Gadget Smartphone Trending

အထူးဆန္းဆံုးေခါက္ခ်ိဳးဖုန္း patent ျဖစ္လာတဲ့ Lenovo ဖုန္း

Zawgyi Version

ေခါက္ခ်ိဳးဖုန္းေတြအတြက္ စိတ္ကူးေပါင္းစံုကို ကၽြန္ေတာ္တို႕ျမင္ေတြ႕ထားဖူးပါတယ္။ ပံုၾကမ္းထုတ္ထားတာမ်ိဳးေတြ၊ patent မ်ိဳးေတြေပါ့။ ေခါက္ခ်ိဳးဖုန္းအေတာ္မ်ားမ်ားကေတာ့ ဖုန္းတစ္လံုးကေန တက္ဘလက္ကို ေျပာင္းလဲသြားတာမ်ိဳး ျဖစ္ပါတယ္။ Samsung Galaxy Fold နဲ႕  Huawei Mate X တို႕ဟာ တကယ့္လက္ေတြ႕ထုတ္ကုန္ေတြ ျဖစ္ေနပါျပီ။ စိတ္ကူးအေနနဲ႕ေတာင္ အရမ္းမုိက္ေနတဲ့ဖုန္းေတြလည္း ရွိေနပါေသးတယ္။ ေနာက္ျပီး ထူးဆန္းတဲ့ patent ေတြလည္း ရွိပါတယ္။ အဲဒီအထဲမွာ Lenovo ရဲ႕ ေနာက္ဆံုးေပၚ patent ကေတာ့ ေခါက္လုိက္ခ်ိန္မွာ second screen အျဖစ္နဲ႕ ျမင္ေတြ႕ရမွာဆိုေတာ့ ထူးဆန္းတဲ့စိတ္ကူးလို႕ ဆိုရမွာပါ။

clamshell-style ေခါက္ခ်ိဳးဖုန္းေတြကိုလည္း ျမင္ေတြ႕ခဲ့ဖူးပါတယ္။ Motorola နဲ႕ RAZR brand ေတြလည္း လုပ္ခဲ့ဖူးပါတယ္။ Lenovo ကလည္း ဒီလိုမ်ိဳး form factor ကို တစ္ဆင့္တက္လိုက္တာလည္း ဆန္းေတာ့မဆန္းပါဘူး။ Lenovo ရဲ႕ ေခါက္ခ်ိဳးဖုန္းစိတ္ကူးကေတာ့ ေနာက္ထပ္ level တစ္ခုကို ေခၚေဆာင္သြားသလိုပါပဲ။

screen ႏွစ္ခုကိုဆက္ထားတဲ့ hinge ေလးဟာ Surface Book မွာအသံုးျပဳထားတဲ့ Microsoft ရဲ႕ “scorpion tail” hinge နဲ႕  ဆင္တူပါတယ္။ အျခားေသာ ေခါက္ခ်ိဳးဖုန္းေတြလိုပဲ ပတၱာေလးနဲ႕ ခြာထားတာကို ေတြ႕ျမင္ရမွာပါ။ ဘာေတြက ျခားနားေနလဲဆိုေတာ့ ေခါက္လိုက္တာက ဖုန္းရဲ႕အလယ္ေခါင္မဟုတ္ဘဲ ေအာက္ေျခနားကို ကပ္ထားတဲ့အတြက္ေၾကာင့္ အျခားဖုန္းေတြနဲ႕ မတူရျခင္းျဖစ္ပါတယ္။

ဒီေတာ့ main screen ရဲ႕ တစိတ္တပိုင္းက အျမဲတမ္းျမင္သာေနမွာျဖစ္ျပီးေတာ့ notification ေလးေတြ ျမင္ရတာမ်ိဳး ဒါမွမဟုတ္ screen တစ္ခုလံုးရဲ႕ သံုးပံုေလာက္ကို ျမင္ေနရမွာျဖစ္ပါတယ္။ အေနာက္ဘက္မွာရွိတဲ့ ေသးငယ္တဲ့ second screen ကေတာ့ ဖုန္းေခါက္လိုက္ခ်ိန္မွာ အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။

ဒီလိုဒီဇုိင္းကို လက္ေတြ႕မွာအသံုးျပဳဖို႕ဆိုတာ ပေဟဠိဆန္လွပါတယ္။ ကံေကာင္းစြာနဲ႕ပဲ ဒါဟာ patent တစ္ခုမွ်သာျဖစ္လို႕ ေတြ႕ျမင္ႏုိင္ရေခ် အင္မတန္မွနည္းပါတယ္။ ဒါေပမယ့္လည္း Lenovo ကေတာ့ ေခါက္ခ်ိဳးဖုန္းေတြ လုပ္ေဆာင္ဖုိ႕ စိတ္ကူးေနျပီလို႕ေတာ့ သိရတာေပ့ါေလ။

Unicode Version

ခေါက်ချိုးဖုန်းတွေအတွက် စိတ်ကူးပေါင်းစုံကို ကျွန်တော်တို့မြင်တွေ့ထားဖူးပါတယ်။ ပုံကြမ်းထုတ်ထားတာမျိုးတွေ၊ patent မျိုးတွေပေါ့။ ခေါက်ချိုးဖုန်းအတော်များများကတော့ ဖုန်းတစ်လုံးကနေ တက်ဘလက်ကို ပြောင်းလဲသွားတာမျိုး ဖြစ်ပါတယ်။ Samsung Galaxy Fold နဲ့  Huawei Mate X တို့ဟာ တကယ့်လက်တွေ့ထုတ်ကုန်တွေ ဖြစ်နေပါပြီ။ စိတ်ကူးအနေနဲ့တောင် အရမ်းမိုက်နေတဲ့ဖုန်းတွေလည်း ရှိနေပါသေးတယ်။ နောက်ပြီး ထူးဆန်းတဲ့ patent တွေလည်း ရှိပါတယ်။ အဲဒီအထဲမှာ Lenovo ရဲ့ နောက်ဆုံးပေါ် patent ကတော့ ခေါက်လိုက်ချိန်မှာ second screen အဖြစ်နဲ့ မြင်တွေ့ရမှာဆိုတော့ ထူးဆန်းတဲ့စိတ်ကူးလို့ ဆိုရမှာပါ။

clamshell-style ခေါက်ချိုးဖုန်းတွေကိုလည်း မြင်တွေ့ခဲ့ဖူးပါတယ်။ Motorola နဲ့ RAZR brand တွေလည်း လုပ်ခဲ့ဖူးပါတယ်။ Lenovo ကလည်း ဒီလိုမျိုး form factor ကို တစ်ဆင့်တက်လိုက်တာလည်း ဆန်းတော့မဆန်းပါဘူး။ Lenovo ရဲ့ ခေါက်ချိုးဖုန်းစိတ်ကူးကတော့ နောက်ထပ် level တစ်ခုကို ခေါ်ဆောင်သွားသလိုပါပဲ။

screen နှစ်ခုကိုဆက်ထားတဲ့ hinge လေးဟာ Surface Book မှာအသုံးပြုထားတဲ့ Microsoft ရဲ့ “scorpion tail” hinge နဲ့  ဆင်တူပါတယ်။ အခြားသော ခေါက်ချိုးဖုန်းတွေလိုပဲ ပတ္တာလေးနဲ့ ခွာထားတာကို တွေ့မြင်ရမှာပါ။ ဘာတွေက ခြားနားနေလဲဆိုတော့ ခေါက်လိုက်တာက ဖုန်းရဲ့အလယ်ခေါင်မဟုတ်ဘဲ အောက်ခြေနားကို ကပ်ထားတဲ့အတွက်ကြောင့် အခြားဖုန်းတွေနဲ့ မတူရခြင်းဖြစ်ပါတယ်။

ဒီတော့ main screen ရဲ့ တစိတ်တပိုင်းက အမြဲတမ်းမြင်သာနေမှာဖြစ်ပြီးတော့ notification လေးတွေ မြင်ရတာမျိုး ဒါမှမဟုတ် screen တစ်ခုလုံးရဲ့ သုံးပုံလောက်ကို မြင်နေရမှာဖြစ်ပါတယ်။ အနောက်ဘက်မှာရှိတဲ့ သေးငယ်တဲ့ second screen ကတော့ ဖုန်းခေါက်လိုက်ချိန်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီလိုဒီဇိုင်းကို လက်တွေ့မှာအသုံးပြုဖို့ဆိုတာ ပဟေဠိဆန်လှပါတယ်။ ကံကောင်းစွာနဲ့ပဲ ဒါဟာ patent တစ်ခုမျှသာဖြစ်လို့ တွေ့မြင်နိုင်ရချေ အင်မတန်မှနည်းပါတယ်။ ဒါပေမယ့်လည်း Lenovo ကတော့ ခေါက်ချိုးဖုန်းတွေ လုပ်ဆောင်ဖို့ စိတ်ကူးနေပြီလို့တော့ သိရတာပေ့ါလေ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.