စားေသာက္ဆိုင္မွာ ေငြရွင္းတဲ့ Credit Card ၂ သန္းရဲ႕ ေဒတာမ်ား အခိုးခံရ

0
122
Stealing a credit card through a laptop concept for computer hacker, network security and electronic banking security

အေမရိကန္မွ စားေသာက္ဆိုင္မ်ား ျဖစ္တဲ့ Buca di Beppo, Planet Hollywood နဲ႔  Earl of Sandwich မ်ားမွာ ေငြရွင္းခဲ့တဲ့ ခရက္ဒစ္ကဒ္ေပါင္း ၂ သန္းရဲ႕ ေဒတာမ်ား ခိုးယူခံခဲ့ရပါတယ္။ အဲဒီ ေဒတာမ်ားကို ကဒ္အတုမ်ားမွာ ထည့္သြင္းၿပီး မသမာသူမ်ားက အသံုးျပဳၾကတာ ျဖစ္ပါတယ္။ နာမည္ေက်ာ္ လံုျခံဳေရး ပညာရွင္ Brian Krebs က Dark Web မွာ ဆိုက္ဘာ ရာဇ၀တ္သားမ်ားက စားသံုးသူမ်ားရဲ႕ ေဒတာမ်ားကို ေရာင္းခ်ေနတယ္လို႔ Buca di Beppo ကို အေၾကာင္းၾကားခဲ့ၿပီးေနာက္မွာ ကုမၸဏီက သိရွိခဲ့တာျဖစ္ပါတယ္။

စားေသာက္ဆိုင္မ်ားရဲ႕ မိခင္ ကုမၸဏီ Earl Enterprises က မသမာသူမ်ားက Point-of-sales System မွာ Malware မ်ား ထည့္သြင္းသြားတာလို႔ ေျပာပါတယ္။ အဲဒီ Malware ဟာ ၁၀ လအထိ စက္မ်ားမွာ ရွိေနခဲ့တာ ျဖစ္ပါတယ္။ Earl Enterprises က ၂၀၁၈ ခုႏွစ္ ေမလ ၂၃ ရက္ကေန ၂၀၁၉ ခုႏွစ္ မတ္လ ၁၈ ရက္ေန႔အၾကားမွာ  Buca di Beppo, Planet Hollywood, Earl of Sandwich, Chicken Guy!, Mixology,  Tequila Taqueria ဆိုင္မ်ားမွာ ေငြရွင္းခဲ့တဲ့ ကဒ္မ်ားရဲ႕ ေဒတာမ်ား ခိုးယူခံရတယ္လို႔ သူ႔ရဲ႕ ၀က္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

ခိုးယူခံရတဲ့ ကဒ္မ်ားရဲ႕ ေဒတာမ်ားထဲမွာ ကဒ္ နံပါတ္မ်ား၊ သက္တမ္းနဲ႔ ကဒ္ကိုင္ေဆာင္သူရဲ႕ အမည္မ်ား ပါ၀င္ပါတယ္။ စုစုေပါင္း ကဒ္ ၂.၁၅ သန္းရဲ႕ ေဒတာမ်ား ပါသြားတယ္လို႔ Krebs က ေျပာပါတယ္။ အြန္လိုင္းကေန အစားအစာ ၀ယ္ယူသူမ်ားရဲ႕ ကဒ္မ်ားမွ ေဒတာမ်ားေတာ့ ခိုးယူျခင္း မခံရဘူးလို႔ သိရပါတယ္။ စားေသာက္ဆိုင္မ်ားမွာ ေငြရွင္းသြားတဲ့ ကဒ္မ်ားရဲ႕ ေဒတာမ်ားသာ ပါသြားတာပါ။ လက္ရွိမွာ Malware ကို ႏွိမ္နင္းၿပီးၿပီလို႔ သိရပါတယ္။

unicode

စားသောက်ဆိုင်မှာ ငွေရှင်းတဲ့ Credit Card ၂ သန်းရဲ့ ဒေတာများ အခိုးခံရ

အမေရိကန်မှ စားသောက်ဆိုင်များ ဖြစ်တဲ့ Buca di Beppo, Planet Hollywood နဲ့ Earl of Sandwich များမှာ ငွေရှင်းခဲ့တဲ့ ခရက်ဒစ်ကဒ်ပေါင်း ၂ သန်းရဲ့ ဒေတာများ ခိုးယူခံခဲ့ရပါတယ်။ အဲဒီ ဒေတာများကို ကဒ်အတုများမှာ ထည့်သွင်းပြီး မသမာသူများက အသုံးပြုကြတာ ဖြစ်ပါတယ်။ နာမည်ကျော် လုံခြုံရေး ပညာရှင် Brian Krebs က Dark Web မှာ ဆိုက်ဘာ ရာဇဝတ်သားများက စားသုံးသူများရဲ့ ဒေတာများကို ရောင်းချနေတယ်လို့ Buca di Beppo ကို အကြောင်းကြားခဲ့ပြီးနောက်မှာ ကုမ္ပဏီက သိရှိခဲ့တာဖြစ်ပါတယ်။

စားသောက်ဆိုင်များရဲ့ မိခင် ကုမ္ပဏီ Earl Enterprises က မသမာသူများက Point-of-sales System မှာ Malware များ ထည့်သွင်းသွားတာလို့ ပြောပါတယ်။ အဲဒီ Malware ဟာ ၁၀ လအထိ စက်များမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ Earl Enterprises က ၂၀၁၈ ခုနှစ် မေလ ၂၃ ရက်ကနေ ၂၀၁၉ ခုနှစ် မတ်လ ၁၈ ရက်နေ့အကြားမှာ Buca di Beppo, Planet Hollywood, Earl of Sandwich, Chicken Guy!, Mixology, Tequila Taqueria ဆိုင်များမှာ ငွေရှင်းခဲ့တဲ့ ကဒ်များရဲ့ ဒေတာများ ခိုးယူခံရတယ်လို့ သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ခိုးယူခံရတဲ့ ကဒ်များရဲ့ ဒေတာများထဲမှာ ကဒ် နံပါတ်များ၊ သက်တမ်းနဲ့ ကဒ်ကိုင်ဆောင်သူရဲ့ အမည်များ ပါဝင်ပါတယ်။ စုစုပေါင်း ကဒ် ၂.၁၅ သန်းရဲ့ ဒေတာများ ပါသွားတယ်လို့ Krebs က ပြောပါတယ်။ အွန်လိုင်းကနေ အစားအစာ ဝယ်ယူသူများရဲ့ ကဒ်များမှ ဒေတာများတော့ ခိုးယူခြင်း မခံရဘူးလို့ သိရပါတယ်။ စားသောက်ဆိုင်များမှာ ငွေရှင်းသွားတဲ့ ကဒ်များရဲ့ ဒေတာများသာ ပါသွားတာပါ။ လက်ရှိမှာ Malware ကို နှိမ်နင်းပြီးပြီလို့ သိရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.