Gadget Trending

Apple Watch Series 5 အတြက္ OLED Screen ေတြကို Japan Display မွ ေထာက္ပံ့မည္

Zawgyi Version

ဒီႏွစ္မွာထြက္ရွိလာမယ့္ Apple Watch အသစ္ေတြရဲ႕ OLED screen ေတြကို Japan Display က ေထာက္ပံ့ေပးမယ္လို႕ Reuters သတင္းဌာနက ေျပာၾကားထားပါတယ္။

Japan Display Inc ဟာ ဒီႏွစ္ထဲမွာထုတ္လုပ္မယ့္ Apple Watch အတြက္ organic light-emitting diode (OLED) screen ေတြကို စတင္ေထာက္ပံ့ေတာ့မွာျဖစ္ပါတယ္။ သတင္းဌာႏွစ္ခုရဲ႕ေျပာၾကားခ်က္အရ ဒါဟာ OLED နယ္ပယ္ထဲကို ေျခဆန္႕ခြင့္ေပးလုိက္တာလို႕ သိရပါတယ္။

ဒီအေၾကာင္းကို ကၽြန္ေတာ္တို႕နဲ႕ရင္းႏွီးတဲ့ source ေတြက ေျပာၾကားထားတာျဖစ္ေပမယ့္လည္း မီဒီယာေတြကို ဘယ္သူပါလို႕ ေျပာလို႕မရတဲ့အတြက္ေၾကာင့္ အမည္မေဖာ္ၾကတာျဖစ္ပါတယ္။

ျပီးခဲ့တုန္းက LCD သံုးထားတဲ့ iPhone XR ကေတာ့ မွန္းထားတဲ့ေရာင္းအားထက္ကို ေလ်ာ့နည္းခဲ့တယ္လို႕ သိရပါတယ္။ ၂၀၂၀ iPhone ေတြမွာလည္း LCD display ကို ျဖဳတ္ခ်ျပီးေတာ့ OLED အားလံုးသံုးသြားဖို႕ရွိေနပါတယ္။ ရလဒ္အေနနဲ႕ကေတာ့ Japan Display ဟာ ရင္းႏွီးမယ့္သူရွာေနတာနဲ႕ ကြက္တိဆိုသလိုျဖစ္သြားပါတယ္။

Reuters ရဲ႕ တင္ျပခ်က္အရ တနလၤာေန႕မွာ Japan Display က ေငြေၾကးအေနနဲ႕ ေဒၚလာ သန္း၉၉၀ ေမွ်ာ္မွန္းထားတယ္လို႕ သိရပါတယ္။

Apple ကေတာ့ Samsung ဆီကေန OLED display supply chain ကိုခြာခ်င္ေနတာျဖစ္ပါတယ္။ Samsung ဟာ iPhone X, iPhone XS, iPhone XS Max တို႕အတြက္ ေထာက္ပံ့ေပးခဲ့ဖူးပါတယ္။ LG Display ကိုလည္း သူ႕ရဲ႕ OLED display ထုတ္လုပ္မႈနဲ႕ တုိက္ခိုက္ခဲ့သူလည္းျဖစ္ပါတယ္။ ထိုင္၀မ္မွာလည္း OLED panel research and development ဌာနတစ္ခုကို တည္ေဆာက္ဖုိ႕ လ်ာထားေနျပီျဖစ္ပါတယ္။

ဒီေန႕သတင္းရထားခ်က္အရဆိုရင္ Japan Display OLED screen ေတြဟာ လာမယ့္ Apple Watch ေတြအတြက္ျဖစ္ျပီးေတာ့ OLED နည္းပညာအသစ္ကိုအသံုးျပဳထားမွာျဖစ္လို႕ ပိုမိုပါးလႊာျပီး LCD screen ေတြထက္ ျပင္လြယ္ေျပာင္းလြယ္ရွိတယ္လို႕ သိရပါတယ္။ Apple Watch Series 4 အတြက္ Apple ဟာ display panel ေလးကို LTPO (Low Temperature Polycrystalline Oxide) OLED Retina Display အျဖစ္ အဆင့္ျမွင့္တင္ထားလို႕ ဘတ္ထရီသက္တမ္းပိုေကာင္းလာေတာ့မွာပါ။

စိတ္ခ်ယံုၾကည္ရတဲ့ Ming-Chi Kuo ဆီက သတင္းကေတာ့ ၂၀၁၉ စက္တင္ဘာလမွာ ထြက္ရွိလာမယ့္ Apple Watch Series 5 ေလးမွာ ceramic casing design ေလးပါ၀င္လာမွာပါ။

ေနာက္ထပ္ ေကာလာဟလေတြကေတာ့ လာမယ့္ Apple Watch ေလးဟာ solid state button ေလးေတြပါ၀င္လာမွာျဖစ္ေပမယ့္လည္း တကယ္ေတာ့ မႏွိပ္ရပါဘူး။ ထိလုိက္တာနဲ႕ ႏွိပ္လိုက္ရတဲ့ခံစားမႈကို ေပးစြမ္းႏုိင္တဲ့ haptic feedback ကို အသံုးျပဳထားမွာပါ။

Unicode Version

ဒီနှစ်မှာထွက်ရှိလာမယ့် Apple Watch အသစ်တွေရဲ့ OLED screen တွေကို Japan Display က ထောက်ပံ့ပေးမယ်လို့ Reuters သတင်းဌာနက ပြောကြားထားပါတယ်။
Japan Display Inc ဟာ ဒီနှစ်ထဲမှာထုတ်လုပ်မယ့် Apple Watch အတွက် organic light-emitting diode (OLED) screen တွေကို စတင်ထောက်ပံ့တော့မှာဖြစ်ပါတယ်။ သတင်းဌာနှစ်ခုရဲ့ပြောကြားချက်အရ ဒါဟာ OLED နယ်ပယ်ထဲကို ခြေဆန့်ခွင့်ပေးလိုက်တာလို့ သိရပါတယ်။
ဒီအကြောင်းကို ကျွန်တော်တို့နဲ့ရင်းနှီးတဲ့ source တွေက ပြောကြားထားတာဖြစ်ပေမယ့်လည်း မီဒီယာတွေကို ဘယ်သူပါလို့ ပြောလို့မရတဲ့အတွက်ကြောင့် အမည်မဖော်ကြတာဖြစ်ပါတယ်။
ပြီးခဲ့တုန်းက LCD သုံးထားတဲ့ iPhone XR ကတော့ မှန်းထားတဲ့ရောင်းအားထက်ကို လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၀ iPhone တွေမှာလည်း LCD display ကို ဖြုတ်ချပြီးတော့ OLED အားလုံးသုံးသွားဖို့ရှိနေပါတယ်။ ရလဒ်အနေနဲ့ကတော့ Japan Display ဟာ ရင်းနှီးမယ့်သူရှာနေတာနဲ့ ကွက်တိဆိုသလိုဖြစ်သွားပါတယ်။
Reuters ရဲ့ တင်ပြချက်အရ တနင်္လာနေ့မှာ Japan Display က ငွေကြေးအနေနဲ့ ဒေါ်လာ သန်း၉၉၀ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
Apple ကတော့ Samsung ဆီကနေ OLED display supply chain ကိုခွာချင်နေတာဖြစ်ပါတယ်။ Samsung ဟာ iPhone X, iPhone XS, iPhone XS Max တို့အတွက် ထောက်ပံ့ပေးခဲ့ဖူးပါတယ်။ LG Display ကိုလည်း သူ့ရဲ့ OLED display ထုတ်လုပ်မှုနဲ့ တိုက်ခိုက်ခဲ့သူလည်းဖြစ်ပါတယ်။ ထိုင်ဝမ်မှာလည်း OLED panel research and development ဌာနတစ်ခုကို တည်ဆောက်ဖို့ လျာထားနေပြီဖြစ်ပါတယ်။
ဒီနေ့သတင်းရထားချက်အရဆိုရင် Japan Display OLED screen တွေဟာ လာမယ့် Apple Watch တွေအတွက်ဖြစ်ပြီးတော့ OLED နည်းပညာအသစ်ကိုအသုံးပြုထားမှာဖြစ်လို့ ပိုမိုပါးလွှာပြီး LCD screen တွေထက် ပြင်လွယ်ပြောင်းလွယ်ရှိတယ်လို့ သိရပါတယ်။ Apple Watch Series 4 အတွက် Apple ဟာ display panel လေးကို LTPO (Low Temperature Polycrystalline Oxide) OLED Retina Display အဖြစ် အဆင့်မြှင့်တင်ထားလို့ ဘတ်ထရီသက်တမ်းပိုကောင်းလာတော့မှာပါ။
စိတ်ချယုံကြည်ရတဲ့ Ming-Chi Kuo ဆီက သတင်းကတော့ ၂၀၁၉ စက်တင်ဘာလမှာ ထွက်ရှိလာမယ့် Apple Watch Series 5 လေးမှာ ceramic casing design လေးပါဝင်လာမှာပါ။
နောက်ထပ် ကောလာဟလတွေကတော့ လာမယ့် Apple Watch လေးဟာ solid state button လေးတွေပါဝင်လာမှာဖြစ်ပေမယ့်လည်း တကယ်တော့ မနှိပ်ရပါဘူး။ ထိလိုက်တာနဲ့ နှိပ်လိုက်ရတဲ့ခံစားမှုကို ပေးစွမ်းနိုင်တဲ့ haptic feedback ကို အသုံးပြုထားမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.