Apple AirPower wireless charger ကြီး cancel ဖြစ်သွားပြီ

0
5

Zawgyi Version






Unicode Version

Apple AirPower wireless charger လေးကို ၂၀၁၇ စက်တင်ဘာတုန်းက ကြေညာခဲ့တာဖြစ်ပြီး တရားဝင်ထွက်ရှိလာဖို့ ကျွန်တော်တို့အချိန်အများကြီးပေးထားရပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာ ပယ်ဖျက်လိုက်ပါပြီ။
မကြာခင်လပိုင်းအတွင်းမှာ တွေ့မြင်ရတော့မယ်လို့ ခန့်မှန်းထားခဲ့မိပါသေးတယ်။ Apple က AirPower wireless charger ကို ထွက်ရှိပေးတော့မှာမဟုတ်ဘူးလို့ အတည်ပြုပေးလိုက်ပါပြီ။
Apple က TechCrunch ကို တရားဝင်စာပို့ထားပါတယ်။
ကျိုးစားမှုတွေအများကြီးလုပ်ဆောင်ပြီးနောက်မှာတော့ AirPower လေးဟာ ကျွန်တော်တို့ရဲ့မြင့်မားတဲ့စံနှုန်းနဲ့ မကိုက်ညီတာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် ဒီပရောဂျက်လေးကို ပယ်ဖျက်လိုက်ပါတယ်။ launch ကို မျှော်နေပေးတဲ့ သုံးစွဲသူတွေကိုလည်း တောင်းပန်ပါတယ်။ အနာဂတ်မှာ wireless experience လေးကို ဒီထက်ပိုပြီး လုပ်ဆောင်နိုင်အောင် ကြိုးစားပေးသွားပါမယ်လို့ ကတိပြုပါတယ်။ Hardware Engineering ရဲ့ တာဝန်ရှိသူ Dan Riccio က ဒီအကြောင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။
wireless charging အသုံးပြုနိုင်တဲ့ AirPods 2 လေးကို မကြာသေးခင်က ထုတ်ပေးခဲ့ပါတယ်။ ဒါကြောင့် တွဲဖက်အသုံးပြုနိုင်မယ့် AirPower လေးကို မကြာခင်မှာ တွေ့မြင်ရမယ်လို့ မျှော်လင့်နေခဲ့မိတာ အပြစ်တစ်ခုလိုဖြစ်သွားတယ်နဲ့တူပါတယ်။ Apple AirPower wireless charger လေးမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်နိုင်ပါတယ်။ နှစ်နှစ်အတွင်းမှာ ဖြေရှင်းခဲ့ပေမယ့်လည်း အဆင်မပြေတာမို့ ဖျက်သိမ်းလိုက်ရတာဖြစ်ပါလိမ့်မယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.