Apple ကို ဂ်င္း အႀကီးႀကီး ထည့္ခဲ့တဲ့ တရုတ္ လူငယ္ ႏွစ္ေယာက္

0
125

အေမရိကန္ ျပည္ေထာင္စု ေအာရီဂြန္မွာ အင္ဂ်င္နီယာ တကၠသိုလ္တက္ခဲ့တဲ့ တရုတ္ ေက်ာင္းသား ႏွစ္ဦးဟာ Apple ကို ဂ်င္း အႀကီးႀကီး ထည့္ခဲ့တဲ့ ျဖစ္ရပ္ ျဖစ္ပြားခဲ့ပါတယ္။ သူတို႔ဟာ Apple ရဲ႕ Refund Policy ကို အလြဲသံုးစားလုပ္ၿပီး Apple ကို လိမ္လည္ခဲ့တာပါ။ သူတို႔ဟာ တရုတ္ကေန အိုင္ဖုန္း အတုမ်ားကို အေမရိကန္ကို ခိုးသြင္းခဲ့ၾကပါတယ္။ အဲဒီ အလုပ္မလုပ္တဲ့ အိုင္ဖုန္း အတုမ်ားကို Apple အား ျပၿပီး အိုင္ဖုန္း အစစ္မ်ားကို ရယူခဲ့ၾကတာပါ။

သူတို႔ဟာ အိုင္ဖုန္း အတုေပါင္း ၃၀၆၉ လံုးကို Apple အား အပ္ခဲ့ၾကၿပီး Apple က အိုင္ဖုန္းေပါင္း ၁၄၉၃ ခုကို လဲလွယ္ေပးခဲ့ပါတယ္။ ဖုန္း တစ္လံုးကို ေဒၚလာ ၆၀၀ တန္ေၾကးရွိတဲ့ အတြက္ ကုမၸဏီဟာ ေဒၚလာ ၉၀၀ ၀၀၀ နီးပါး ဆံုးရႈံးခဲ့တာပါ။ အခုေတာ့ သူတို႔ဟာ အမႈရင္ဆိုင္ေနရပါၿပီ။

သူတို႔ရဲ႕ အမည္မ်ားက Yangyang Zhou နဲ႔ Quan Jiang  ျဖစ္ပါတယ္။ Yangyang Zhou ဟာ အေမရိကန္ထဲသို႔ အိုင္ဖုန္း အတုမ်ားကိုယူေဆာင္လာၿပီး တရုတ္သို႔ အိုင္ဖုန္း အစစ္မ်ားကို ျပန္လည္ ပို႔ေဆာင္တာကို ျပဳလုပ္ခဲ့တာပါ။ Quan Jiang က အိုင္ဖုန္း အတုမ်ားကို အြန္လိုင္း သို႔မဟုတ္ ေျမျပင္ စတိုးမ်ားမွာ အိုင္ဖုန္း အစစ္မ်ားနဲ႔ လဲလွယ္ျခင္းကို ျပဳလုပ္ခဲ့သူ ျဖစ္ပါတယ္။ သူတို႔ကေတာ့ အိုင္ဖုန္း အတုမ်ား ဆိုတာ မသိဘူးလို႔ တရားရံုးမွာ ထြက္ဆိုထားပါတယ္။

Homeladn Security မွ တာ၀န္ရွိသူ တစ္ဦးက အိုင္ဖုန္း အတုမ်ားဟာ ပါ၀ါ မပြင့္တဲ့ အတြက္ Apple ၀န္ထမ္းက အတုဆိုတာကို မသိခဲ့တာလို႔ ေျပာပါတယ္။ Apple ကလည္း ဖုန္း ၀ယ္ယူထားတဲ့ သက္ေသ အေထာက္အထားမ်ားကိုလည္း ေတာင္းျခင္း မရွိတဲ့ အတြက္လည္း ဒီလို လြယ္ကူစြာ လိမ္လည္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

unicode

Apple ကို ဂျင်း အကြီးကြီး ထည့်ခဲ့တဲ့ တရုတ် လူငယ် နှစ်ယောက်

အမေရိကန် ပြည်ထောင်စု အောရီဂွန်မှာ အင်ဂျင်နီယာ တက္ကသိုလ်တက်ခဲ့တဲ့ တရုတ် ကျောင်းသား နှစ်ဦးဟာ Apple ကို ဂျင်း အကြီးကြီး ထည့်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ သူတို့ဟာ Apple ရဲ့ Refund Policy ကို အလွဲသုံးစားလုပ်ပြီး Apple ကို လိမ်လည်ခဲ့တာပါ။ သူတို့ဟာ တရုတ်ကနေ အိုင်ဖုန်း အတုများကို အမေရိကန်ကို ခိုးသွင်းခဲ့ကြပါတယ်။ အဲဒီ အလုပ်မလုပ်တဲ့ အိုင်ဖုန်း အတုများကို Apple အား ပြပြီး အိုင်ဖုန်း အစစ်များကို ရယူခဲ့ကြတာပါ။

သူတို့ဟာ အိုင်ဖုန်း အတုပေါင်း ၃၀၆၉ လုံးကို Apple အား အပ်ခဲ့ကြပြီး Apple က အိုင်ဖုန်းပေါင်း ၁၄၉၃ ခုကို လဲလှယ်ပေးခဲ့ပါတယ်။ ဖုန်း တစ်လုံးကို ဒေါ်လာ ၆၀၀ တန်ကြေးရှိတဲ့ အတွက် ကုမ္ပဏီဟာ ဒေါ်လာ ၉၀၀ ၀၀၀ နီးပါး ဆုံးရှုံးခဲ့တာပါ။ အခုတော့ သူတို့ဟာ အမှုရင်ဆိုင်နေရပါပြီ။

သူတို့ရဲ့ အမည်များက Yangyang Zhou နဲ့ Quan Jiang ဖြစ်ပါတယ်။ Yangyang Zhou ဟာ အမေရိကန်ထဲသို့ အိုင်ဖုန်း အတုများကိုယူဆောင်လာပြီး တရုတ်သို့ အိုင်ဖုန်း အစစ်များကို ပြန်လည် ပို့ဆောင်တာကို ပြုလုပ်ခဲ့တာပါ။ Quan Jiang က အိုင်ဖုန်း အတုများကို အွန်လိုင်း သို့မဟုတ် မြေပြင် စတိုးများမှာ အိုင်ဖုန်း အစစ်များနဲ့ လဲလှယ်ခြင်းကို ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။ သူတို့ကတော့ အိုင်ဖုန်း အတုများ ဆိုတာ မသိဘူးလို့ တရားရုံးမှာ ထွက်ဆိုထားပါတယ်။

Homeladn Security မှ တာဝန်ရှိသူ တစ်ဦးက အိုင်ဖုန်း အတုများဟာ ပါဝါ မပွင့်တဲ့ အတွက် Apple ဝန်ထမ်းက အတုဆိုတာကို မသိခဲ့တာလို့ ပြောပါတယ်။ Apple ကလည်း ဖုန်း ဝယ်ယူထားတဲ့ သက်သေ အထောက်အထားများကိုလည်း တောင်းခြင်း မရှိတဲ့ အတွက်လည်း ဒီလို လွယ်ကူစွာ လိမ်လည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.