Smartphone Trending

Xiaomi Mi 9 မ်ား တစ္လအတြင္း အလံုးေရ ၁ သန္း ေရာင္းခ်ရ

Xiaomi Mi 9 ကို ေဖေဖာ္၀ါရီလ ေႏွာင္းပိုင္းမွာ စတင္ ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ အခုေတာ့ အလံုးေရ ၁ သန္း ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီအတြက္ တစ္လေလာက္ အတြင္းမွာ အလံုးေရ ၁ သန္းကို ေရာင္းခ်ႏုိင္ခဲ့တာပါ။ Mi 9 , Mi 9 SE နဲ႔ Mi 9 Explorer Edition မ်ား အားလံုးရဲ႕ စုစုေပါင္းေရာင္းအားဟာ ၁.၅ သန္း ေက်ာ္လာပါၿပီ။

ကုမၸဏီက “ အစိတ္အပိုင္းမ်ားကို ထုတ္လုပ္ေပးတဲ့ ကုမၸဏီမ်ား အားလံုးကို ေက်းဇူးတင္ပါတယ္။ အားေပး ကူညီမႈအတြက္ ေက်းဇူးတင္ပါတယ္။ “ လို႔ လူမႈကြန္ရက္မွာ ပို႔စ္တင္ထားပါတယ္။ Mi 9 Series ရဲ႕ ေရာင္းအားမ်ားကိုလည္း လူမႈကြန္ရက္မွာ ေၾကညာလိုက္တာ ျဖစ္ပါတယ္။

ေရွာင္မီက သူ႔ရဲ႕ General Staff Building မွာ မီဒီယာေတြ႕ဆံုပြဲတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ Xiaomi China ရဲ႕ ဥကၠဌ ျဖစ္သူ Wang Chuan က မတ္လ ၂၉ ရက္ေန႔အထိ Mi 9 Series မ်ားဟာ အလံုးေရ ၁.၅ သန္းေရာင္းခ်ထားၿပီးၿပီလို႔ ေျပာပါတယ္။

ေရွာင္မီရဲ႕ ဖုန္းမ်ားဟာ စတင္ ေရာင္းခ်ခ်ိန္မွာ ေရာင္းအား ေကာင္းတဲ့ အစဥ္အလာ ရွိပါတယ္။ မၾကာခင္ကပဲ Redmi Note 7 ဟာ တစ္လအတြင္းမွာ အလံုးေရ ၁ သန္း ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ ယခင္ႏွစ္ထုတ္ Mi 8 , Mi 8 SE , Mi 8 Explorer Edition မ်ားကလည္း ေရာင္းအားေကာင္းခဲ့ၿပီး သံုးပတ္အတြင္းမွာ အလံုးေရ ၁ သန္း ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ အလံုးေရ ၆ သန္းကို ေလးလအတြင္းေရာင္းခ်ႏုိင္ခဲ့ပါတယ္။

unicode

Xiaomi Mi 9 များ တစ်လအတွင်း အလုံးရေ ၁ သန်း ရောင်းချရ

Xiaomi Mi 9 ကို ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ စတင် ရောင်းချခဲ့တာဖြစ်ပါတယ်။ အခုတော့ အလုံးရေ ၁ သန်း ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအတွက် တစ်လလောက် အတွင်းမှာ အလုံးရေ ၁ သန်းကို ရောင်းချနိုင်ခဲ့တာပါ။ Mi 9 , Mi 9 SE နဲ့ Mi 9 Explorer Edition များ အားလုံးရဲ့ စုစုပေါင်းရောင်းအားဟာ ၁.၅ သန်း ကျော်လာပါပြီ။

ကုမ္ပဏီက “ အစိတ်အပိုင်းများကို ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီများ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားပေး ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်။ “ လို့ လူမှုကွန်ရက်မှာ ပို့စ်တင်ထားပါတယ်။ Mi 9 Series ရဲ့ ရောင်းအားများကိုလည်း လူမှုကွန်ရက်မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။

ရှောင်မီက သူ့ရဲ့ General Staff Building မှာ မီဒီယာတွေ့ဆုံပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ Xiaomi China ရဲ့ ဥက္ကဌ ဖြစ်သူ Wang Chuan က မတ်လ ၂၉ ရက်နေ့အထိ Mi 9 Series များဟာ အလုံးရေ ၁.၅ သန်းရောင်းချထားပြီးပြီလို့ ပြောပါတယ်။

ရှောင်မီရဲ့ ဖုန်းများဟာ စတင် ရောင်းချချိန်မှာ ရောင်းအား ကောင်းတဲ့ အစဉ်အလာ ရှိပါတယ်။ မကြာခင်ကပဲ Redmi Note 7 ဟာ တစ်လအတွင်းမှာ အလုံးရေ ၁ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ယခင်နှစ်ထုတ် Mi 8 , Mi 8 SE , Mi 8 Explorer Edition များကလည်း ရောင်းအားကောင်းခဲ့ပြီး သုံးပတ်အတွင်းမှာ အလုံးရေ ၁ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ အလုံးရေ ၆ သန်းကို လေးလအတွင်းရောင်းချနိုင်ခဲ့ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.