးခဲ့တယ်လို့ ရေးသားထားပါတယ်။ လင်းပိုင်များရဲ့ စိတ်နဲ့ ဆက်သွယ်မှုများကို လေ့လာခြင်းဖြင့် ဒီလို နည်းပညာများ ရလာတာလို့ ပြောပါတယ်။

သူ့ရဲ့ အထူး စစ်သားများဟာ စိတ်စွမ်းအင်ကို အသုံးပြုပြီး ကွန်ပြူတာများကို ဖျက်ဆီးခြင်း ၊ ဒဏ်ရာရသူများကို ကုသခြင်း၊ သော့ခတ်ထားတဲ့ သေတ္တာထဲက နိုင်ငံခြား ဘာသာစကားနဲ့ ရေးသားထားတဲ့ စာရွက်စာတမ်းများကို ဖတ်ခြင်းများ ပြုလုပ်နိုင်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စိတ်စွမ်းအင်ကို အသုံးပြုပြီး စစ်သားများဟာ ခြုံခိုတိုက်ခိုက်မှုများကို ကြိုတင်သိနိုင်ပါတယ်။ အဝေးက လူများရဲ့ ပြောစကားများကို ခိုးနားထောင်နိုင်ပါတယ်။ ရေဒီယိုလှိုင်းများကို နှောင့်ယှက်တားဆီးခြင်းများကို ပြုလုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ လင်းပိုင်များနဲတောင် ဆက်သွယ်စကားပြောနိုင်တဲ့ စွမ်းရည်များကို သူ့ရဲ့ စစ်သားများကပိုင်ဆိုင်ထားပြီလို့ ပြောပါတယ်။

ဒါတင် မကသေးပါဘူး။ ရုရှားက သူ့ရဲ့ စစ်သားများကို ရန်သူများက ညှင်းပန်းနှိပ်စက်ပြီး မေးမြန်းနေချိန်မှာလည်း စိတ်စွမ်းအင်နဲ့ ကြံ့ကြံ့ခံနိုင်တယ်လို့ ပြောပါတယ်။ ၁၉၉၀ ခုနှစ်ကနေ ၂၀၀၀ ခုနှစ် နှောင်းပိုင်းအထိ ဖြစ်ပွားခဲ့တဲ့ ချေချင်းညှာ စစ်ပွဲမှာလည်း စိတ်စွမ်းအင် နည်းပညာများကို ရုရှားတို့က အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ ပညာရှင် အချို့က ရုရှားဟာ ကြွားလုံးထုတ်တာ တော်တော် လွန်နေတယ်လို့ သုံးသပ်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.