App/Game Enterprise Social Trending

Android ဗားရွင္း Skype မွာ call ေတြကို အလိုအေလ်ာက္ေျဖဆိုေန

Zawgyi Version

မၾကာေသးခင္တုန္းက iOS ေပၚမွာျဖစ္ခဲ့တဲ့ Group FaceTime bug ေလးေၾကာင့္ Apple အတြက္ ထိခိုက္နစ္နာမႈေတြ မရွိခဲ့ပါဘူး။ US ဥပေဒသမားေတြရဲ႕ စံုစမ္းျခင္းေတာင္ မခံခဲ့ရပါဘူး။ ထိခုိက္ခံတဲ့သံုးစြဲသူအေရအတြက္ကို စဥ္းစားလိုက္ခ်ိန္မွာ Skype ရဲ႕ Android ဗားရွင္းဟာ FaceTime ထက္ေတာင္ ပိုဆုိးေနပါေသးတယ္။ ဖုန္းေခၚဆိုမႈေတြကို အလိုအေလ်ာက္ေျဖၾကားေနတာျဖစ္ပါတယ္။

ဘယ္လိုပဲေျပာေျပာ Apple ရဲ႕ bug ထက္ေတာ့ ပိုဆိုးေနတာကို ခံစားရမွာပါ။

Skype မွာ သံုးစြဲသူရဲ႕ေျဖၾကားမႈမပါဘဲ အလုိအေလ်ာက္ေျဖၾကားေအာင္ လုပ္ေဆာင္ထားတာမ်ိဳး မရွိေသးပါဘူး။ privacy ကို စိုးရိမ္တယ္ဆိုရင္ေတာ့ contacts ေတြကို ကန္႕သတ္ထားဖို႕လိုပါျပီ။ ဒီေကာင္ေလးက ထူးဆန္းေနတဲ့အတြက္ေၾကာင့္ ေစာင့္ၾကည့္ေနဖို႕ Microsoft က လုပ္ေဆာင္ေနပါျပီ။

Skype ရဲ႕ Android ဗားရွင္းကေတာ့ settings ဘယ္လိုပဲခ်ိန္ထားပါေစ အလိုအေလ်ာက္ေျဖၾကားေနမွာျဖစ္ပါတယ္။ အခ်ိဳ႕သံုးစြဲသူေတြဟာ wearable device ေတြနဲ႕ တြဲသံုးေနၾကတာျဖစ္ျပီး smartwatch မရွိရင္ေတာင္မွ ေျဖၾကားေနတုန္းလို႕ ေျပာပါတယ္။

ဒီ bug ေလးကို သံုးစြဲသူတစ္ေယာက္က ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ Group FaceTime ေရာ၊ Skype ေရာ ျဖစ္ခဲ့တာက ဖုန္းေခၚဆိုမႈေတြနဲ႕ ပတ္သတ္ေနျပီးေတာ့ ဖုန္းကိုမေျဖၾကားဘူးလို႕ ျငင္းဆန္လိုက္တဲ့အခ်ိန္မွာ ျဖစ္ေနတာကလည္း ထူးဆန္းေနပါတယ္။ တစ္နည္းေျပာရမယ္ဆိုရင္ေတာ့ ဖုန္းကိုခ်လိုက္တာပါပဲ။ ဒါေပမယ့္ ဆက္ကိုင္ထားတုန္းျဖစ္ေနပါတယ္။

Microsoft က Skype ရဲ႕ beta version ထုတ္ျပီးေတာ့ တိတ္တဆိတ္ေျဖရွင္းေနပါတယ္။ မၾကာခင္မွာေတာ့ အဆင္ေျပသြားႏုိင္ပါတယ္။ အေစာပိုင္းအဆင္မေျပမႈေတြအေၾကာင္းကို ဇန္န၀ါရီလတည္းက စတင္ျပီးေတာ့ ေျပာဆိုေနခဲ့ၾကတာျဖစ္ပါတယ္။ ဘာေၾကာင့္မ်ား ဒီေလာက္ၾကာေနသလဲဆိုတာ ေျဖရွင္းသင့္ေနပါျပီ။

Unicode Version

မကြာသေးခင်တုန်းက iOS ပေါ်မှာဖြစ်ခဲ့တဲ့ Group FaceTime bug လေးကြောင့် Apple အတွက် ထိခိုက်နစ်နာမှုတွေ မရှိခဲ့ပါဘူး။ US ဥပဒေသမားတွေရဲ့ စုံစမ်းခြင်းတောင် မခံခဲ့ရပါဘူး။ ထိခိုက်ခံတဲ့သုံးစွဲသူအရေအတွက်ကို စဉ်းစားလိုက်ချိန်မှာ Skype ရဲ့ Android ဗားရှင်းဟာ FaceTime ထက်တောင် ပိုဆိုးနေပါသေးတယ်။ ဖုန်းခေါ်ဆိုမှုတွေကို အလိုအလျောက်ဖြေကြားနေတာဖြစ်ပါတယ်။
ဘယ်လိုပဲပြောပြော Apple ရဲ့ bug ထက်တော့ ပိုဆိုးနေတာကို ခံစားရမှာပါ။
Skype မှာ သုံးစွဲသူရဲ့ဖြေကြားမှုမပါဘဲ အလိုအလျောက်ဖြေကြားအောင် လုပ်ဆောင်ထားတာမျိုး မရှိသေးပါဘူး။ privacy ကို စိုးရိမ်တယ်ဆိုရင်တော့ contacts တွေကို ကန့်သတ်ထားဖို့လိုပါပြီ။ ဒီကောင်လေးက ထူးဆန်းနေတဲ့အတွက်ကြောင့် စောင့်ကြည့်နေဖို့ Microsoft က လုပ်ဆောင်နေပါပြီ။
Skype ရဲ့ Android ဗားရှင်းကတော့ settings ဘယ်လိုပဲချိန်ထားပါစေ အလိုအလျောက်ဖြေကြားနေမှာဖြစ်ပါတယ်။ အချို့သုံးစွဲသူတွေဟာ wearable device တွေနဲ့ တွဲသုံးနေကြတာဖြစ်ပြီး smartwatch မရှိရင်တောင်မှ ဖြေကြားနေတုန်းလို့ ပြောပါတယ်။
ဒီ bug လေးကို သုံးစွဲသူတစ်ယောက်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Group FaceTime ရော၊ Skype ရော ဖြစ်ခဲ့တာက ဖုန်းခေါ်ဆိုမှုတွေနဲ့ ပတ်သတ်နေပြီးတော့ ဖုန်းကိုမဖြေကြားဘူးလို့ ငြင်းဆန်လိုက်တဲ့အချိန်မှာ ဖြစ်နေတာကလည်း ထူးဆန်းနေပါတယ်။ တစ်နည်းပြောရမယ်ဆိုရင်တော့ ဖုန်းကိုချလိုက်တာပါပဲ။ ဒါပေမယ့် ဆက်ကိုင်ထားတုန်းဖြစ်နေပါတယ်။
Microsoft က Skype ရဲ့ beta version ထုတ်ပြီးတော့ တိတ်တဆိတ်ဖြေရှင်းနေပါတယ်။ မကြာခင်မှာတော့ အဆင်ပြေသွားနိုင်ပါတယ်။ အစောပိုင်းအဆင်မပြေမှုတွေအကြောင်းကို ဇန်နဝါရီလတည်းက စတင်ပြီးတော့ ပြောဆိုနေခဲ့ကြတာဖြစ်ပါတယ်။ ဘာကြောင့်များ ဒီလောက်ကြာနေသလဲဆိုတာ ဖြေရှင်းသင့်နေပါပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.