ဥေရာပမွာ အသက္ေတြကို ကယ္တင္ေပးေနတဲ့ Apple Watch 4 ECG

0
5

Zawgyi Version

Apple Watch series 4 ဆိုတာ ကမာၻေပၚမွာ ပထမဆံုးေသာ ECG monitor ပါ၀င္လာတဲ့ smarwatch တစ္လံုးျဖစ္ပါတယ္။ ဒါေပမယ့္လည္း ယူအက္စ္ကလြဲျပီး အျခားႏုိင္ငံေတြမွာ က်ယ္က်ယ္ျပန္႕ျပန္႕ မသံုးႏုိင္ေသးတာကလည္း အဆင္မေျပပါဘူး။ ျပီးခဲ့တဲ့အပတ္တုန္းကေတာ့ ဥေရာပ၊ ေဟာင္ေကာင္တို႕မွာလည္း အသံုးျပဳေနၾကတဲ့အေၾကာင္း ၾကားလိုက္ရပါတယ္။ ေနာက္ျပီး အသက္ကယ္ပစၥည္းေလးအျဖစ္ ေတြ႕ျမင္ရတယ္ဆုိတာလည္း သိထားျပီးေလာက္ျပီေပ့ါ။

Apple Watch ရဲ႕ အသက္ကယ္စြမ္းရည္ကို အထင္မေသးပါနဲ႕။ ECG ဆိုတာက ၾကီးမားျပီး အထူးျပဳလုပ္ထားတဲ့စက္ေတြမွာပဲ ျမင္ဖူးခဲ့ၾကတာပါ။ လက္ရွိမွာ ၀တ္ဆင္ႏုိင္တဲ့စက္ေလးမွာ ပါ၀င္တယ္ဆိုကတည္းက နည္းပညာဖြံ႕ျဖိဳးမႈက ေၾကာက္ခမန္းလိလိပါပဲ။ Apple က Apple Watch 4 ရဲ႕ sensor ကို stand-in replacement အေနနဲ႕ လုပ္ေဆာင္မထားတဲ့အတြက္ေၾကာင့္ စကၠန္႕သံုးဆယ္အတြင္းမွာ ေကာင္းေကာင္းသိရွိနုိင္ပါတယ္။ ေနာက္က်မွသိတာထက္စာရင္ေတာ့ ေတာ္ေသးတယ္ေျပာရမွာပါ။

Apple Watch 4 ပိုင္ရွင္ျဖစ္သူကိုယ္တုိင္ ေတြ႕ၾကံဳခဲ့တဲ့ျဖစ္ရပ္ေလးကို ေျပာျပခ်င္ပါတယ္။ ဒီ feature ေလးအေၾကာင္းကို FAZ သတင္းစာမွာေရးသားထားတာကို သူဖတ္လိုက္ရပါတယ္။ ဒါဟာ က်န္းမာေရးကိုမ်က္ေျခမျပတ္ၾကည့္ခ်င္တဲ့သူေတြအတြက္ပဲ မဟုတ္ေတာ့ပါဘူး။ Apple Watch ေလးဟာ ႏွလံုးခုန္ပံုမွန္မဟုတ္တာေတြကိုလည္း သိရွိႏုိင္ျပီးေတာ့ အခ်က္ျပေပးႏုိင္ပါတယ္။ ေဘးမွာရွိေနတဲ့သူငယ္ခ်င္းတစ္ေယာက္ကေတာင္ error တက္ေနျပီလို႕ ေျပာယူရတဲ့အထိ သံသယျဖစ္စရာေကာင္းသြားခဲ့ပါတယ္။

ဆရာ၀န္ဆီက 12-channel ECG ေလးကေတာ့ အမွန္တရားကို ထုတ္ေဖာ္ျပခဲ့ပါတယ္။ Apple Watch ေလးက မွန္ကန္ေနတဲ့အျပင္ အသိေနာက္က်မသြားေအာင္လည္း ကူညီေပးခဲ့ပါတယ္။ ဒါေၾကာင့္ Apple Watch ေလးဟာ နည္းပညာျမင့္ ကစားစရာ၊ fitness tracker တစ္ခုအေနနဲ႕ ထြက္ရွိလာတာမဟုတ္ေတာ့ပါဘူး။ လူသားေတြရဲ႕အသက္ကို ကယ္တင္ဖို႕အတြက္ ေမြးဖြားလာတယ္လို႕ေတာင္ တင္စားလို႕ရေနပါျပီ။

မထူးဆန္းတာက Apple ဟာ anecdotes ေတြအေၾကာင္း ေလ့လာဆန္းစစ္မႈေတြ လုပ္ေဆာင္ခဲ့တယ္ဆိုတဲ့အေၾကာင္းပါပဲ။ checkup တစ္လံုးနဲ႕ အစားထိုးႏုိင္မွာမဟုတ္ေပမယ့္လည္း ဆရာ၀န္ဆီ မၾကာခဏမေရာက္တဲ့သူေတြအတြက္ေတာ့ မိမိအေျခအေနကိုယ္မိမိ ဆန္းစစ္ႏုိင္မွာပါ။ Apple Watch ကေတာ့ တကယ္ပဲ လူေတြရဲ႕အသက္ကို ကယ္တင္ေပးေနပါတယ္။

Unicode Version

Apple Watch series 4 ဆိုတာ ကမ္ဘာပေါ်မှာ ပထမဆုံးသော ECG monitor ပါဝင်လာတဲ့ smarwatch တစ်လုံးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူအက်စ်ကလွဲပြီး အခြားနိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မသုံးနိုင်သေးတာကလည်း အဆင်မပြေပါဘူး။ ပြီးခဲ့တဲ့အပတ်တုန်းကတော့ ဥရောပ၊ ဟောင်ကောင်တို့မှာလည်း အသုံးပြုနေကြတဲ့အကြောင်း ကြားလိုက်ရပါတယ်။ နောက်ပြီး အသက်ကယ်ပစ္စည်းလေးအဖြစ် တွေ့မြင်ရတယ်ဆိုတာလည်း သိထားပြီးလောက်ပြီပေ့ါ။

Apple Watch ရဲ့ အသက်ကယ်စွမ်းရည်ကို အထင်မသေးပါနဲ့။ ECG ဆိုတာက ကြီးမားပြီး အထူးပြုလုပ်ထားတဲ့စက်တွေမှာပဲ မြင်ဖူးခဲ့ကြတာပါ။ လက်ရှိမှာ ဝတ်ဆင်နိုင်တဲ့စက်လေးမှာ ပါဝင်တယ်ဆိုကတည်းက နည်းပညာဖွံ့ဖြိုးမှုက ကြောက်ခမန်းလိလိပါပဲ။ Apple က Apple Watch 4 ရဲ့ sensor ကို stand-in replacement အနေနဲ့ လုပ်ဆောင်မထားတဲ့အတွက်ကြောင့် စက္ကန့်သုံးဆယ်အတွင်းမှာ ကောင်းကောင်းသိရှိနိုင်ပါတယ်။ နောက်ကျမှသိတာထက်စာရင်တော့ တော်သေးတယ်ပြောရမှာပါ။

Apple Watch 4 ပိုင်ရှင်ဖြစ်သူကိုယ်တိုင် တွေ့ကြုံခဲ့တဲ့ဖြစ်ရပ်လေးကို ပြောပြချင်ပါတယ်။ ဒီ feature လေးအကြောင်းကို FAZ သတင်းစာမှာရေးသားထားတာကို သူဖတ်လိုက်ရပါတယ်။ ဒါဟာ ကျန်းမာရေးကိုမျက်ခြေမပြတ်ကြည့်ချင်တဲ့သူတွေအတွက်ပဲ မဟုတ်တော့ပါဘူး။ Apple Watch လေးဟာ နှလုံးခုန်ပုံမှန်မဟုတ်တာတွေကိုလည်း သိရှိနိုင်ပြီးတော့ အချက်ပြပေးနိုင်ပါတယ်။ ဘေးမှာရှိနေတဲ့သူငယ်ချင်းတစ်ယောက်ကတောင် error တက်နေပြီလို့ ပြောယူရတဲ့အထိ သံသယဖြစ်စရာကောင်းသွားခဲ့ပါတယ်။

ဆရာဝန်ဆီက 12-channel ECG လေးကတော့ အမှန်တရားကို ထုတ်ဖော်ပြခဲ့ပါတယ်။ Apple Watch လေးက မှန်ကန်နေတဲ့အပြင် အသိနောက်ကျမသွားအောင်လည်း ကူညီပေးခဲ့ပါတယ်။ ဒါကြောင့် Apple Watch လေးဟာ နည်းပညာမြင့် ကစားစရာ၊ fitness tracker တစ်ခုအနေနဲ့ ထွက်ရှိလာတာမဟုတ်တော့ပါဘူး။ လူသားတွေရဲ့အသက်ကို ကယ်တင်ဖို့အတွက် မွေးဖွားလာတယ်လို့တောင် တင်စားလို့ရနေပါပြီ။

မထူးဆန်းတာက Apple ဟာ anecdotes တွေအကြောင်း လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့အကြောင်းပါပဲ။ checkup တစ်လုံးနဲ့ အစားထိုးနိုင်မှာမဟုတ်ပေမယ့်လည်း ဆရာဝန်ဆီ မကြာခဏမရောက်တဲ့သူတွေအတွက်တော့ မိမိအခြေအနေကိုယ်မိမိ ဆန်းစစ်နိုင်မှာပါ။ Apple Watch ကတော့ တကယ်ပဲ လူတွေရဲ့အသက်ကို ကယ်တင်ပေးနေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.