48MP ေက်ာဘက္ကင္မရာႏွစ္လံုးပါ OPPO F11 Pro ကို ျပည္တြင္းတြင္ စတင္ေရာင္းခ်

0
411

Zawgyi Version

အလင္းမွိန္မွိန္မွာေတာင္ ပံုရိပ္ေတြကို ထင္ထင္ရွားရွား ရုိက္ကူးေပးႏုိင္မယ့္ 48MP ေက်ာဘက္ကင္မရာႏွစ္လံုးပါ၀င္တဲ့ OPPO F11 Pro စမတ္ဖုန္းေလးကို မတ္လ (၃၀)ရက္ေန႕မွာ ျပည္တြင္းေစ်းကြက္ထဲကို စတင္ေရာင္းခ်ေပးခဲ့ပါတယ္။

အရင္ကထက္ဆန္းသစ္တဲ့နည္းပညာေတြနဲ႕အတူ ပိုမိုေကာင္းမြန္တဲ့ feature ေတြပါ၀င္လာတဲ့ OPPO F11 Pro စမတ္ဖုန္း စတင္ေရာင္းခ်တဲ့အခမ္းအနားကို ရန္ကုန္ျမိဳ႕ Myanmar Plaza ရဲ႕ OPPO Showroom မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ အဲဒီပြဲအခမ္းအနားမွာ ဖိတ္ၾကားထားတဲ့ အႏုပညာရွင္ေတြျဖစ္ၾကတဲ့ သရုပ္ေဆာင္ေမာ္ဒယ္လ္ ပိုင္အုပ္စိုးေအာင္နဲ႕ ဖုန္းသီရိေက်ာ္တို႕က တက္ေရာက္ခဲ့ၾကျပီး ၾကိဳတင္မွာယူထားေသာ သံုးစြဲသူမိတ္ေဆြမ်ားကို ဖုန္းမ်ား လႊဲေျပာင္းေပးအပ္ျခင္း၊ ေငြက်ပ္ (၄၀၀၀၀) ၀န္းက်င္ရွိ OPPO Bluetooth Headphone လက္ေဆာင္ေပးအပ္ျခင္း၊ အမွတ္တရလက္မွတ္ေရးထိုးျခင္းနဲ႕ ဓါတ္ပံုရိုက္ကူးျခင္းမ်ားကို လုပ္ေဆာင္ေပးခဲ့ပါတယ္။ ဒါ့အျပင္ မၾကာမီေရာက္ရွိလာေတာ့မယ့္ ျမန္မာ့ႏွစ္သစ္ကူးကာလကို ၾကိဳဆိုတဲ့အေနနဲ႕ OPPO Myanmar ဟာ OPPP F11 Pro စတင္ေရာင္းခ်တဲ့အခမ္းအနားမွာ သေျပခက္နဲ႕ ေရပက္ခဲ့ၾကသလို တက္ေရာက္သူတိုင္းအား ေရႊရင္ေအးမ်ား တည္ခင္းေကၽြးေမြးခဲ့ပါတယ္။

OPPO F11 Pro မွာ စမတ္ဖုန္းအသံုးျပဳသူေတြအတြက္ က်ယ္ျပန္႕ရွင္းလင္းတဲ့ ဖုန္းမ်က္ႏွာျပင္ထိေတြ႕သံုးစြဲမႈကို ေပးစြမ္းႏုိင္တဲ့ မ်က္ႏွာျပင္ေပါက္မွာ အေပါက္လံုး၀မပါ၀င္တဲ့ Panoramic Screen နဲ႕ ၆.၅လက္မ မ်က္ႏွာျပင္အရြယ္အစားကို ထည့္သြင္းေပးထားပါတယ္။ F11 Pro ရဲ႕ ေက်ာဘက္မွာ 48MP+5MP ကင္မရာေတြကို တပ္ဆင္ေပးထားျပီးေတာ့ Ultra-clear Image နဲ႕ Ultra-clear Night Mode ပါ၀င္တဲ့အတြက္ေၾကာင့္ ညရွဳခင္းရိုက္ကူးတဲ့အခါမွာ အေကာ္ငးဆံုးပံုရိပ္ေတြကို ဖမ္းယူေပးႏုိင္ပါတယ္။ OPPO F11 Pro ရဲ႕ အလယ္တည့္တည့္မွာ Pop Up Selfie ကင္မရာေလးနဲ႕ဆိုေတာ့ စိတ္လႈပ္ရွားစရာေကာင္းသလို ဆြဲေဆာင္မႈလည္း ရွိေစပါတယ္။


OPPO စမတ္ဖုန္းအသစ္မွာ VOOC 1.0 ထက္ မိနစ္၂၀ ပိုမိုျမန္ဆန္တဲ့ VOOC 3.0 ကို အဆင့္ျမွင့္တင္ေပးထားလို႕ အားသြင္းရျမန္ဆန္မွာ က်ိန္းေသပါပဲ။ ဘတ္ထရီအေနနဲ႕ 40000 mAH ထည့္သြင္းေပးထားေတာ့ ၁၅နာရီခြဲၾကာ အသံုးျပဳႏုိင္မွာျဖစ္ျပီး ဗြီဒီယို ၁၂နာရီၾကည့္၊ ၅နာရီခြဲ ဂိမ္းေဆာ့ႏုိင္မွာပါ။ Internal Memory 128GB နဲ႕ RAM 6GB တို႕ေပါင္းစပ္ထားတဲ့အျပင္ Android Version 9.0 ကို ျပင္ဆင္ထားတဲ့ ColorOS 6.0 ကို ေမာင္းႏွင္ေပးထားလို႕ သြက္လက္ခ်က္ခ်ာမႈလည္း အျပည့္ပါပဲ။

OPPO F11 Pro မွာ ခရမ္း၊ အျပာနဲ႕ အနက္ကို ေရာစပ္ထားတဲ့ သံုးေရာင္စပ္ထားတဲ့ေရာင္ေျပး Thunder Black နဲ႕ အစိမ္းနဲ႕အျပာကို ေရာစပ္ထားတဲ့ ႏွစ္ေရာင္စပ္ေရာင္ေျပး Aurora Green ဆိုျပီးေတာ့ အရင္ကနဲ႕မတူတဲ့ ထူးျခားတဲ့အေရာင္ေတြကို အသံုးျပဳေပးထားလို႕ သင့္ကို စမတ္က်ေစမွာပါ။


အလင္းမွိန္မွိန္ ပံုရိပ္ထင္ထင္ႏွင့္ OPPO F11 Pro ကို (၄၉၉,၉၀၀) က်ပ္နဲ႕ မတ္လ ၃၀ ရက္ေန႕မွ စတင္ျပီး ၀ယ္ယူႏုိင္ျပီဆိုတဲ့အေၾကာင္း သတင္းေကာင္းပါေပးခ်င္ပါတယ္။ လက္ေဆာင္အေနနဲ႕ ေဘးတေစာင္းလြယ္အိတ္ တစ္လံုး ကိုလည္း ရရွိဦးမွာျဖစ္ပါတယ္။

Unicode Version

အလင်းမှိန်မှိန်မှာတောင် ပုံရိပ်တွေကို ထင်ထင်ရှားရှား ရိုက်ကူးပေးနိုင်မယ့် 48MP ကျောဘက်ကင်မရာနှစ်လုံးပါဝင်တဲ့ OPPO F11 Pro စမတ်ဖုန်းလေးကို မတ်လ (၃၀)ရက်နေ့မှာ ပြည်တွင်းဈေးကွက်ထဲကို စတင်ရောင်းချပေးခဲ့ပါတယ်။

အရင်ကထက်ဆန်းသစ်တဲ့နည်းပညာတွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ feature တွေပါဝင်လာတဲ့ OPPO F11 Pro စမတ်ဖုန်း စတင်ရောင်းချတဲ့အခမ်းအနားကို ရန်ကုန်မြို့ Myanmar Plaza ရဲ့ OPPO Showroom မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲအခမ်းအနားမှာ ဖိတ်ကြားထားတဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင်မော်ဒယ်လ် ပိုင်အုပ်စိုးအောင်နဲ့ ဖုန်းသီရိကျော်တို့က တက်ရောက်ခဲ့ကြပြီး ကြိုတင်မှာယူထားသော သုံးစွဲသူမိတ်ဆွေများကို ဖုန်းများ လွှဲပြောင်းပေးအပ်ခြင်း၊ ငွေကျပ် (၄၀၀၀၀) ဝန်းကျင်ရှိ OPPO Bluetooth Headphone လက်ဆောင်ပေးအပ်ခြင်း၊ အမှတ်တရလက်မှတ်ရေးထိုးခြင်းနဲ့ ဓါတ်ပုံရိုက်ကူးခြင်းများကို လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် မကြာမီရောက်ရှိလာတော့မယ့် မြန်မာ့နှစ်သစ်ကူးကာလကို ကြိုဆိုတဲ့အနေနဲ့ OPPO Myanmar ဟာ OPPP F11 Pro စတင်ရောင်းချတဲ့အခမ်းအနားမှာ သပြေခက်နဲ့ ရေပက်ခဲ့ကြသလို တက်ရောက်သူတိုင်းအား ရွှေရင်အေးများ တည်ခင်းကျွေးမွေးခဲ့ပါတယ်။

OPPO F11 Pro မှာ စမတ်ဖုန်းအသုံးပြုသူတွေအတွက် ကျယ်ပြန့်ရှင်းလင်းတဲ့ ဖုန်းမျက်နှာပြင်ထိတွေ့သုံးစွဲမှုကို ပေးစွမ်းနိုင်တဲ့ မျက်နှာပြင်ပေါက်မှာ အပေါက်လုံးဝမပါဝင်တဲ့ Panoramic Screen နဲ့ ၆.၅လက်မ မျက်နှာပြင်အရွယ်အစားကို ထည့်သွင်းပေးထားပါတယ်။ F11 Pro ရဲ့ ကျောဘက်မှာ 48MP+5MP ကင်မရာတွေကို တပ်ဆင်ပေးထားပြီးတော့ Ultra-clear Image နဲ့ Ultra-clear Night Mode ပါဝင်တဲ့အတွက်ကြောင့် ညရှုခင်းရိုက်ကူးတဲ့အခါမှာ အကော်ငးဆုံးပုံရိပ်တွေကို ဖမ်းယူပေးနိုင်ပါတယ်။ OPPO F11 Pro ရဲ့ အလယ်တည့်တည့်မှာ Pop Up Selfie ကင်မရာလေးနဲ့ဆိုတော့ စိတ်လှုပ်ရှားစရာကောင်းသလို ဆွဲဆောင်မှုလည်း ရှိစေပါတယ်။

OPPO စမတ်ဖုန်းအသစ်မှာ VOOC 1.0 ထက် မိနစ်၂၀ ပိုမိုမြန်ဆန်တဲ့ VOOC 3.0 ကို အဆင့်မြှင့်တင်ပေးထားလို့ အားသွင်းရမြန်ဆန်မှာ ကျိန်းသေပါပဲ။ ဘတ်ထရီအနေနဲ့ 40000 mAH ထည့်သွင်းပေးထားတော့ ၁၅နာရီခွဲကြာ အသုံးပြုနိုင်မှာဖြစ်ပြီး ဗွီဒီယို ၁၂နာရီကြည့်၊ ၅နာရီခွဲ ဂိမ်းဆော့နိုင်မှာပါ။ Internal Memory 128GB နဲ့ RAM 6GB တို့ပေါင်းစပ်ထားတဲ့အပြင် Android Version 9.0 ကို ပြင်ဆင်ထားတဲ့ ColorOS 6.0 ကို မောင်းနှင်ပေးထားလို့ သွက်လက်ချက်ချာမှုလည်း အပြည့်ပါပဲ။

OPPO F11 Pro မှာ ခရမ်း၊ အပြာနဲ့ အနက်ကို ရောစပ်ထားတဲ့ သုံးရောင်စပ်ထားတဲ့ရောင်ပြေး Thunder Black နဲ့ အစိမ်းနဲ့အပြာကို ရောစပ်ထားတဲ့ နှစ်ရောင်စပ်ရောင်ပြေး Aurora Green ဆိုပြီးတော့ အရင်ကနဲ့မတူတဲ့ ထူးခြားတဲ့အရောင်တွေကို အသုံးပြုပေးထားလို့ သင့်ကို စမတ်ကျစေမှာပါ။


အလင်းမှိန်မှိန် ပုံရိပ်ထင်ထင်နှင့် OPPO F11 Pro ကို (၄၉၉,၉၀၀) ကျပ်နဲ့ မတ်လ ၃၀ ရက်နေ့မှ စတင်ပြီး ဝယ်ယူနိုင်ပြီဆိုတဲ့အကြောင်း သတင်းကောင်းပါပေးချင်ပါတယ်။ လက်ဆောင်အနေနဲ့ ဘေးတစောင်းလွယ်အိတ် တစ်လုံး ကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.