Enterprise Social Trending

ကုန္က်စရိတ္ေလွ်ာ့ခ်ရန္ ၀န္ထမ္း ႏွစ္ေထာင္ေက်ာ္ ရွင္းထုတ္မယ့္ Sony

Zawgyi Version

ထပ္ျဖစ္ျပန္ပါျပီ။ Sony Mobile ဟာ လုပ္ငန္းအတြင္းမွာ အေတာ္ေလးကို ေျပာင္းလဲမႈေတြလုပ္ေဆာင္ေနတာျဖစ္ပါတယ္။ Mobile Communications (MC), Home Entertainment & Sound (HE&S) နဲ႕ Imaging Products & Solutions (IP&S) လုပ္ငန္းေတြကို တစ္ခုတည္းအျဖစ္နဲ႕ ေပါင္းစည္းေနတာပါ။ Electronics Products & Solutions (EP&S) လို႕သိထားတဲ့ နယ္ပယ္ဟာ Shigeki Ishizuka ရဲ႕ ဦးေဆာင္မႈေအာက္ကို ေရာက္သြားပါျပီ။ ထိပ္တန္းအမႈေဆာင္ေတြကေတာ့ ကိန္းဂဏန္းေတြကို တိုးတက္ေအာင္ အလ်င္လိုေနၾကပါျပီ။ မၾကာေသးခင္တုန္းက သူတို႕ရဲ႕ နည္းပညာျမင့္မိုဘို္င္းလ္လုပ္ငန္းဟာ တရုတ္ေတြရဲ႕လုပ္ငန္းကို အမီလိုက္ေနတယ္လို႕ ေျပာခဲ့ပါတယ္။ ဒါဟာ ေဘဂ်င္းမွာရွိတဲ့လုပ္ငန္းေတြပဲျဖစ္ပါတယ္။ ရွန္ဟုိင္းနဲ႕ေတာ့ မႏိႈင္းလိုက္ပါနဲ႕။

ရက္သတၱပတ္အဆံုးမွာေတာ့ Sony ဟာ ေျခလွမ္းသစ္တစ္ခုကို ထပ္မံလုပ္ေဆာင္လိုက္ပါတယ္။ လုပ္ငန္းပိုင္းမွာ ျပိဳင္ဆိုင္ရတာ အလြန္မွပဲၾကမ္းတမ္းလာတဲ့အတြက္ေၾကာင့္ မိုဘိုင္းလ္လုပ္ငန္းက၀န္ထမ္းတစ္၀က္ေလာက္ကို ေလွ်ာ့ခ်ဖို႕ ျပင္ဆင္လိုက္ရတယ္နဲ႕တူပါတယ္။

ဒီလိုရွင္းထုတ္မႈမ်ိဳးက ပထမဆံုးမဟုတ္ေတာ့ပါဘူး။ ျပီးခဲ့တဲ့ႏွစ္ေတြတုန္းကလည္း ရွိခဲ့ဖူးပါတယ္။ ဒီႏွစ္ကေတာ့ ၅၀%ေလာက္ဆိုေတာ့ ျမင္သာသြားတာျဖစ္ပါတယ္။

ဖုန္းလုပ္ငန္းက Sony ကိုပဲ ထိခိုက္ေစတာမဟုတ္ပါဘူး။ Brand အားလံုးနီးပါး ထိခုိက္ေနၾကတာျဖစ္ပါတယ္။ တရုတ္ OEM ေတြထဲမွာ ေကာင္းေကာင္းေနထိုင္ေနရတဲ့ Huawei တို႕ရွိေပမယ့္လည္း မိုဘုိင္းလ္လုပ္ငန္းတစ္ခုလံုးျခံဳေျပာရမယ္ဆုိရင္ တိုးတက္လာတဲ့ႏွစ္ေတာ့ မဟုတ္ပါဘူး။

ဖုန္းအ၀ယ္ေတြ က်ဆင္းသြားတဲ့အတြက္ေၾကာင့္ စီးပြားေရးလုပ္ငန္းမွာ ထိခိုက္မႈေတြရွိေနဆဲျဖစ္ပါတယ္။ Sony အတြက္ေတာ့ ကမာၻအႏွံ႕ျဖန္႕ခ်ိမႈမွာ ၁.၃ဘဘီလ်ံအထိ က်ဆင္းသြားခဲ့ပါတယ္။ IDC လို႕အမည္ရတဲ့ research လုပ္ငန္းတစ္ခုရဲ႕ေလ့လာခ်က္အရဆိုရင္ က်ဆင္းမႈေတြက တတိယႏွစ္တုိင္ေနျပီျဖစ္ပါတယ္။

Sony ဟာ Samsung, Huawei နဲ႕ Apple တို႕ကိုျပိဳင္ဆိုင္ဖို႕အတြက္ ရုန္းကန္ေနရပါတယ္။ အရိုးသားဆံုးေျပာရမယ္ဆုိုရင္ 5G ဖုန္းေတြေတာင္လုပ္ေဆာင္ေနၾကတဲ့သံုးေယာက္ကို ျပိဳင္ဆုိင္ဖို႕ဆိုတာ မျဖစ္ႏုိင္ပါဘူး။

ကုန္က်စရိတ္ေတြေလွ်ာ့ခ်ဖို႕နဲ႕ ျပဳျပင္ေျပာင္းလဲေရးအတြက္ ၀န္ထမ္းေပါင္းႏွစ္ေထာင္ေလာက္ကို ရွင္းထုတ္လုိက္တယ္နဲ႕တူပါတယ္။ ဒီရွင္းထုတ္မႈကေတာ့ မတ္လ ၂၀၂၀ မွာ ျပီးမွာပါ။ ဒါက ေနာက္ဆံုးျဖစ္ပါေစလို႕ ေမွ်ာ္လင့္ပါတယ္။

တရုတ္နဲ႕ ဥေရာပမွာ ရွင္းထုတ္ခံရမယ့္၀န္ထမ္းေတြကိုေတာ့ မိမိဆႏၵအေလ်ာက္ အျငိမ္းစားယူတယ္လို႕ သတ္မွတ္မွာျဖစ္ျပီးေတာ့ ဂ်ပန္က၀န္ထမ္းေတြဟာ အျခားအလုပ္ကိုေျပာင္းေရႊ႕ေပးျခင္းခံရမွာပါ။

လာမယ့္လေတြမွာ Sony Mobile ဟာ အေရွ႕ေတာင္အာရွမွာ ဖုန္းေရာင္းခ်မႈေတြကို ကန္႕သတ္သြားမွာပါ။ အေရွ႕အာရွနဲ႕ ဥေရာပကို ဦးတည္္ေတာ့မွာပါ။ ခန္႕မွန္းထားတဲ့ အေရအတြက္ကေတာ့ ၆.၅မီလ်ံသာ ျဖစ္ပါတယ္။

Sony ရဲ႕ စမတ္ဖုန္းလုပ္ငန္းဟာ ဆံုးရွံဳးမႈေတြနဲ႕ ရင္ဆုိင္ေနရတာျဖစ္ပါတယ္။ TV လုပ္ငန္းကေတာ့ အဆင္ေျပေနပါတယ္။ ကြန္ပ်ဴတာအပိုင္းကဆိုရင္ ေရာင္းေတာင္ျပီးသြားပါျပီ။

Unicode Version

ထပ်ဖြစ်ပြန်ပါပြီ။ Sony Mobile ဟာ လုပ်ငန်းအတွင်းမှာ အတော်လေးကို ပြောင်းလဲမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ Mobile Communications (MC), Home Entertainment & Sound (HE&S) နဲ့ Imaging Products & Solutions (IP&S) လုပ်ငန်းတွေကို တစ်ခုတည်းအဖြစ်နဲ့ ပေါင်းစည်းနေတာပါ။ Electronics Products & Solutions (EP&S) လို့သိထားတဲ့ နယ်ပယ်ဟာ Shigeki Ishizuka ရဲ့ ဦးဆောင်မှုအောက်ကို ရောက်သွားပါပြီ။ ထိပ်တန်းအမှုဆောင်တွေကတော့ ကိန်းဂဏန်းတွေကို တိုးတက်အောင် အလျင်လိုနေကြပါပြီ။ မကြာသေးခင်တုန်းက သူတို့ရဲ့ နည်းပညာမြင့်မိုဘိုင်းလ်လုပ်ငန်းဟာ တရုတ်တွေရဲ့လုပ်ငန်းကို အမီလိုက်နေတယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ ဘေဂျင်းမှာရှိတဲ့လုပ်ငန်းတွေပဲဖြစ်ပါတယ်။ ရှန်ဟိုင်းနဲ့တော့ မနှိုင်းလိုက်ပါနဲ့။
ရက်သတ္တပတ်အဆုံးမှာတော့ Sony ဟာ ခြေလှမ်းသစ်တစ်ခုကို ထပ်မံလုပ်ဆောင်လိုက်ပါတယ်။ လုပ်ငန်းပိုင်းမှာ ပြိုင်ဆိုင်ရတာ အလွန်မှပဲကြမ်းတမ်းလာတဲ့အတွက်ကြောင့် မိုဘိုင်းလ်လုပ်ငန်းကဝန်ထမ်းတစ်ဝက်လောက်ကို လျှော့ချဖို့ ပြင်ဆင်လိုက်ရတယ်နဲ့တူပါတယ်။
ဒီလိုရှင်းထုတ်မှုမျိုးက ပထမဆုံးမဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ရှိခဲ့ဖူးပါတယ်။ ဒီနှစ်ကတော့ ၅၀%လောက်ဆိုတော့ မြင်သာသွားတာဖြစ်ပါတယ်။
ဖုန်းလုပ်ငန်းက Sony ကိုပဲ ထိခိုက်စေတာမဟုတ်ပါဘူး။ Brand အားလုံးနီးပါး ထိခိုက်နေကြတာဖြစ်ပါတယ်။ တရုတ် OEM တွေထဲမှာ ကောင်းကောင်းနေထိုင်နေရတဲ့ Huawei တို့ရှိပေမယ့်လည်း မိုဘိုင်းလ်လုပ်ငန်းတစ်ခုလုံးခြုံပြောရမယ်ဆိုရင် တိုးတက်လာတဲ့နှစ်တော့ မဟုတ်ပါဘူး။
ဖုန်းအဝယ်တွေ ကျဆင်းသွားတဲ့အတွက်ကြောင့် စီးပွားရေးလုပ်ငန်းမှာ ထိခိုက်မှုတွေရှိနေဆဲဖြစ်ပါတယ်။ Sony အတွက်တော့ ကမ္ဘာအနှံ့ဖြန့်ချိမှုမှာ ၁.၃ဘဘီလျံအထိ ကျဆင်းသွားခဲ့ပါတယ်။ IDC လို့အမည်ရတဲ့ research လုပ်ငန်းတစ်ခုရဲ့လေ့လာချက်အရဆိုရင် ကျဆင်းမှုတွေက တတိယနှစ်တိုင်နေပြီဖြစ်ပါတယ်။
Sony ဟာ Samsung, Huawei နဲ့ Apple တို့ကိုပြိုင်ဆိုင်ဖို့အတွက် ရုန်းကန်နေရပါတယ်။ အရိုးသားဆုံးပြောရမယ်ဆိုရင် 5G ဖုန်းတွေတောင်လုပ်ဆောင်နေကြတဲ့သုံးယောက်ကို ပြိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ကုန်ကျစရိတ်တွေလျှော့ချဖို့နဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဝန်ထမ်းပေါင်းနှစ်ထောင်လောက်ကို ရှင်းထုတ်လိုက်တယ်နဲ့တူပါတယ်။ ဒီရှင်းထုတ်မှုကတော့ မတ်လ ၂၀၂၀ မှာ ပြီးမှာပါ။ ဒါက နောက်ဆုံးဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။
တရုတ်နဲ့ ဥရောပမှာ ရှင်းထုတ်ခံရမယ့်ဝန်ထမ်းတွေကိုတော့ မိမိဆန္ဒအလျောက် အငြိမ်းစားယူတယ်လို့ သတ်မှတ်မှာဖြစ်ပြီးတော့ ဂျပန်ကဝန်ထမ်းတွေဟာ အခြားအလုပ်ကိုပြောင်းရွှေ့ပေးခြင်းခံရမှာပါ။
လာမယ့်လတွေမှာ Sony Mobile ဟာ အရှေ့တောင်အာရှမှာ ဖုန်းရောင်းချမှုတွေကို ကန့်သတ်သွားမှာပါ။ အရှေ့အာရှနဲ့ ဥရောပကို ဦးတည်တော့မှာပါ။ ခန့်မှန်းထားတဲ့ အရေအတွက်ကတော့ ၆.၅မီလျံသာ ဖြစ်ပါတယ်။
Sony ရဲ့ စမတ်ဖုန်းလုပ်ငန်းဟာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ TV လုပ်ငန်းကတော့ အဆင်ပြေနေပါတယ်။ ကွန်ပျူတာအပိုင်းကဆိုရင် ရောင်းတောင်ပြီးသွားပါပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.