Huawei P30 ရဲ႕ ေစ်းကို Mi 9 နဲ႔ ယွဥ္ျပလိုက္တဲ့ Xiaomi

0
24

P30 Series မ်ားကို ေၾကညာၿပီးေနာက္မွာ ေရွာင္မီက ဟြာေ၀းကို ဆက္တိုက္တိုက္ခိုက္ေနပါတယ္။ ပြဲၿပီးၿပီးခ်င္းမွာ ေရွာင္မီက သူ႔ရဲ႕ စြမ္းရည္ျမင့္ ဖုန္းမ်ားမွာ ထည့္ထားတဲ့ Snapdragon 855 Chipset ကို Huawei P30 Series မ်ားမွာ မထည့္ထားလို႔ ေလွာင္ေျပာင္ခဲ့တာျဖစ္ပါတယ္။ Xiaomi UK က Meme တစ္ခုကို တြစ္တာမွာ တင္ခဲ့တာပါ။ မီမီမွာ  လမ္းဆံုလမ္းခြ တစ္ခုမွာ Huawei P30 ကို ကိုယ္စားျပဳတဲ့ ကားဟာ Newest Chipset လမ္းဘက္ကို မသြားဘဲ Swarovski Crystal Phone Case လမ္းဘက္ကို ခ်ိဳးခ်သြားတာကို ျပသထားပါတယ္။

အခုလည္း ေရွာင္မီက Facebook မွာ Huawei P30 ရဲ႕ ျမင့္မားတဲ့ ေစ်းကို ေလွာင္ေျပာင္လိုက္ပါတယ္။ ပို႔စ္က စာသားမွာ “ Xiaomi ဟာ စားသံုးသူမ်ားအတြက္ အေကာင္းစား ထုတ္ကုန္မ်ားကို အမွန္ကန္ဆံုးေစ်းမ်ားနဲ႔ ေရာင္းခ်ေပးေနပါတယ္။ စြမ္းရည္ျမင့္ ဖုန္း တစ္လံုးအတြက္ ေငြမ်ားစြာ သံုးဖို႔လိုတယ္လို႔ သင္ထင္ပါသလား?” လို႔ ေရးသားထားပါတယ္။

ဓါတ္ပံုမွာ Mi 9 နဲ႔ P30 ရဲ႕ ပံုမ်ား၊ Specs မ်ားနဲ႔ ေစ်းႏႈန္းမ်ားကို ႏိႈင္းယွဥ္ျပသထားပါတယ္။ စပိန္မွာ Mi 9 ဟာ ယူရို ၄၉၉ နဲ႔ P30 ဟာ ယူရို ၇၉၉ ရွိပါတယ္။ ဟြာေ၀းဟာ ကမာၻ႕ ဒုတိယ အႀကီးဆံုး ဖုန္း ကုမၸဏီ ျဖစ္လာတာနဲ႔ အမွ် သူ႔ဖုန္းမ်ားရဲ႕ ေစ်းဟာလည္း Apple နဲ႔ Samsung တို႔နဲ႔ ရင္ေဘာင္တန္းလာပါတယ္။

unicode

Huawei P30 ရဲ့ ဈေးကို Mi 9 နဲ့ ယှဉ်ပြလိုက်တဲ့ Xiaomi

P30 Series များကို ကြေညာပြီးနောက်မှာ ရှောင်မီက ဟွာဝေးကို ဆက်တိုက်တိုက်ခိုက်နေပါတယ်။ ပွဲပြီးပြီးချင်းမှာ ရှောင်မီက သူ့ရဲ့ စွမ်းရည်မြင့် ဖုန်းများမှာ ထည့်ထားတဲ့ Snapdragon 855 Chipset ကို Huawei P30 Series များမှာ မထည့်ထားလို့ လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။ Xiaomi UK က Meme တစ်ခုကို တွစ်တာမှာ တင်ခဲ့တာပါ။ မီမီမှာ လမ်းဆုံလမ်းခွ တစ်ခုမှာ Huawei P30 ကို ကိုယ်စားပြုတဲ့ ကားဟာ Newest Chipset လမ်းဘက်ကို မသွားဘဲ Swarovski Crystal Phone Case လမ်းဘက်ကို ချိုးချသွားတာကို ပြသထားပါတယ်။

အခုလည်း ရှောင်မီက Facebook မှာ Huawei P30 ရဲ့ မြင့်မားတဲ့ ဈေးကို လှောင်ပြောင်လိုက်ပါတယ်။ ပို့စ်က စာသားမှာ “ Xiaomi ဟာ စားသုံးသူများအတွက် အကောင်းစား ထုတ်ကုန်များကို အမှန်ကန်ဆုံးဈေးများနဲ့ ရောင်းချပေးနေပါတယ်။ စွမ်းရည်မြင့် ဖုန်း တစ်လုံးအတွက် ငွေများစွာ သုံးဖို့လိုတယ်လို့ သင်ထင်ပါသလား?” လို့ ရေးသားထားပါတယ်။

ဓါတ်ပုံမှာ Mi 9 နဲ့ P30 ရဲ့ ပုံများ၊ Specs များနဲ့ ဈေးနှုန်းများကို နှိုင်းယှဉ်ပြသထားပါတယ်။ စပိန်မှာ Mi 9 ဟာ ယူရို ၄၉၉ နဲ့ P30 ဟာ ယူရို ၇၉၉ ရှိပါတယ်။ ဟွာဝေးဟာ ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဖုန်း ကုမ္ပဏီ ဖြစ်လာတာနဲ့ အမျှ သူ့ဖုန်းများရဲ့ ဈေးဟာလည်း Apple နဲ့ Samsung တို့နဲ့ ရင်ဘောင်တန်းလာပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.