Enterprise Smartphone Trending

iPhone XS Max ကို Drop Test မှာ Samsung Galaxy 10+ နဲ့ အပြိုင်စမ်းသပ်ကြည့်တဲ့အခါ

Zawgyi Version





Unicode Version

Samsung Galaxy S10+ အသစ်လေးကို မိတ်ဆက်ထားတာ မကြာသေးပါဘူး။ ဖုန်းအသစ်ထွက်ရှိပြီးနောက်ပိုင်းမှာ ထွက်ပေါ်လာတတ်တဲ့ drop test လေးတွေကလည်း ရိုးရာမပျက်ထွက်လာပါတယ်။ အခုယှဉ်ထားတာကတော့ Apple ရဲ့ iPhone XS Max နဲ့ ဖြစ်ပါတယ်။
အောက်မှာပြထားတဲ့ ဗွီဒီယိုလေးကတော့ PhoneBuff က စမ်းသပ်ထားတာဖြစ်ပါတယ်။ ဘယ်ကောင်က သာနေလဲဆိုတာ ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ပါတော့ဗျာ။


iPhone XS Max လေးကတော့ ပထမဆုံးအကြိမ်မှာ သာနေတယ်လို့ ခံစားရပါတယ်။ ဒုတိယအကြိမ်မှာလည်း ထိခိုက်မှုသိပ်မရှိတာကို တွေ့မြင်ရပါတယ်။
တတိယအကြိမ်မှာတော့ screen နဲ့ ကျသွားတာဖြစ်လို့ ထိခိုက်မှုတော့ ဖြစ်သွားပါတယ်။ ခြုံကြည့်လိုက်မယ်ဆိုရင်တော့ iPhone XS က Galaxy S10 ထက် နည်းနည်းသာနေတာကို တွေ့မြင်ရမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.