Smartphone Trending

Galaxy S10 Plus ထက္ Huawei P30 Pro ကို ေရြးသည့္သင့္တဲ့အေၾကာင္းရင္းမ်ား

Zawgyi Version

Samsung ထက္ Huawei ရဲ႕ flagship ေလးက ဘာေၾကာင့္ ပိုေကာင္းေနရသလဲ။

Galaxy S10 Plus ကေတာ့ ျပီးခဲ့တဲ့လေတြမွာ ဖုန္းကိုင္ေဆာင္သူေတြရဲ႕အာရံုကို အေတာ္ေလးဖမ္းစားႏုိင္ခဲ့ပါတယ္။ ဖမ္းစားရျခင္းရဲ႕ အေၾကာင္းရင္းေတြလည္း ရွိေနပါတယ္။ ဒါေပမယ့္လည္း Huawei P30 Pro ေရာက္ရွိလာခ်ိန္မွာေတာ့ ဒါေတြအားလံုးကို လုယူသြားခဲ့ပါတယ္။ အဲဒီဖုန္းႏွစ္ခုလံုးမွာ တူညီေနတဲ့ feature ေလးေတြေတာ့ ရွိေနပါတယ္။ IP68 certification ၊ ၾကိဳးမဲ့အားသြင္းစနစ္၊ reversible charging ၊ Android Pie ၊ octa-core processor ၊ ကင္မရာစုစုေပါင္းငါးလံုး ၊ OLED screen အေကြးနဲ႕ သတၳဳဖရိန္ စတာေတြ တူညီပါတယ္။

တူညီေနတာေတြရွိေနတယ္ဆိုေပမယ့္လည္း တစ္လံုးနဲ႕တစ္လံုးကေတာ့ ျခားနားပါတယ္။ တစ္နည္းအားျဖင့္ေတာ့ Huawei P30 Pro က ပိုေကာင္းပါတယ္။ P30 Pro ကို အျပည့္အ၀မစမ္းသပ္ရေသးဘူးဆိုေပမယ့္လည္း hands-on လုပ္ၾကည့္ရသေလာက္ကေတာ့ ဒီလိုပဲအေျဖထြက္ပါတယ္။

P30 Pro ဘာေၾကာင့္သာေနရသလဲ ကၽြန္ေတာ္တို႕ ၾကည့္လိုက္ရေအာင္။

1. 5x optical zoom: လိုခ်င္သေလာက္နီးပါး ရလာတယ္

Galaxy S10 Plus ဟာ Pixel 3 XL လိုပဲ ေစ်းကြက္ထဲမွာ အေကာင္းဆံုးကင္မရာဖုန္းတစ္လံုး ျဖစ္လာခဲ့ပါတယ္။ သူဟာ ေက်ာျပင္မွာ ကင္မရာသံုးလံုးနဲ႕ အေရွ႕မွာ ႏွစ္လံုးတပ္ဆင္ထားပါတယ္။ Huawei ကေတာ့ အေနာက္ဘက္မွာ ေလးလံုးတပ္ထားျပီးေတာ့ အေရွ႕မွာတစ္လံုးပဲ ထည့္ေပးထားပါတယ္။

Galaxy S10 Plus ထက္ သာလြန္ေနတဲ့ Huawei P30 Pro ရဲ႕ အားသာခ်က္ကေတာ့ 8-megapixel ကင္မရာေလးကေန 5x optical zoom ရုိက္ကူူးႏုိင္ျခင္းပဲ ျဖစ္ပါတယ္။ Galaxy S10 Plus ဟာ 2x optical ပဲရျပီး Pixel 3 XL ကေတာ့ optical zoom feature ကို မပါတာပါ။

optical zoom ငါးဆျဖစ္တာမို႕ အနီးကပ္ရုိက္ခ်က္ေတြကို ရိုက္ကူးေစႏုိင္သလို digital zoom ထက္လည္း ရွင္းလင္းျပတ္သားမႈရေစပါတယ္။ digital zoomဆိုရင္ သံုးတဲ့အခါမွာ သတိထားေနရပါတယ္။

ဒါေပမယ့္လည္း မွတ္ထားရမွာတစ္ခုကေတာ့ Huawei P30 Pro 2x zoom ဟာ Galaxy S10 Plus ထက္ သာလြန္ေနတယ္လို႕ မေျပာပါဘူး။ 2x zoom က ဒီဂ်စ္တယ္ျဖစ္ျပီး Galaxy S10 မွာ 2x optical zoom ကို telephoto lens နဲ႕ တြဲဖက္ထားပါတယ္။

Huawei P30 Pro ရဲ႕ 10x hybrid zoom အထိ လုပ္ေဆာင္ႏိုင္ျခင္းကေတာ့ optical နဲ႕ digital zoom ကို ေပါင္းစပ္ထားလုိ႕ျဖစ္ပါတယ္။ Hybrid zoom ကေတာ့ optical zoom ေလာက္ေတာင္ အားမရခ်င္ပါဘူး။ ဒါေပမယ့္လည္း digital zoom ကို ပိုအားျဖည့္ေပးသလိုေတာ့ ျဖစ္ပါတယ္။ P30 Pro ကေတာ့ 50x digital zoom အထိ ရေနပါတယ္။

huawei-p30-pro-buy

2. Night mode: အေမွာင္ထဲမွာေတာင္ ျပတ္သားေနမယ့္

Galaxy S10 Plus ဟာ ကင္မရာထဲမွာ night mode မရွိေပမယ့္လည္း artificial intelligence အသံုးျပဳျပီးေတာ့ ဓါတ္ပံုအရည္အေသြးကို ျမွင့္တင္ေပးထားပါတယ္။ ဒီလိုျဖစ္ရပ္ေတြေၾကာင့္ Galaxy S10 ဖုန္းေတြမွာ Scene Optimizer software ေလးထည့္သြင္းေပးတာျဖစ္ပါတယ္။ “Bright Night Mode” icon ေလးေပၚေစခ်င္တယ္ဆုိရင္ေတာ့ (လပံုစံေလး) အလင္းအေျခအေနကို မွန္ကန္ေအာင္ ထားေပးလိုက္ပါ။ ဒီေကာင္ေလးတက္လာဖို႕ေတာင္ အေတာ္ေလးၾကိဳးစားလိုက္ရပါတယ္။ effects ကလည္း မပါသေလာက္ပါပဲ။

P30 Pro ရဲ႕ night mode ကေတာ့ အလင္းအေျခအေနနည္းပါးတဲ့အခ်ိန္မ်ိဳးေတြမွာ အသံုးျပဳႏုိင္ေစမယ့္ standalone feature ေလးတစ္ခုျဖစ္ပါတယ္။ ေရြးခ်ယ္လိုက္မယ္ဆုိရင္ ငါးစကၠန္႕ေလာက္ေတာ့အခ်ိန္ယူျပီးမွ ရိုက္ခ်က္တစ္ခုကို ရမွာပါ။ ရလဒ္ကေတာ့ သိသာထင္ရွားပါတယ္။ Huawei ရဲ႕ night mode feature ေလးေတြကို စမ္းသပ္ေပးထားပါတယ္။

blunderbuss-pro-2

3. Faster, fast charge: 40 watts

အားအျမန္သြင္းစနစ္ကေတာ့ မ်ားေသာအားျဖင့္ လ်စ္လ်ဴရွဳခံရပါတယ္။ အားသြင္းခ်ိန္နည္းနည္းေလးနဲ႕ ဘတ္ထရီပမာဏမ်ားမ်ားကို ေပးစြမ္းႏုိင္တာေတာ့ ထည့္စဥ္းစားရပါလိမ့္မယ္။ အားသြင္းဖို႕နာရီနည္းနည္းပဲရတယ္ဆုိရင္ မိနစ္တုိင္းက အေရးပါေနမွာပါ။

ဘတ္ထရီစမ္းသပ္ခ်က္ေတြကို မလုပ္ရသးတာမို႕ ဘယ္ေလာက္ကြာလဲဆိုတာေတာ့ မေျပာႏုိင္ေသးပါဘူး။ ဒါေပမယ့္ P30 Pro က 40-watt fast charging ၊ Galaxy S10 Plus က 15-watt fast charging ပဲဆိုေတာ့ ကြာေနတာကိုျမင္ရပါတယ္။ ဒါေပမယ့္ ဘူးထဲမွာပါတဲ့အားသြင္းတံုးနဲ႕မွ ဒီေကာင္ေတြခံစားလို႕ရမွာဆိုေတာ့လည္း နည္းနည္းေတာ့ စဥ္းစားစရာပါပဲ။

OnePlus 6T McLaren Edition မွာ 40-watt fast charge ၊ Oppo R17Pro မွာ 50-watt fast charge တို႕အထိ ေပးေနၾကပါတယ္။ ေနာက္ျပီး Xiaomi က 100 watts ထိေပးထားတာဆိုေတာ့ Galaxy Note 9 လိုဖုန္းမ်ိဳးကို ၁၇မိနစ္နဲ႕ အားအျပည့္သြင္းႏုိင္ပါတယ္။

https://platform.twitter.com/widgets.js

4. Dual recording: ကင္မရာႏွစ္လံုးနဲ႕ ဗြီဒီယိုတစ္ခု ရုိက္ကူးႏုိင္ျခင္း

Galaxy S10 Plus နဲ႕ Huawei P30 Pro တို႕မွာ အေနာက္ဘက္ကင္မရာေတြ မ်ားတယ္ဆိုေပမယ့္လည္း 10 Plus ကေတာ့ တစ္ခ်ိန္တည္းမွာ ႏွစ္ခုမသံုးေပးႏုိင္ပါဘူး။ Huawei P30 Pro ကေတာ့ ရပါတယ္။

Samsung ကေတာ့ lens သံုးခုကို တစ္ခုခ်င္းအသံုးျပဳခြင့္ေပးထားပါတယ္။ Huawei မွာလည္း လုပ္လို႕ရပါတယ္။ ဒါေပမယ့္ P30 Pro ကတာ့ တစ္ခ်ိန္တည္းမွာ ရွဳေထာင့္ႏွစ္ခုကေန ရိုက္ကူးလို႕ရပါတယ္။ တစ္ခုက ေနာက္တစ္ခုထက္ Zoom ဆြဲလို႕ရတဲ့သေဘာေပ့ါ။

UI နဲ႕ brand အသားေပးမႈ

Android နဲ႕ iPhone ကြဲေနသလိုပဲ Samsung လား၊ Huawei လားဆိုတာလည္း စိတ္ခံစားခ်က္အလိုက္ ကြဲလြဲေနတတ္ပါတယ္။ Huawei ကေတာ့ iPhone လိုမ်ိဳးခံဏားခ်က္ကို ေပးစြမ္းႏိုင္ပါတယ္။ Samsung ကေတာ့ Android စံႏႈန္းအတုိင္း အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။

P30 Pro ကို review မလုပ္ရေသးေပမယ့္လည္း သတိျပဳရမွာက ယူအက္စ္မွာမ၀င္ပါဘူး။ P30 Pro ဟာ Samsung ပိုင္ရွင္ေတြ ေျပာင္းလဲစဥ္းစားလို႕ရတဲ့အခ်က္အလက္ေတြရွိေနတယ္ဆိုတာေတာ့ လက္ခံရမွာပါ။

ဒါကေတာ့ အေပၚယံေျပာထားတာျဖစ္လို႕ review ၾကည့္ျပီးမွ ဆံုုးျဖတ္တာပိုေကာင္းတယ္လို႕ ေျပာခ်င္ပါတယ္။

Unicode Version

Samsung ထက် Huawei ရဲ့ flagship လေးက ဘာကြောင့် ပိုကောင်းနေရသလဲ။

Galaxy S10 Plus ကတော့ ပြီးခဲ့တဲ့လတွေမှာ ဖုန်းကိုင်ဆောင်သူတွေရဲ့အာရုံကို အတော်လေးဖမ်းစားနိုင်ခဲ့ပါတယ်။ ဖမ်းစားရခြင်းရဲ့ အကြောင်းရင်းတွေလည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း Huawei P30 Pro ရောက်ရှိလာချိန်မှာတော့ ဒါတွေအားလုံးကို လုယူသွားခဲ့ပါတယ်။ အဲဒီဖုန်းနှစ်ခုလုံးမှာ တူညီနေတဲ့ feature လေးတွေတော့ ရှိနေပါတယ်။ IP68 certification ၊ ကြိုးမဲ့အားသွင်းစနစ်၊ reversible charging ၊ Android Pie ၊ octa-core processor ၊ ကင်မရာစုစုပေါင်းငါးလုံး ၊ OLED screen အကွေးနဲ့ သတ္ထုဖရိန် စတာတွေ တူညီပါတယ်။

တူညီနေတာတွေရှိနေတယ်ဆိုပေမယ့်လည်း တစ်လုံးနဲ့တစ်လုံးကတော့ ခြားနားပါတယ်။ တစ်နည်းအားဖြင့်တော့ Huawei P30 Pro က ပိုကောင်းပါတယ်။ P30 Pro ကို အပြည့်အဝမစမ်းသပ်ရသေးဘူးဆိုပေမယ့်လည်း hands-on လုပ်ကြည့်ရသလောက်ကတော့ ဒီလိုပဲအဖြေထွက်ပါတယ်။

P30 Pro ဘာကြောင့်သာနေရသလဲ ကျွန်တော်တို့ ကြည့်လိုက်ရအောင်။

1. 5x optical zoom: လိုချင်သလောက်နီးပါး ရလာတယ်

Galaxy S10 Plus ဟာ Pixel 3 XL လိုပဲ ဈေးကွက်ထဲမှာ အကောင်းဆုံးကင်မရာဖုန်းတစ်လုံး ဖြစ်လာခဲ့ပါတယ်။ သူဟာ ကျောပြင်မှာ ကင်မရာသုံးလုံးနဲ့ အရှေ့မှာ နှစ်လုံးတပ်ဆင်ထားပါတယ်။ Huawei ကတော့ အနောက်ဘက်မှာ လေးလုံးတပ်ထားပြီးတော့ အရှေ့မှာတစ်လုံးပဲ ထည့်ပေးထားပါတယ်။

Galaxy S10 Plus ထက် သာလွန်နေတဲ့ Huawei P30 Pro ရဲ့ အားသာချက်ကတော့ 8-megapixel ကင်မရာလေးကနေ 5x optical zoom ရိုက်ကူူးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ Galaxy S10 Plus ဟာ 2x optical ပဲရပြီး Pixel 3 XL ကတော့ optical zoom feature ကို မပါတာပါ။

optical zoom ငါးဆဖြစ်တာမို့ အနီးကပ်ရိုက်ချက်တွေကို ရိုက်ကူးစေနိုင်သလို digital zoom ထက်လည်း ရှင်းလင်းပြတ်သားမှုရစေပါတယ်။ digital zoomဆိုရင် သုံးတဲ့အခါမှာ သတိထားနေရပါတယ်။

ဒါပေမယ့်လည်း မှတ်ထားရမှာတစ်ခုကတော့ Huawei P30 Pro 2x zoom ဟာ Galaxy S10 Plus ထက် သာလွန်နေတယ်လို့ မပြောပါဘူး။ 2x zoom က ဒီဂျစ်တယ်ဖြစ်ပြီး Galaxy S10 မှာ 2x optical zoom ကို telephoto lens နဲ့ တွဲဖက်ထားပါတယ်။

Huawei P30 Pro ရဲ့ 10x hybrid zoom အထိ လုပ်ဆောင်နိုင်ခြင်းကတော့ optical နဲ့ digital zoom ကို ပေါင်းစပ်ထားလို့ဖြစ်ပါတယ်။ Hybrid zoom ကတော့ optical zoom လောက်တောင် အားမရချင်ပါဘူး။ ဒါပေမယ့်လည်း digital zoom ကို ပိုအားဖြည့်ပေးသလိုတော့ ဖြစ်ပါတယ်။ P30 Pro ကတော့ 50x digital zoom အထိ ရနေပါတယ်။

huawei-p30-pro-buy

2. Night mode: အမှောင်ထဲမှာတောင် ပြတ်သားနေမယ့်

Galaxy S10 Plus ဟာ ကင်မရာထဲမှာ night mode မရှိပေမယ့်လည်း artificial intelligence အသုံးပြုပြီးတော့ ဓါတ်ပုံအရည်အသွေးကို မြှင့်တင်ပေးထားပါတယ်။ ဒီလိုဖြစ်ရပ်တွေကြောင့် Galaxy S10 ဖုန်းတွေမှာ Scene Optimizer software လေးထည့်သွင်းပေးတာဖြစ်ပါတယ်။ “Bright Night Mode” icon လေးပေါ်စေချင်တယ်ဆိုရင်တော့ (လပုံစံလေး) အလင်းအခြေအနေကို မှန်ကန်အောင် ထားပေးလိုက်ပါ။ ဒီကောင်လေးတက်လာဖို့တောင် အတော်လေးကြိုးစားလိုက်ရပါတယ်။ effects ကလည်း မပါသလောက်ပါပဲ။

P30 Pro ရဲ့ night mode ကတော့ အလင်းအခြေအနေနည်းပါးတဲ့အချိန်မျိုးတွေမှာ အသုံးပြုနိုင်စေမယ့် standalone feature လေးတစ်ခုဖြစ်ပါတယ်။ ရွေးချယ်လိုက်မယ်ဆိုရင် ငါးစက္ကန့်လောက်တော့အချိန်ယူပြီးမှ ရိုက်ချက်တစ်ခုကို ရမှာပါ။ ရလဒ်ကတော့ သိသာထင်ရှားပါတယ်။ Huawei ရဲ့ night mode feature လေးတွေကို စမ်းသပ်ပေးထားပါတယ်။

blunderbuss-pro-2

3. Faster, fast charge: 40 watts

အားအမြန်သွင်းစနစ်ကတော့ များသောအားဖြင့် လျစ်လျူရှုခံရပါတယ်။ အားသွင်းချိန်နည်းနည်းလေးနဲ့ ဘတ်ထရီပမာဏများများကို ပေးစွမ်းနိုင်တာတော့ ထည့်စဉ်းစားရပါလိမ့်မယ်။ အားသွင်းဖို့နာရီနည်းနည်းပဲရတယ်ဆိုရင် မိနစ်တိုင်းက အရေးပါနေမှာပါ။

ဘတ်ထရီစမ်းသပ်ချက်တွေကို မလုပ်ရသးတာမို့ ဘယ်လောက်ကွာလဲဆိုတာတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် P30 Pro က 40-watt fast charging ၊ Galaxy S10 Plus က 15-watt fast charging ပဲဆိုတော့ ကွာနေတာကိုမြင်ရပါတယ်။ ဒါပေမယ့် ဘူးထဲမှာပါတဲ့အားသွင်းတုံးနဲ့မှ ဒီကောင်တွေခံစားလို့ရမှာဆိုတော့လည်း နည်းနည်းတော့ စဉ်းစားစရာပါပဲ။

OnePlus 6T McLaren Edition မှာ 40-watt fast charge ၊ Oppo R17Pro မှာ 50-watt fast charge တို့အထိ ပေးနေကြပါတယ်။ နောက်ပြီး Xiaomi က 100 watts ထိပေးထားတာဆိုတော့ Galaxy Note 9 လိုဖုန်းမျိုးကို ၁၇မိနစ်နဲ့ အားအပြည့်သွင်းနိုင်ပါတယ်။

https://platform.twitter.com/widgets.js

4. Dual recording: ကင်မရာနှစ်လုံးနဲ့ ဗွီဒီယိုတစ်ခု ရိုက်ကူးနိုင်ခြင်း

Galaxy S10 Plus နဲ့ Huawei P30 Pro တို့မှာ အနောက်ဘက်ကင်မရာတွေ များတယ်ဆိုပေမယ့်လည်း 10 Plus ကတော့ တစ်ချိန်တည်းမှာ နှစ်ခုမသုံးပေးနိုင်ပါဘူး။ Huawei P30 Pro ကတော့ ရပါတယ်။

Samsung ကတော့ lens သုံးခုကို တစ်ခုချင်းအသုံးပြုခွင့်ပေးထားပါတယ်။ Huawei မှာလည်း လုပ်လို့ရပါတယ်။ ဒါပေမယ့် P30 Pro ကတာ့ တစ်ချိန်တည်းမှာ ရှုထောင့်နှစ်ခုကနေ ရိုက်ကူးလို့ရပါတယ်။ တစ်ခုက နောက်တစ်ခုထက် Zoom ဆွဲလို့ရတဲ့သဘောပေ့ါ။

UI နဲ့ brand အသားပေးမှု

Android နဲ့ iPhone ကွဲနေသလိုပဲ Samsung လား၊ Huawei လားဆိုတာလည်း စိတ်ခံစားချက်အလိုက် ကွဲလွဲနေတတ်ပါတယ်။ Huawei ကတော့ iPhone လိုမျိုးခံဏားချက်ကို ပေးစွမ်းနိုင်ပါတယ်။ Samsung ကတော့ Android စံနှုန်းအတိုင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

P30 Pro ကို review မလုပ်ရသေးပေမယ့်လည်း သတိပြုရမှာက ယူအက်စ်မှာမဝင်ပါဘူး။ P30 Pro ဟာ Samsung ပိုင်ရှင်တွေ ပြောင်းလဲစဉ်းစားလို့ရတဲ့အချက်အလက်တွေရှိနေတယ်ဆိုတာတော့ လက်ခံရမှာပါ။

ဒါကတော့ အပေါ်ယံပြောထားတာဖြစ်လို့ review ကြည့်ပြီးမှ ဆုံးဖြတ်တာပိုကောင်းတယ်လို့ ပြောချင်ပါတယ်။

Juan

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.