တရုတ္မွာ၀ယ္ရင္ ေစ်းသက္သာမယ့္ iPhone, Macs

0
186

Zawgyi Version

ေနာက္ဆံုးေတာ့လည္း ဒီလိုေန႕ရက္ကို ေရာက္လာခဲ့ပါျပီ။Apple က ကမာၻတစ္၀ွမ္းလံုးမွာ ေစ်းအတူတူထားတဲ့ သူ႕ရဲ႕နည္းဗ်ဴဟာကို ေျပာင္းလဲလိုက္ပါျပီ။ အဲဒီလိုေစ်းႏႈန္းက အရင္တုန္းကပဲ အလုပ္ျဖစ္ပါလိမ့္မယ္။ အခုေတာ့ Apple အတြက္ အက်ိဳးအျမတ္ေတြကို ေလ်ာ့နည္းလာေစခဲ့တဲ့ နည္းဗ်ဴဟာျဖစ္လို႕ေနပါတယ္။ ပထမဆံုးအၾကိမ္အျဖစ္နဲ႕ Apple မွာ တရုတ္ႏုိင္ငံအတြက္ ထုတ္ကုန္အခ်ိဳ႕ေစ်းႏႈန္းေတြကို ျပင္ေပးလိုက္ပါတယ္။ အဲဒီအထဲမွာ iPhones, iPads, Macs နဲ႕ AirPods ေတြလည္း ပါ၀င္ေနပါတယ္။ ဒါဟာ ေစ်းကြက္အေျခအေနေျပာင္းလဲမႈေတြကို တံု႕ျပန္လုိက္တာျဖစ္ျပီးေတာ့ တရုတ္ဖုန္းထုတ္လုပ္သူေတြကိုလည္း တပ္လွန္႕လိုက္သလိုျဖစ္ေနပါတယ္။

CEO Tim Cook က ၂၀၁၈ ေနာက္ဆံုးလေတြမွာ အက်ိဳးအျမတ္ ေဒၚလာ၉ဘီလ်ံေလာက္ကို က်ဆင္းသြားခဲ့တယ္လို႕ေျပာထားပါတယ္။ တရုတ္၊ ေဟာင္ေကာင္၊ ထိုင္၀မ္တို႕လည္း ပါ၀င္ေနပါတယ္။ ဒါေၾကာင့္ JD.com နဲ႕ Tmall တို႕လို တရား၀င္ပါတနာေတြဆီကေန၀ယ္မယ္ဆိုရင္ ေစ်းေလွ်ာ့ေပးခဲ့ပါတယ္။ အခုတစ္ၾကိမ္မွာေတာ့ တရုတ္အြန္လိုင္းစတိုးကေစ်းေတြကိုပါ ေျပာင္းလဲေတာ့မွာျဖစ္ပါတယ္။

iPhone XR ကို ၾကည့္ရေအာင္။ ပံုမွန္ဆိုရင္ 6,499 RMB ျဖစ္ေနရာက အခုဆိုရင္ 6,199 RMB ျဖစ္သြားပါျပီ။ iPhone XS နဲ႕ XS Max တို႕ကလည္း 500 RMB ေလာက္ နည္းသြားပါတယ္။ ဒါကို ေဒၚလာေစ်းနဲ႕တြက္ၾကည့္လိုက္မယ္ဆိုရင္ေတာ့ ၇၅ေဒၚလာေလာက္ သက္သာေနတာျဖစ္ပါတယ္။

Apple ရဲ႕ သမိုင္း၀င္ဆံုးျဖတ္ခ်က္ကို ျဖစ္ေပၚလာေစတဲ့ အျခားအေၾကာင္းအရင္းေတြလည္း ရွိေနပါေသးတယ္။ ေစ်းကြက္ထဲမွာ သူ႕ေနရာဆံုးရွံဳးလုိက္ရတာက အစျပဳပါတယ္။ Xiaomi, Oppo နဲ႕ Vivo တို႕ဟာ သူ႕ေနရာေတြကို ခြဲယူသြားသလိုျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း Apple ကို hardware ေတြကို အဓိကထားလုပ္ေဆာင္ေနတဲ့လုပ္ငန္းတစ္ခုမွ ၀န္ေဆာင္မႈကို အဓိကထားလုပ္ေဆာင္ေနတဲ့လုပ္ငန္းအျဖစ္ကို ကူးေျပာင္းႏုိင္ေအာင္ တြန္းအားျဖစ္ေစခဲ့တယ္ဆိုလည္း မမွားပါဘူး။

Apple ဟာ ေစ်းႏႈန္းေျပာင္းလဲသတ္မွတ္ဖို႕အတြက္ စိတ္ကူးရွိတယ္ဆိုတာျပသလိုက္တာျဖစ္ပါတယ္။ လက္ရွိမွာလည္း အိႏၵိယေစ်းကြက္ဟာ တရုတ္နဲ႕ အလားသ႑ာန္တူေနျပီး Apple ရဲ႕ အၾကီးမားဆံုးေစ်းကြက္တစ္ခုလည္းျဖစ္ေနတာမို႕ သူ႕ကိုေရာ ဘယ္လိုကစားမလဲဆိုတာ ေစာင့္ၾကည့္သင့္ပါတယ္။

Unicode Version

နောက်ဆုံးတော့လည်း ဒီလိုနေ့ရက်ကို ရောက်လာခဲ့ပါပြီ။Apple က ကမ္ဘာတစ်ဝှမ်းလုံးမှာ ဈေးအတူတူထားတဲ့ သူ့ရဲ့နည်းဗျူဟာကို ပြောင်းလဲလိုက်ပါပြီ။ အဲဒီလိုဈေးနှုန်းက အရင်တုန်းကပဲ အလုပ်ဖြစ်ပါလိမ့်မယ်။ အခုတော့ Apple အတွက် အကျိုးအမြတ်တွေကို လျော့နည်းလာစေခဲ့တဲ့ နည်းဗျူဟာဖြစ်လို့နေပါတယ်။ ပထမဆုံးအကြိမ်အဖြစ်နဲ့ Apple မှာ တရုတ်နိုင်ငံအတွက် ထုတ်ကုန်အချို့ဈေးနှုန်းတွေကို ပြင်ပေးလိုက်ပါတယ်။ အဲဒီအထဲမှာ iPhones, iPads, Macs နဲ့ AirPods တွေလည်း ပါဝင်နေပါတယ်။ ဒါဟာ ဈေးကွက်အခြေအနေပြောင်းလဲမှုတွေကို တုံ့ပြန်လိုက်တာဖြစ်ပြီးတော့ တရုတ်ဖုန်းထုတ်လုပ်သူတွေကိုလည်း တပ်လှန့်လိုက်သလိုဖြစ်နေပါတယ်။
CEO Tim Cook က ၂၀၁၈ နောက်ဆုံးလတွေမှာ အကျိုးအမြတ် ဒေါ်လာ၉ဘီလျံလောက်ကို ကျဆင်းသွားခဲ့တယ်လို့ပြောထားပါတယ်။ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့လည်း ပါဝင်နေပါတယ်။ ဒါကြောင့် JD.com နဲ့ Tmall တို့လို တရားဝင်ပါတနာတွေဆီကနေဝယ်မယ်ဆိုရင် ဈေးလျှော့ပေးခဲ့ပါတယ်။ အခုတစ်ကြိမ်မှာတော့ တရုတ်အွန်လိုင်းစတိုးကဈေးတွေကိုပါ ပြောင်းလဲတော့မှာဖြစ်ပါတယ်။
iPhone XR ကို ကြည့်ရအောင်။ ပုံမှန်ဆိုရင် 6,499 RMB ဖြစ်နေရာက အခုဆိုရင် 6,199 RMB ဖြစ်သွားပါပြီ။ iPhone XS နဲ့ XS Max တို့ကလည်း 500 RMB လောက် နည်းသွားပါတယ်။ ဒါကို ဒေါ်လာဈေးနဲ့တွက်ကြည့်လိုက်မယ်ဆိုရင်တော့ ၇၅ဒေါ်လာလောက် သက်သာနေတာဖြစ်ပါတယ်။
Apple ရဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်ကို ဖြစ်ပေါ်လာစေတဲ့ အခြားအကြောင်းအရင်းတွေလည်း ရှိနေပါသေးတယ်။ ဈေးကွက်ထဲမှာ သူ့နေရာဆုံးရှုံးလိုက်ရတာက အစပြုပါတယ်။ Xiaomi, Oppo နဲ့ Vivo တို့ဟာ သူ့နေရာတွေကို ခွဲယူသွားသလိုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Apple ကို hardware တွေကို အဓိကထားလုပ်ဆောင်နေတဲ့လုပ်ငန်းတစ်ခုမှ ဝန်ဆောင်မှုကို အဓိကထားလုပ်ဆောင်နေတဲ့လုပ်ငန်းအဖြစ်ကို ကူးပြောင်းနိုင်အောင် တွန်းအားဖြစ်စေခဲ့တယ်ဆိုလည်း မမှားပါဘူး။
Apple ဟာ ဈေးနှုန်းပြောင်းလဲသတ်မှတ်ဖို့အတွက် စိတ်ကူးရှိတယ်ဆိုတာပြသလိုက်တာဖြစ်ပါတယ်။ လက်ရှိမှာလည်း အိန္ဒိယဈေးကွက်ဟာ တရုတ်နဲ့ အလားသဏ္ဍာန်တူနေပြီး Apple ရဲ့ အကြီးမားဆုံးဈေးကွက်တစ်ခုလည်းဖြစ်နေတာမို့ သူ့ကိုရော ဘယ်လိုကစားမလဲဆိုတာ စောင့်ကြည့်သင့်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.