Apple Watch ရဲ႕ ဘတ္ထရီခ်ိဳ႕ယြင္းခ်က္မ်ားေၾကာင့္ တရားစြဲခံေနရတဲ့ Apple

0
10

Zawgyi Version

နယူးဂ်ာစီမွာေနထိုင္တဲ့ Gina Priano-Keyser ဟာ Apple ကို တရားစြဲဆိုဖို႕အတြက္ ယူအက္စ္တရားရံုးမွာ ေလွ်ာက္ထားခဲ့ပါတယ္။ Apple Watch နဲ႕ပတ္သတ္တဲ့ အာမခံခ်ိဳးေဖာက္မႈေတြ၊ အထင္အျမင္လြဲမွားေအာင္ လုပ္ေဆာင္မႈေတြနဲ႕ စြဲခ်က္တင္ထားတာျဖစ္ပါတယ္။ Priano-Keyser ဟာ Series 4 model ေတြအပါအ၀င္ Apple Watch အားလံုးနီးပါးဟာ lithium-ion battery ခ်ိဳ႕ယြင္းခ်က္ေတြျဖစ္ေပၚေနေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ ဘတ္ထရီခ်ိဳ႕ယြင္းခ်က္ေၾကာင့္ screen အပ္ကြဲျခင္း၊ ကိုယ္ထည္မွ ျပဳတ္ထြက္ျခင္းေတြ ျဖစ္ေနတာပါ။ တပ္ဆင္အသံုးျပဳေနသူရဲ႕အမွားမဟုတ္ဘဲ ၀ယ္ယူျပီး ေန႕ခ်င္း ဒါမွမဟုတ္ ရက္သတၱပတ္အနည္းငယ္အတြင္းမွာ အခုလိုမ်ိဳး ျဖစ္ေနတာလို႕ သိရပါတယ္။

မေရာင္းခင္မွာ Apple Watch ေတြခ်ိဳ႕ယြင္းေနတာကို သိထားသင့္ပါတယ္။ ဒါမွမဟုတ္လည္း သိသိရက္နဲ႕ ေရာင္းခ်ေပးခဲ့တာမ်ားလား။ တခ်ိဳ႕အလံုးေတြဆိုရင္ လက္ကိုထိခိုက္တာမ်ိဳးေတာင္ ျဖစ္ေနပါတယ္။

Apple ကေတာ့ အရင္တုန္းကေမာ္ဒယ္လ္ေတြမွာ ဘတ္ထရီအဆင္မေျပမႈေတြရွိႏုိင္တယ္ဆိုတာ လက္ခံထားျပီးသားပါ။ ၀ယ္ယူျပီးေနာက္ပိုင္း သံုးႏွစ္အထိ လဲလွယ္ေပးမႈေတြကို အခမဲ့လုပ္ေဆာင္ေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီတစ္ေခါက္မွာေတာ့ မေတာ္တဆထိခိုက္မႈျဖစ္တယ္လို႕ေျပာထားတဲ့အတြက္ေၾကာင့္ ျပင္ဆင္ေပးဖို႕ကို ျငင္းဆန္တဲ့သေဘာ သက္ေရာက္ေနပါတယ္။

Priano-Keyser ရဲ႕ ေျပာဆိုမႈအရဆိုရင္ Apple Watch Series 3 ကို ေအာက္တုိဘာ၂၀၁၇ တည္းက ၀ယ္ခဲ့တာပါ။ ဂ်ဴလိုင္ ၂၀၁၈ခုႏွစ္မွာ အားသြင္းေနရင္းနဲ႕ ကိုယ္ထည္ကေန screen က ျပဳတ္သြားပါတယ္။ ျပီးေတာ့ ကြဲသြားခဲ့ပါတယ္။ သမီးျဖစ္သူကေတာ့ ေနရာတက်ျပန္ထည့္လုိက္ေပမယ့္လည္း အဲဒီကတည္းက အသံုးျပဳလုိ႕မရေတာ့ပါဘူး။

ၾသဂုတ္လ ၂၀၁၈ တုန္းက Genius Bar ခ်ိန္းဆိုမႈတစ္ခုလုပ္ခဲ့ေပမယ့္လည္း Apple Watch ေလးကို အခမဲ့ျပင္ဆင္ခြင့္ မရခဲ့ပါဘူး။ warranty က်ိဳးေပါက္တယ္္ဆိုုျပီးေတာ့ ၂၂၉ေဒၚလာ ကုန္က်ခဲ့ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေတြအတြင္းမွာ Apple Support Communities ေပးမွာ သံုးစြဲသူေတြမေက်နပ္မႈေတြတင္ထားခဲ့ေၾကာင္းကိုလည္း ကိုးကားေဖာ္ျပထားပါတယ္။

Priano-Keyser ကေတာ့ သူမအတြက္ သက္ေသျပႏုိင္စရာ ထိခိုက္မႈေတြကို ရွာေဖြေနပါတယ္။ နယူးဂ်ာစီမွာေနထိုင္ေနျပီးေတာ့ Apple Watch Series 1, Series 2, နဲ႕ Series 3 ေတြကို ပိုင္ဆုိင္ထားတဲ့သူေတြ အၾကံဳး၀င္မွာျဖစ္ပါတယ္။

ဒီစြဲခ်က္ကိုေတာ့ Shepherd, Finkelman, Miller & Shah, LLP တို႕မွာ တင္ထားတာျဖစ္ျပီးေတာ့ ယူအက္စ္တရားသူၾကီး Lucy Koh စစ္ေဆးေတာ့မွာပါ။

Unicode Version

နယူးဂျာစီမှာနေထိုင်တဲ့ Gina Priano-Keyser ဟာ Apple ကို တရားစွဲဆိုဖို့အတွက် ယူအက်စ်တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။ Apple Watch နဲ့ပတ်သတ်တဲ့ အာမခံချိုးဖောက်မှုတွေ၊ အထင်အမြင်လွဲမှားအောင် လုပ်ဆောင်မှုတွေနဲ့ စွဲချက်တင်ထားတာဖြစ်ပါတယ်။ Priano-Keyser ဟာ Series 4 model တွေအပါအဝင် Apple Watch အားလုံးနီးပါးဟာ lithium-ion battery ချို့ယွင်းချက်တွေဖြစ်ပေါ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဘတ်ထရီချို့ယွင်းချက်ကြောင့် screen အပ်ကွဲခြင်း၊ ကိုယ်ထည်မှ ပြုတ်ထွက်ခြင်းတွေ ဖြစ်နေတာပါ။ တပ်ဆင်အသုံးပြုနေသူရဲ့အမှားမဟုတ်ဘဲ ဝယ်ယူပြီး နေ့ချင်း ဒါမှမဟုတ် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အခုလိုမျိုး ဖြစ်နေတာလို့ သိရပါတယ်။
မရောင်းခင်မှာ Apple Watch တွေချို့ယွင်းနေတာကို သိထားသင့်ပါတယ်။ ဒါမှမဟုတ်လည်း သိသိရက်နဲ့ ရောင်းချပေးခဲ့တာများလား။ တချို့အလုံးတွေဆိုရင် လက်ကိုထိခိုက်တာမျိုးတောင် ဖြစ်နေပါတယ်။
Apple ကတော့ အရင်တုန်းကမော်ဒယ်လ်တွေမှာ ဘတ်ထရီအဆင်မပြေမှုတွေရှိနိုင်တယ်ဆိုတာ လက်ခံထားပြီးသားပါ။ ဝယ်ယူပြီးနောက်ပိုင်း သုံးနှစ်အထိ လဲလှယ်ပေးမှုတွေကို အခမဲ့လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီတစ်ခေါက်မှာတော့ မတော်တဆထိခိုက်မှုဖြစ်တယ်လို့ပြောထားတဲ့အတွက်ကြောင့် ပြင်ဆင်ပေးဖို့ကို ငြင်းဆန်တဲ့သဘော သက်ရောက်နေပါတယ်။
Priano-Keyser ရဲ့ ပြောဆိုမှုအရဆိုရင် Apple Watch Series 3 ကို အောက်တိုဘာ၂၀၁၇ တည်းက ဝယ်ခဲ့တာပါ။ ဂျူလိုင် ၂၀၁၈ခုနှစ်မှာ အားသွင်းနေရင်းနဲ့ ကိုယ်ထည်ကနေ screen က ပြုတ်သွားပါတယ်။ ပြီးတော့ ကွဲသွားခဲ့ပါတယ်။ သမီးဖြစ်သူကတော့ နေရာတကျပြန်ထည့်လိုက်ပေမယ့်လည်း အဲဒီကတည်းက အသုံးပြုလို့မရတော့ပါဘူး။
သြဂုတ်လ ၂၀၁၈ တုန်းက Genius Bar ချိန်းဆိုမှုတစ်ခုလုပ်ခဲ့ပေမယ့်လည်း Apple Watch လေးကို အခမဲ့ပြင်ဆင်ခွင့် မရခဲ့ပါဘူး။ warranty ကျိုးပေါက်တယ်ဆိုပြီးတော့ ၂၂၉ဒေါ်လာ ကုန်ကျခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ Apple Support Communities ပေးမှာ သုံးစွဲသူတွေမကျေနပ်မှုတွေတင်ထားခဲ့ကြောင်းကိုလည်း ကိုးကားဖော်ပြထားပါတယ်။


Priano-Keyser ကတော့ သူမအတွက် သက်သေပြနိုင်စရာ ထိခိုက်မှုတွေကို ရှာဖွေနေပါတယ်။ နယူးဂျာစီမှာနေထိုင်နေပြီးတော့ Apple Watch Series 1, Series 2, နဲ့ Series 3 တွေကို ပိုင်ဆိုင်ထားတဲ့သူတွေ အကြုံးဝင်မှာဖြစ်ပါတယ်။
ဒီစွဲချက်ကိုတော့ Shepherd, Finkelman, Miller & Shah, LLP တို့မှာ တင်ထားတာဖြစ်ပြီးတော့ ယူအက်စ်တရားသူကြီး Lucy Koh စစ်ဆေးတော့မှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.