Enterprise Gadget Knowledge Smartphone Smartphone Trending

ကမာၻၾကီးကို ေျပာင္းလဲပစ္ခဲ့တဲ့ Apple ထုတ္ကုန္မ်ား

Zawgyi Version

Apple ရဲ႕ သမုိင္းေၾကာင္းတစ္ေလွ်ာက္မွာ ကၽြန္ေတာ္တို႕သတိထားမိခဲ့တဲ့ အမွတ္ရစရာ hardware ထုတ္ကုန္ေတြလည္း အမ်ားၾကီးရွိခဲ့ပါတယ္။ အခ်ိဳ႕ပစၥည္းေတြကေတာ့ ေခတ္အသစ္မွာ ခံစားမႈအသစ္ေတြနဲ႕အတူ လုပ္ငန္းကို နာမည္ၾကီးေစခဲ့သလို အခ်ိဳ႕ပစၥည္းေတြကေတာ့ နည္းပညာေလာကကို ေျပာင္းလဲေစႏုိင္ခဲ့ပါတယ္။

Apple Computer 1 (1976)

Apple Computer 1 (1976)

RAM 8K byte နဲ႕အတူ video terminal ပါ၀င္တဲ့ ပထမဆံုးေသာ တန္ဖိုးနည္း မိုက္ခရိုကြန္ပ်ဴတာစနစ္လို႕ ေၾကာ္ျငာခဲ့တဲ့ Apple Computer 1 ေလးဟာ PC တစ္လံုးျဖစ္ပါတယ္။ ပထမဆံုး စတင္မိတ္ဆက္ခ်ိန္မွာေတာ့ ေဒၚလာ ၆၆၆.၆၆ ရွိခဲ့ပါတယ္။ ပထမဆံုးမိတ္ဆက္ခဲ့တဲ့ ထုတ္ကုန္ေလးအေနနဲ႕ Apple Computer 1 ကို သိမ္းထားခ်င္တယ္ဆိုရင္ေတာ့ eBay မွာ ရွာၾကည့္လို႕လည္း ရပါတယ္။

Macintosh 128K (1984)

Macintosh 128K (1984)

လူတုိင္းလိုလိုမွတ္မိခဲ့ၾကတဲ့ “1984” Super Bowl commercial ေလးေၾကာင့္ နာမည္ၾကီးသြားတဲ့ Macintosh 128K ေလးကေတာ့ Apple ရဲ႕ ပထမဆံုးေသာ Macintosh personal computer ပဲ ျဖစ္ပါတယ္။ Twiggy floppy disk drive နဲ႕အတူ 128K ေမာင္းဖို႕ စီစဥ္ထားေပမယ့္လည္း error rate မ်ားေနမႈက Apple ကို 400K Sony 3.5-inch disk drive ကိုပဲ အသံုးျပဳေစခဲ့ပါတယ္။

Apple LaserWriter (1985)

Apple LaserWriter (1985)

LaserWriter ေလးကေတာ့ သူထြက္ရွိခဲ့တဲ့ ၁၉၈၅နဲ႕ ယွဥ္လုိက္ရင္ အေတာ္ေလးေကာင္းမြန္ျပီး ပရီမီယမ္ဆန္တဲ့ laser printer တစ္လံုးအျဖစ္ ရပ္တည္ႏုိင္ခဲ့ပါတယ္။ desktop publishing အတြက္လည္း တစ္ခန္းတစ္ေနရာက ပါ၀င္ေပးခဲ့ပါတယ္။

Apple PowerBook 100, 140, and 170 (1991)

Apple PowerBook 100, 140, and 170 (1991)

ဒီေန႕နဲ႕ လံုး၀မတူေပမယ့္လည္း Apple ရဲ႕ PowerBook 100 ေလးဟာ သူ႕ရဲ႕ေပါ့ပါးတဲ့ဒီဇုိင္းေၾကာင့္ ဆုေပါင္းမ်ားစြာကို သိမ္းပုိက္ႏုိင္ခဲ့ပါတယ္။ သူဟာ ၉လက္မ monochrome display ၊ 640×400-pixel resolution ၊ trackball နဲ႕ ကီးဘုတ္ေပါင္းစပ္ထားတဲ့ ပစၥည္းေလးတစ္ခုျဖစ္ပါတယ္။ iteration ေတြလည္း ထပ္ထုတ္ခဲ့ျပီး ၁၉၉၂အထိိ ေအာင္ျမင္ခဲ့တယ္လို႕ ေျပာရမွာပါ။

Newton MessagePad (1993)

Newton MessagePad (1993)

Apple ရဲ႕ ပထမဆံုးေသာ personal digital assistant device ေလးျဖစ္လာခဲ့တဲ့ MessagePad ကေတာ့ iPad မျဖစ္ခင္ ေျခလွမ္းအစလို႕ သတ္မွတ္ႏုိင္ပါတယ္။ Newton operating system ေလးကိုေမာင္းႏွင္ျပီး stylus ကို ပြဲထုတ္ကာ handwriting recognition ကို ထည့္သြင္းေပးႏုိင္ခဲ့ပါတယ္။

Apple iMac G3 (1998)

သူ႕ရဲ႕ ဆန္းျပားတဲ့ဒီဇုိင္း၊ ေဖာက္ျမင္ေနရတဲ့ဒီဇိုင္း၊ အေရာင္ေတာက္ေတာက္ေလးတို႕က iMac G3 ကို ေငြေၾကးပိုင္းအရ ေအာင္ျမင္သြားေစခဲ့ပါတယ္။ 1997 ခုႏွစ္ Steve Jobs ျပန္လာတဲ့အခ်ိန္မွာ ပထမဆံုးထုတ္ခဲ့တဲ့ ပစၥည္းေလးအျဖစ္နဲ႕လည္း အမွတ္ရေနၾကမွာပါ။

Apple iBook (1999)

Apple iBook (1999)

ေက်ာင္းသားေတြကို ဦးတည္ထုတ္လုပ္ထားတဲ့ iBook ေလးကေတာ့ iMac G3 ကို နမူနာထားျပီး ဒီဇိုင္းဆြဲခဲ့သလို Apple ရဲ႕ ပထမဆံုးေသာ သံုးစြဲသူဦးတည္ထားတဲ့ laptop တစ္လံုးလည္း ျဖစ္ခဲ့ပါတယ္။

Apple PowerBook G4 (2001)

Apple PowerBook G4 (2001)

PowerBook G4 ထြက္တုန္းက Windows laptop ေတြဆိုတာ ၾကီးမားေလးလံျပီးေတာ့ အနက္၊ မီးခိုးေရာင္ပလတ္စတစ္ကာဗာေတြနဲ႕ေပါ့။ Apple latop ကေတာ့ ေငြေရာင္ အလူမီနီယမ္ကိုထည္နဲ႕ ေထာင့္အခၽြန္ေလးေတြပါ၀င္တဲ့ဒီဇုိင္းျဖစ္ပါတယ္။ က်က္သေရရွိလွပျပီးေတာ့ ရွင္းလင္းတဲ့ဒီဇုိင္းေလးက Apple ေတြအတြက္ ခံစားမႈတစ္ခုအျဖစ္ ျပဌာန္းလိုက္သလိုပါပဲ။

Apple iPod (2001)

Apple iPod (2001)

ပထမဆံုးမိတ္ဆက္ခ်ိန္တုန္းက iPod ေလးဟာ သီခ်င္းအပုဒ္ေရ ၁၀၀၀ ကိုသာ ထည့္သြင္းႏုိင္ခဲ့ေပမယ့္လည္း အဲဒီအခ်ိန္တုန္းက အမ်ားၾကီးလို႕ ထင္ခဲ့ၾကပါတယ္။ သူဟာ MP3 player ေခတ္ကို ေျပာင္းလဲသူလည္း ျဖစ္ပါတယ္။ လည္ေနတဲ့ ဘီးလံုးလိုမ်ိဳးေလးကေန မီႏူးဘားကို ကလိလို႕ရပါတယ္။ Apple က Mini, Nano, Shuffle နဲ႕ Touch ဆိုျပီးေတာ့လည္း အမ်ိဳးမ်ိဳးထုတ္ေပးခဲ့ပါေသးတယ္။

Apple Power Mac G5 (2003)

ကမာၻ႕အျမန္ဆံုးေသာ personal computer ျဖစ္ခဲ့တဲ့ Power Mac G5 ေလးဟာ ပထမဆံုးေသာ 64-bit PC ျဖစ္ပါတယ္။ ေလးလံျပီးေတာ့ ေစ်းၾကီးေပမယ့္လည္း က်က္သေရရွိ ခံ့ညားျပီး စြမ္းေဆာင္ရည္ျမင့္တဲ့ပစၥည္းတစ္ခု ျဖစ္ခဲ့ပါတယ္။

Apple Mac Mini (2005)

၂၀၀၅ခုႏွစ္တည္းက Mac Mini ေတြကို ရိုးရွင္းေအာင္ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ accessories ေတြ၊ ခ်ိတ္ဆက္ပစၥည္းေတြမပါ၀င္ဘဲ လုပ္ေဆာင္ခဲ့တာပါ။ သူတို႕ရဲ႕ လူၾကိဳက္အမ်ားဆံုးပစၥည္းမဟုတ္ေပမယ့္လည္း သံုးစြဲသူေတြႏွစ္ျခိဳက္ခဲ့ၾကပါတယ္။

Apple TV (2007)

iTunes ကို ဧည့္ခန္းထဲေခၚေဆာင္ဖို႕အတြက္ Apple TV ေလးကို media player console အေနနဲ႕ အသံုးျပဳျပီးေတာ့ ကြန္ပ်ဴတာကေန တီဗြီကို stream ေစခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက 802.11n wireless networking ကိုလည္း feature တစ္ခုအေနနဲ႕ ထည့္သြင္းခဲ့ပါတယ္။

The iPhone (2007)

၃.၅လက္မ touchscreen ကို feature အေနနဲ႕ထည့္သြင္းထားျပီး iOS လို႕သိၾကမယ့္ OS အသစ္၊ mobile app ေတြနဲ႕ iPhone အသစ္ေလးဟာ မိုဘုိင္းလ္ေလာကကို တုန္လႈပ္ေစခဲ့ပါတယ္။ လက္ရွိမွာလည္း ရွင္သန္ေနဆဲစီးရီးတစ္ခုျဖစ္ပါတယ္။ စမတ္ဖုန္းေလးကို အိတ္ေဆာင္ကြန္ပ်ဴတာအေနနဲ႕ အသံုးျပဳႏုိင္မယ့္အထိ မိတ္ဆက္ေပးႏုိင္ခဲ့တာလို႕ေျပာရင္ မွားမယ္မထင္ပါဘူး။

MacBook Air (2008)

ဒီဇိုင္းေတြနဲ႕ MacBook ရဲ႕ feature ေတြကို ျဖည္းျဖည္းခ်င္းေျပာင္းလဲျပီးေနာက္မွာေတာ့ MacBook Air ဆိုတဲ့ ပါးလႊာေပါ့ပါးတဲ့ပစၥည္းေလးကို ထုတ္လုပ္ခဲ့ပါတယ္။ စာသင္ခန္းေတြအတြက္ အဆင္ေျပသြားတာေပါ့။

Apple iPad (2010)

Apple iPad (2010)

“size-XL iPhone” design လို႕ေနာက္ေျပာင္ခဲ့ၾကရတဲ့ iPad ေလးကေတာ့ တက္ဘလက္ေလာကကို အေျခခ်ခဲ့တဲ့ပစၥည္းေလးတစ္ခုလို႕ ဆိုရမွာပါ။ လက္ပ္ေတာ့ကို အစားထိုးဖို႕၀င္ေရာက္လာတာမဟုတ္ေပမယ့္လည္း ၉.၇လက္မ ၊ 768-pixel resolution display နဲ႕ A4 processor တို႕ကို အသံုးျပဳေပးထားပါတယ္။ ေ၀ဖန္မႈေတြရွိေနေပမယ့္လည္း iPad ကို ၀ယ္ဖို႕အတြက္ တန္းစီေနတဲ့သူေတြရွိေနတုန္းပါပဲ။ ရက္၈၀အတြင္းမွာ ၃မီလ်ံအထိ ေရာင္းခ်ခဲ့ရပါတယ္။

Apple iPhone 4 (2011)

Apple iPhone 4 (2011)

iPhone 4 ကေတာ့ Apple ရဲ႕ တမူကြဲျပားေနတဲ့ဒီဇိုင္းတစ္ခုျဖစ္ျပီးေတာ့ Retina Display ပါ၀င္တဲ့ ပထမဆံုး iPhone ျဖစ္လာခဲ့ပါတယ္။ Jobs ဟာ iPhone ေလးကို မိတ္ဆက္ျပခ်ိန္မွာ ပထမဆံုးေသာ public FaceTime call ကို ျပဳလုပ္ခဲ့ပါတယ္။

Apple Watch (2015)

Apple Watch (2015)

Apple ဟာ smartwatch ေလာကမွာ ပထမဆံုး၀င္ေရာက္ခဲ့သူမဟုတ္ေပမယ့္လည္း Apple Watch ကေတာ့ ထြက္ရွိလာခ်ိန္မွာ ခန္႕မွန္းရခက္တဲ့ပစၥည္းတစ္ခုျဖစ္လာခဲ့ပါတယ္။ classic ဆန္ျပီး ေကာင္းမြန္စြာတည္ေဆာက္ထားတဲ့ဒီဇိုင္းေတြနဲ႕အတူ သူတို႕အတြက္ ပထမဆံုးေသာ wearable device ေလးဟာ ပြဲထြက္လွခဲ့ပါတယ္။

Apple iPhone X (2017)

Apple iPhone X (2017)

iPhone X ေလးကေတာ့ home button ေလးကို gesture နဲ႕ အစားထိုးလိုက္ပါတယ္။ fingerprint scanner အစား facial recognition နဲ႕ အသံုးျပဳေစခဲ့ပါတယ္။ edge-to-edge display မွာ notch ကို မိတ္ဆက္ခဲ့တာမို႕ အျခားေသာဖုန္းထုတ္လုပ္သူေတြကေတာင္ ကူးယူခဲ့ရတဲ့အထိေအာင္ျမင္ခဲ့ပါတယ္။

Unicode Version

Apple ရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ ကျွန်တော်တို့သတိထားမိခဲ့တဲ့ အမှတ်ရစရာ hardware ထုတ်ကုန်တွေလည်း အများကြီးရှိခဲ့ပါတယ်။ အချို့ပစ္စည်းတွေကတော့ ခေတ်အသစ်မှာ ခံစားမှုအသစ်တွေနဲ့အတူ လုပ်ငန်းကို နာမည်ကြီးစေခဲ့သလို အချို့ပစ္စည်းတွေကတော့ နည်းပညာလောကကို ပြောင်းလဲစေနိုင်ခဲ့ပါတယ်။
Apple Computer 1 (1976)
RAM 8K byte နဲ့အတူ video terminal ပါဝင်တဲ့ ပထမဆုံးသော တန်ဖိုးနည်း မိုက်ခရိုကွန်ပျူတာစနစ်လို့ ကြော်ငြာခဲ့တဲ့ Apple Computer 1 လေးဟာ PC တစ်လုံးဖြစ်ပါတယ်။ ပထမဆုံး စတင်မိတ်ဆက်ချိန်မှာတော့ ဒေါ်လာ ၆၆၆.၆၆ ရှိခဲ့ပါတယ်။ ပထမဆုံးမိတ်ဆက်ခဲ့တဲ့ ထုတ်ကုန်လေးအနေနဲ့ Apple Computer 1 ကို သိမ်းထားချင်တယ်ဆိုရင်တော့ eBay မှာ ရှာကြည့်လို့လည်း ရပါတယ်။
Macintosh 128K (1984)
လူတိုင်းလိုလိုမှတ်မိခဲ့ကြတဲ့ “1984” Super Bowl commercial လေးကြောင့် နာမည်ကြီးသွားတဲ့ Macintosh 128K လေးကတော့ Apple ရဲ့ ပထမဆုံးသော Macintosh personal computer ပဲ ဖြစ်ပါတယ်။ Twiggy floppy disk drive နဲ့အတူ 128K မောင်းဖို့ စီစဉ်ထားပေမယ့်လည်း error rate များနေမှုက Apple ကို 400K Sony 3.5-inch disk drive ကိုပဲ အသုံးပြုစေခဲ့ပါတယ်။
Apple LaserWriter (1985)
LaserWriter လေးကတော့ သူထွက်ရှိခဲ့တဲ့ ၁၉၈၅နဲ့ ယှဉ်လိုက်ရင် အတော်လေးကောင်းမွန်ပြီး ပရီမီယမ်ဆန်တဲ့ laser printer တစ်လုံးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ desktop publishing အတွက်လည်း တစ်ခန်းတစ်နေရာက ပါဝင်ပေးခဲ့ပါတယ်။
Apple PowerBook 100, 140, and 170 (1991)
ဒီနေ့နဲ့ လုံးဝမတူပေမယ့်လည်း Apple ရဲ့ PowerBook 100 လေးဟာ သူ့ရဲ့ပေါ့ပါးတဲ့ဒီဇိုင်းကြောင့် ဆုပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူဟာ ၉လက်မ monochrome display ၊ 640×400-pixel resolution ၊ trackball နဲ့ ကီးဘုတ်ပေါင်းစပ်ထားတဲ့ ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။ iteration တွေလည်း ထပ်ထုတ်ခဲ့ပြီး ၁၉၉၂အထိ အောင်မြင်ခဲ့တယ်လို့ ပြောရမှာပါ။
Newton MessagePad (1993)
Apple ရဲ့ ပထမဆုံးသော personal digital assistant device လေးဖြစ်လာခဲ့တဲ့ MessagePad ကတော့ iPad မဖြစ်ခင် ခြေလှမ်းအစလို့ သတ်မှတ်နိုင်ပါတယ်။ Newton operating system လေးကိုမောင်းနှင်ပြီး stylus ကို ပွဲထုတ်ကာ handwriting recognition ကို ထည့်သွင်းပေးနိုင်ခဲ့ပါတယ်။
Apple iMac G3 (1998)
သူ့ရဲ့ ဆန်းပြားတဲ့ဒီဇိုင်း၊ ဖောက်မြင်နေရတဲ့ဒီဇိုင်း၊ အရောင်တောက်တောက်လေးတို့က iMac G3 ကို ငွေကြေးပိုင်းအရ အောင်မြင်သွားစေခဲ့ပါတယ်။ 1997 ခုနှစ် Steve Jobs ပြန်လာတဲ့အချိန်မှာ ပထမဆုံးထုတ်ခဲ့တဲ့ ပစ္စည်းလေးအဖြစ်နဲ့လည်း အမှတ်ရနေကြမှာပါ။
Apple iBook (1999)
ကျောင်းသားတွေကို ဦးတည်ထုတ်လုပ်ထားတဲ့ iBook လေးကတော့ iMac G3 ကို နမူနာထားပြီး ဒီဇိုင်းဆွဲခဲ့သလို Apple ရဲ့ ပထမဆုံးသော သုံးစွဲသူဦးတည်ထားတဲ့ laptop တစ်လုံးလည်း ဖြစ်ခဲ့ပါတယ်။
Apple PowerBook G4 (2001)
PowerBook G4 ထွက်တုန်းက Windows laptop တွေဆိုတာ ကြီးမားလေးလံပြီးတော့ အနက်၊ မီးခိုးရောင်ပလတ်စတစ်ကာဗာတွေနဲ့ပေါ့။ Apple latop ကတော့ ငွေရောင် အလူမီနီယမ်ကိုထည်နဲ့ ထောင့်အချွန်လေးတွေပါဝင်တဲ့ဒီဇိုင်းဖြစ်ပါတယ်။ ကျက်သရေရှိလှပပြီးတော့ ရှင်းလင်းတဲ့ဒီဇိုင်းလေးက Apple တွေအတွက် ခံစားမှုတစ်ခုအဖြစ် ပြဌာန်းလိုက်သလိုပါပဲ။
Apple iPod (2001)
ပထမဆုံးမိတ်ဆက်ချိန်တုန်းက iPod လေးဟာ သီချင်းအပုဒ်ရေ ၁၀၀၀ ကိုသာ ထည့်သွင်းနိုင်ခဲ့ပေမယ့်လည်း အဲဒီအချိန်တုန်းက အများကြီးလို့ ထင်ခဲ့ကြပါတယ်။ သူဟာ MP3 player ခေတ်ကို ပြောင်းလဲသူလည်း ဖြစ်ပါတယ်။ လည်နေတဲ့ ဘီးလုံးလိုမျိုးလေးကနေ မီနူးဘားကို ကလိလို့ရပါတယ်။ Apple က Mini, Nano, Shuffle နဲ့ Touch ဆိုပြီးတော့လည်း အမျိုးမျိုးထုတ်ပေးခဲ့ပါသေးတယ်။
Apple Power Mac G5 (2003)
ကမ္ဘာ့အမြန်ဆုံးသော personal computer ဖြစ်ခဲ့တဲ့ Power Mac G5 လေးဟာ ပထမဆုံးသော 64-bit PC ဖြစ်ပါတယ်။ လေးလံပြီးတော့ ဈေးကြီးပေမယ့်လည်း ကျက်သရေရှိ ခံ့ညားပြီး စွမ်းဆောင်ရည်မြင့်တဲ့ပစ္စည်းတစ်ခု ဖြစ်ခဲ့ပါတယ်။
Apple Mac Mini (2005)
၂၀၀၅ခုနှစ်တည်းက Mac Mini တွေကို ရိုးရှင်းအောင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ accessories တွေ၊ ချိတ်ဆက်ပစ္စည်းတွေမပါဝင်ဘဲ လုပ်ဆောင်ခဲ့တာပါ။ သူတို့ရဲ့ လူကြိုက်အများဆုံးပစ္စည်းမဟုတ်ပေမယ့်လည်း သုံးစွဲသူတွေနှစ်ခြိုက်ခဲ့ကြပါတယ်။
Apple TV (2007)
iTunes ကို ဧည့်ခန်းထဲခေါ်ဆောင်ဖို့အတွက် Apple TV လေးကို media player console အနေနဲ့ အသုံးပြုပြီးတော့ ကွန်ပျူတာကနေ တီဗွီကို stream စေခဲ့ပါတယ်။ အဲဒီအချိန်တုန်းက 802.11n wireless networking ကိုလည်း feature တစ်ခုအနေနဲ့ ထည့်သွင်းခဲ့ပါတယ်။
The iPhone (2007)
၃.၅လက်မ touchscreen ကို feature အနေနဲ့ထည့်သွင်းထားပြီး iOS လို့သိကြမယ့် OS အသစ်၊ mobile app တွေနဲ့ iPhone အသစ်လေးဟာ မိုဘိုင်းလ်လောကကို တုန်လှုပ်စေခဲ့ပါတယ်။ လက်ရှိမှာလည်း ရှင်သန်နေဆဲစီးရီးတစ်ခုဖြစ်ပါတယ်။ စမတ်ဖုန်းလေးကို အိတ်ဆောင်ကွန်ပျူတာအနေနဲ့ အသုံးပြုနိုင်မယ့်အထိ မိတ်ဆက်ပေးနိုင်ခဲ့တာလို့ပြောရင် မှားမယ်မထင်ပါဘူး။
MacBook Air (2008)
ဒီဇိုင်းတွေနဲ့ MacBook ရဲ့ feature တွေကို ဖြည်းဖြည်းချင်းပြောင်းလဲပြီးနောက်မှာတော့ MacBook Air ဆိုတဲ့ ပါးလွှာပေါ့ပါးတဲ့ပစ္စည်းလေးကို ထုတ်လုပ်ခဲ့ပါတယ်။ စာသင်ခန်းတွေအတွက် အဆင်ပြေသွားတာပေါ့။
Apple iPad (2010)
“size-XL iPhone” design လို့နောက်ပြောင်ခဲ့ကြရတဲ့ iPad လေးကတော့ တက်ဘလက်လောကကို အခြေချခဲ့တဲ့ပစ္စည်းလေးတစ်ခုလို့ ဆိုရမှာပါ။ လက်ပ်တော့ကို အစားထိုးဖို့ဝင်ရောက်လာတာမဟုတ်ပေမယ့်လည်း ၉.၇လက်မ ၊ 768-pixel resolution display နဲ့ A4 processor တို့ကို အသုံးပြုပေးထားပါတယ်။ ဝေဖန်မှုတွေရှိနေပေမယ့်လည်း iPad ကို ဝယ်ဖို့အတွက် တန်းစီနေတဲ့သူတွေရှိနေတုန်းပါပဲ။ ရက်၈၀အတွင်းမှာ ၃မီလျံအထိ ရောင်းချခဲ့ရပါတယ်။
Apple iPhone 4 (2011)
iPhone 4 ကတော့ Apple ရဲ့ တမူကွဲပြားနေတဲ့ဒီဇိုင်းတစ်ခုဖြစ်ပြီးတော့ Retina Display ပါဝင်တဲ့ ပထမဆုံး iPhone ဖြစ်လာခဲ့ပါတယ်။ Jobs ဟာ iPhone လေးကို မိတ်ဆက်ပြချိန်မှာ ပထမဆုံးသော public FaceTime call ကို ပြုလုပ်ခဲ့ပါတယ်။
Apple Watch (2015)
Apple ဟာ smartwatch လောကမှာ ပထမဆုံးဝင်ရောက်ခဲ့သူမဟုတ်ပေမယ့်လည်း Apple Watch ကတော့ ထွက်ရှိလာချိန်မှာ ခန့်မှန်းရခက်တဲ့ပစ္စည်းတစ်ခုဖြစ်လာခဲ့ပါတယ်။ classic ဆန်ပြီး ကောင်းမွန်စွာတည်ဆောက်ထားတဲ့ဒီဇိုင်းတွေနဲ့အတူ သူတို့အတွက် ပထမဆုံးသော wearable device လေးဟာ ပွဲထွက်လှခဲ့ပါတယ်။
Apple iPhone X (2017)
iPhone X လေးကတော့ home button လေးကို gesture နဲ့ အစားထိုးလိုက်ပါတယ်။ fingerprint scanner အစား facial recognition နဲ့ အသုံးပြုစေခဲ့ပါတယ်။ edge-to-edge display မှာ notch ကို မိတ်ဆက်ခဲ့တာမို့ အခြားသောဖုန်းထုတ်လုပ်သူတွေကတောင် ကူးယူခဲ့ရတဲ့အထိအောင်မြင်ခဲ့ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.