ေခါက္ခ်ိဳးဖုန္းေတြ ေစ်းေပါလာမည္

0
191

Huawei Mate X ဟာ ယူရို ၂၂၉၉ ( ၂၆၀၀ ေဒၚလာ) တန္ေၾကးရွိတဲ့ အတြက္ အလြန္ကို ေစ်းျမင့္ပါတယ္။ အခုေတာ့ GSMArena နဲ႔ အင္တာဗ်ဴး တစ္ခုမွာ ဟြာေ၀းရဲ႕ စီအီးအို ျဖစ္သူ Richard Yu က “ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားဟာ အေစာပိုင္းပဲ ရွိပါေသးတယ္။ ေစ်းကြက္ေ၀စုကလည္း နည္းပါေသးတယ္။ ထုတ္လုပ္မႈ ကုန္က်စားရိတ္က ျမင့္မားေနပါေသးတယ္။ အနာဂတ္မွာ ထုတ္လုပ္မႈ ကုန္က်စားရိတ္ သက္သာလာမယ္လို႔ ယံုၾကည္ထားပါတယ္။ သူက လာမယ့္ ႏွစ္ႏွစ္အတြင္းမွာ ေခါက္ခ်ိဳး ဖုန္းမ်ားရဲ႕ ေစ်းဟာ စြမ္းရည္ျမင့္ ဖုန္မ်ားနဲ႔ တန္းတူ ျဖစ္လာမွာပါ။ “ လို႔ ေျပာပါတယ္။

GSMArena က အနာဂတ္မွာ ေခါက္ခ်ိဳး ဖုန္းေတြ ဘယ္ေလာက္ ထုတ္လုပ္မလဲလို႔ ေမးျမန္းရာမွာ Yu က လာမယ့္ ၂ ႏွစ္အတြင္းမွာ Huawei ရဲ႕ စြမ္းရည္ျမင့္ ဖုန္း ထက္၀က္ဟာ ေခါက္ခ်ိဳးဖုန္းမ်ား ျဖစ္မယ္လို႔ ေျပာလိုက္ပါတယ္။

Huawei ရဲ႕ Mate X ဟာ ေခါက္ခ်ိဳး စမတ္ဖုန္း ဒီဇိုင္းမ်ားထဲမွာေတာ့ အေကာင္းဆံုးလို႔ ကြ်မ္းက်င္သူမ်ားက သံုးသပ္ထားၾကပါတယ္။ သူ႔ရဲ႕ ေခါက္ခ်ိဳး ဒီဇိုင္းက မ်က္ႏွာျပင္ရဲ႕ အလယ္ကေန အျပင္ဘက္ကို ေခါက္ခ်ိဳးရတာ ျဖစ္ပါတယ္။ ေခါက္ခ်ိဳးထားရင္ အျပင္ဘက္ မ်က္ႏွာျပင္ကို သံုးႏိုင္ၿပီး အေနာက္ကင္မရာနဲ႔ ဆဲလ္ဖီးမ်ား ရိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။ Samsung ရဲ႕ Galaxy Fold မွာေတာ့ အတြင္းဘက္ကို ေခါက္ခ်ိဳးတဲ့ ဒီဇိုင္းကို အသံုးျပဳထားတာပါ။

ေရွာင္မီကလည္း ေခါက္ခ်ိဳး ဖုန္းကို ဖန္တီးေနပါတယ္။ အဲဒီ ဖုန္းကို အသံုးျပဳျပေနတဲ့ ဗီဒီယိုမ်ားကိုလည္း ကုမၸဏီက အြန္လိုင္းမွာ မၾကာခဏ မွ်ေ၀ေနပါတယ္။ အျခား စမတ္ဖုန္း ကုမၸဏီမ်ားကလည္း ေခါက္ခ်ိဳး ဖုန္းမ်ားကို ဖန္တီးေနတဲ့ သတင္းမ်ားထြက္ေနပါတယ္။

unicode

ခေါက်ချိုးဖုန်းတွေ ဈေးပေါလာမည်

Huawei Mate X ဟာ ယူရို ၂၂၉၉ ( ၂၆၀၀ ဒေါ်လာ) တန်ကြေးရှိတဲ့ အတွက် အလွန်ကို ဈေးမြင့်ပါတယ်။ အခုတော့ GSMArena နဲ့ အင်တာဗျူး တစ်ခုမှာ ဟွာဝေးရဲ့ စီအီးအို ဖြစ်သူ Richard Yu က “ ခေါက်ချိုး စမတ်ဖုန်းများဟာ အစောပိုင်းပဲ ရှိပါသေးတယ်။ ဈေးကွက်ဝေစုကလည်း နည်းပါသေးတယ်။ ထုတ်လုပ်မှု ကုန်ကျစားရိတ်က မြင့်မားနေပါသေးတယ်။ အနာဂတ်မှာ ထုတ်လုပ်မှု ကုန်ကျစားရိတ် သက်သာလာမယ်လို့ ယုံကြည်ထားပါတယ်။ သူက လာမယ့် နှစ်နှစ်အတွင်းမှာ ခေါက်ချိုး ဖုန်းများရဲ့ ဈေးဟာ စွမ်းရည်မြင့် ဖုန်များနဲ့ တန်းတူ ဖြစ်လာမှာပါ။ “ လို့ ပြောပါတယ်။

GSMArena က အနာဂတ်မှာ ခေါက်ချိုး ဖုန်းတွေ ဘယ်လောက် ထုတ်လုပ်မလဲလို့ မေးမြန်းရာမှာ Yu က လာမယ့် ၂ နှစ်အတွင်းမှာ Huawei ရဲ့ စွမ်းရည်မြင့် ဖုန်း ထက်ဝက်ဟာ ခေါက်ချိုးဖုန်းများ ဖြစ်မယ်လို့ ပြောလိုက်ပါတယ်။

Huawei ရဲ့ Mate X ဟာ ခေါက်ချိုး စမတ်ဖုန်း ဒီဇိုင်းများထဲမှာတော့ အကောင်းဆုံးလို့ ကျွမ်းကျင်သူများက သုံးသပ်ထားကြပါတယ်။ သူ့ရဲ့ ခေါက်ချိုး ဒီဇိုင်းက မျက်နှာပြင်ရဲ့ အလယ်ကနေ အပြင်ဘက်ကို ခေါက်ချိုးရတာ ဖြစ်ပါတယ်။ ခေါက်ချိုးထားရင် အပြင်ဘက် မျက်နှာပြင်ကို သုံးနိုင်ပြီး အနောက်ကင်မရာနဲ့ ဆဲလ်ဖီးများ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Samsung ရဲ့ Galaxy Fold မှာတော့ အတွင်းဘက်ကို ခေါက်ချိုးတဲ့ ဒီဇိုင်းကို အသုံးပြုထားတာပါ။

ရှောင်မီကလည်း ခေါက်ချိုး ဖုန်းကို ဖန်တီးနေပါတယ်။ အဲဒီ ဖုန်းကို အသုံးပြုပြနေတဲ့ ဗီဒီယိုများကိုလည်း ကုမ္ပဏီက အွန်လိုင်းမှာ မကြာခဏ မျှဝေနေပါတယ်။ အခြား စမတ်ဖုန်း ကုမ္ပဏီများကလည်း ခေါက်ချိုး ဖုန်းများကို ဖန်တီးနေတဲ့ သတင်းများထွက်နေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.