App/Game Enterprise Trending

April Fool ေန႕အထိမ္းအမွတ္အျဖစ္နဲ႕ Maps apps ေတြမွာ Snake ဂိမ္းကို ျပန္လည္ေဆာ့ကစားႏိုင္မည္

Zawgyi Version

Snake game ေလးကို Android နဲ႕ iOS Google Maps apps ေတြမွာ တစ္ပတ္ေလာက္ ျပန္လည္ေဆာ့ကစားႏုိင္မွာျဖစ္ပါတယ္။ Snake ကို မွတ္မိၾကရဲ႕လား။ Google Maps ပံုစံနဲ႕ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

Snake ဆိုတာကေတာ့ ၁၉၉၇ခုႏွစ္မွာ Nokia 6110 ဖုန္းေလးနဲ႕အတူ မိတ္ဆက္ခဲ့တဲ့ iconic Nokia game ျဖစ္ပါတယ္။ April Fool ဆင္ႏႊဲတဲ့အေနနဲ႕ ထည့္သြင္းေပးမွာျဖစ္ပါတယ္။ ဒီဂိမ္းေလးကို Google Maps ရဲ႕ iOS ၊ Android ဗားရွင္းႏွစ္ခုစလံုးမွာ ကစားႏုိင္မွာျဖစ္ပါတယ္။ search bar ရဲ႕ ဘယ္ဘက္မွာရွိတဲ့ sidebar option ေလးကိုႏွိပ္လုိက္ပါ။ “Play Snake” ဆိုတာေလးေပၚေနပါလိမ့္မယ္။

ဒါေပမယ့္လည္း ေျမြကိုေတာ့ ေတြ႕ျမင္ရမွာမဟုတ္ပါဘူး။ အဲဒီအစား အမ်ားသံုးယာဥ္လိုင္းတစ္ခုအေနနဲ႕ ကစားရမွာပါ။ တိုက်ိဳက်ည္ဆံရထား၊ ဆန္ဖရန္စစၥကို cable car ဒါမွမဟုတ္ လန္ဒန္ရဲ႕ နွစ္ထပ္ကားအျဖစ္ ေတြ႕ျမင္ရမွာျဖစ္ျပီး 8-bit map ေလးေပၚမွာ ခရီးသည္ေတြကို တင္ေဆာင္ရမွာျဖစ္ပါတယ္။

ေရြးခ်ယ္ႏုိင္တဲ့ျမိဳ႕ေတြကေတာ့ Cairo, São Paulo, London, Sydney, San Francisco, Tokyo တုို႕ပဲျဖစ္ပါတယ္။ “World” option ဆိုတာေလးကေတာ့ ခရီးသည္ေတြအားလံုးကို သယ္ေဆာင္ႏုိင္မယ့္အမ်ိဳးအစားျဖစ္ပါတယ္။

Snake ေလးကို တစ္ပတ္ေလာက္ေတာ့ ကစားႏုိင္မွာျဖစ္တယ္လို႕ Google ေျပာဆိုခြင့္ရွိသူတစ္ေယာက္က ေျပာထားပါတယ္။

Google ဟာ April Fool ေန႕အတြက္ အျမဲတမ္းလုပ္ေဆာင္ေပးရတာကို ၾကိဳက္ႏွစ္သက္သူတစ္ေယာက္ျဖစ္ပါတယ္။ ၂၀၁၂ခုႏွစ္မွာ NES-inspired 8-bit Google Maps ကို ေၾကညာခဲ့ျပီး ၂၀၁၅ခုႏွစ္မွာ Pac-Man game ထည့္ေပးခဲ့သလို မႏွစ္ကတုန္းက Where’s Waldo search ဆိုတာေလး ထည့္ေပးခဲ့တာ မွတ္မိေနၾကဦးမွာပါ။ ဒါက နည္းနည္းပဲရွိေသးတာပါ။ ေတာက္ေလွ်ာက္လုပ္ေပးခဲ့တဲ့စာရင္းကို ေျပာရမယ္ဆိုရင္ေတာ့ ရင္ခုန္စရာအတိပါပဲ။

Unicode Version

Snake game လေးကို Android နဲ့ iOS Google Maps apps တွေမှာ တစ်ပတ်လောက် ပြန်လည်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Snake ကို မှတ်မိကြရဲ့လား။ Google Maps ပုံစံနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Snake ဆိုတာကတော့ ၁၉၉၇ခုနှစ်မှာ Nokia 6110 ဖုန်းလေးနဲ့အတူ မိတ်ဆက်ခဲ့တဲ့ iconic Nokia game ဖြစ်ပါတယ်။ April Fool ဆင်နွှဲတဲ့အနေနဲ့ ထည့်သွင်းပေးမှာဖြစ်ပါတယ်။ ဒီဂိမ်းလေးကို Google Maps ရဲ့ iOS ၊ Android ဗားရှင်းနှစ်ခုစလုံးမှာ ကစားနိုင်မှာဖြစ်ပါတယ်။ search bar ရဲ့ ဘယ်ဘက်မှာရှိတဲ့ sidebar option လေးကိုနှိပ်လိုက်ပါ။ “Play Snake” ဆိုတာလေးပေါ်နေပါလိမ့်မယ်။
ဒါပေမယ့်လည်း မြွေကိုတော့ တွေ့မြင်ရမှာမဟုတ်ပါဘူး။ အဲဒီအစား အများသုံးယာဉ်လိုင်းတစ်ခုအနေနဲ့ ကစားရမှာပါ။ တိုကျိုကျည်ဆံရထား၊ ဆန်ဖရန်စစ္စကို cable car ဒါမှမဟုတ် လန်ဒန်ရဲ့ နှစ်ထပ်ကားအဖြစ် တွေ့မြင်ရမှာဖြစ်ပြီး 8-bit map လေးပေါ်မှာ ခရီးသည်တွေကို တင်ဆောင်ရမှာဖြစ်ပါတယ်။
ရွေးချယ်နိုင်တဲ့မြို့တွေကတော့ Cairo, São Paulo, London, Sydney, San Francisco, Tokyo တို့ပဲဖြစ်ပါတယ်။ “World” option ဆိုတာလေးကတော့ ခရီးသည်တွေအားလုံးကို သယ်ဆောင်နိုင်မယ့်အမျိုးအစားဖြစ်ပါတယ်။
Snake လေးကို တစ်ပတ်လောက်တော့ ကစားနိုင်မှာဖြစ်တယ်လို့ Google ပြောဆိုခွင့်ရှိသူတစ်ယောက်က ပြောထားပါတယ်။
Google ဟာ April Fool နေ့အတွက် အမြဲတမ်းလုပ်ဆောင်ပေးရတာကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်မှာ NES-inspired 8-bit Google Maps ကို ကြေညာခဲ့ပြီး ၂၀၁၅ခုနှစ်မှာ Pac-Man game ထည့်ပေးခဲ့သလို မနှစ်ကတုန်းက Where’s Waldo search ဆိုတာလေး ထည့်ပေးခဲ့တာ မှတ်မိနေကြဦးမှာပါ။ ဒါက နည်းနည်းပဲရှိသေးတာပါ။ တောက်လျှောက်လုပ်ပေးခဲ့တဲ့စာရင်းကို ပြောရမယ်ဆိုရင်တော့ ရင်ခုန်စရာအတိပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.