Enterprise Social Trending

MacBook ကီးဘုတ္ေတြအဆင္မေျပျဖစ္ေနမႈအား Apple ေတာင္းပန္

Zawgyi Version

MacBook ပုိင္ရွင္ေတြ ေဒါသထြက္ေနတဲ့အတြက္ေၾကာင့္ Apple မွ လူသိရွင္ၾကား ေတာင္းပန္လိုက္တာပဲ ျဖစ္ပါတယ္။ keyboard နည္းပညာအသစ္ကို စတင္မိတ္ဆက္ခဲ့တာ အခုဆိုရင္ ေလးႏွစ္ေတာင္ျပည့္ခဲ့ျပီ။ ဒါေပမယ့္လည္း ေခါင္းခဲစရာ၊ ရင္တုန္စရာေတြျဖစ္ေနတုန္းပါပဲ။ third generation MacBook ရဲ႕ “butterfly” ကီးဘုတ္ေတြဟာ အခက္အခဲေတြကို ေျဖရွင္းျပီးေလာက္ျပီလို႕ ယူဆထားၾကေပမယ့္လည္း Apple ရဲ႕ ၀န္ခံခ်က္အရ သံုးစြဲသူအခ်ိဳ႕မွာ အဆင္မေျပျဖစ္္ေနတုန္းလို႕ ဆိုပါတယ္။ Apple ရဲ႕ ေျပာၾကားခ်က္အရဆိုရင္ေတာ့ သံုးစြဲသူအနည္းငယ္မွာသာ ျဖစ္ပ်က္ခဲ့တာပါ။

Butterfly သံုးရျခင္းက ကီးရဲ႕အျမင့္ကိုေလွ်ာ့ခ်လိုက္တာမို႕ MacBook ေတြကို ပိုမိုပါးလႊာေစေအာင္လုပ္ေဆာင္တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေဘးထြက္ဆိုးက်ိဳးအေနနဲ႕ လူတုိင္းေတြးမိတာထက္ ပိုဆိုးတာကို ၾကံဳေတြ႕ရပါတယ္။ ကီးေတြဟာ ညစ္ပတ္၊ ဖုန္၀င္တဲ့အခ်ိ္န္မွာ အလုပ္မလုပ္ႏုိင္ေတာ့ပါဘူး။ ဒါဟာ မျဖစ္စေလာက္အေျခအေနမဟုတ္ဘဲ တရားစြဲဆိုမႈေတြအထိ ျဖစ္ေစခဲ့တာပါ။

third generation MacBook ကီးဘုတ္ေတြမွာ ရာဘာအေမွးေလးပါ၀င္ျပီးေတာ့ ကီးေတြကို အမႈန္ၾကီးေတြကေန ကာကြယ္ေပးထားတယ္လို႕ ဆိုပါတယ္။ ဒါေပမယ့္လည္း butterfly ပစၥည္းေတြက စာစီစာရိုက္အျမဲတမ္းလုပ္ေနတဲ့သူေတြအတြက္ အဆင္ေျပႏုိင္ပါ့မလားဆိုတာကလည္း ေမးခြန္းထုတ္စရာတစ္ခုျဖစ္ေနပါတယ္။

ေ၀ဖန္မႈေတြ၊ အျပစ္တင္မႈေတြကို တံု႕ျပန္တဲ့အေနနဲ႕ Apple ရဲ႕ ေျပာဆိုခြင့္ရွိသူတစ္ေယာက္က “သံုးစြဲသူအခ်ိဳ႕မွာ ေတြ႕ၾကံဳေနရတဲ့ third-generation butterfly ကီးဘုတ္အေၾကာင္း သိရွိထားျပီးပါျပီ။ အဲဒီအတြက္လည္း ကၽြန္ေတာ္တို႕ စိတ္မေကာင္းပါဘူး။” ဒါဟာ ေျပာေနၾကစကားတစ္ခုလိုျဖစ္ေနပါတယ္။ ဒါေပမယ့္လည္း စဥ္းစားစရာတစ္ခုက သူတို႕ဟာ ဒီလိုမ်ိဳးျဖစ္ရပ္ေတြကို လူသိရွင္ၾကား၀န္ခံလိုက္တယ္ဆိုတဲ့အခ်က္ပါ။

ဒါဟာ ကိစၥမရွိဘူးလို႕ ေျပာလိုက္သလိုပါပဲ။ အမ်ားစုဆိုတဲ့စကားလံုးကို ေျပာဆိုခြင့္ရွိသူက သံုးထားပါတယ္။ အမ်ားစုကေတာ့ ေကာင္းမြန္တဲ့အေတြ႕အၾကံဳေတြ ခံစားရတယ္လို႕ ဆိုထားပါတယ္။ Apple အတြက္ စိတ္မေကာင္းစရာကေတာ့ သံုးစြဲသူေတြက တရားစြဲဆိုၾကေတာ့မယ္ဆိုရင္ ျပင္ဆင္ထားဖို႕လိုေနပါျပီ။

Unicode Version

MacBook ပိုင်ရှင်တွေ ဒေါသထွက်နေတဲ့အတွက်ကြောင့် Apple မှ လူသိရှင်ကြား တောင်းပန်လိုက်တာပဲ ဖြစ်ပါတယ်။ keyboard နည်းပညာအသစ်ကို စတင်မိတ်ဆက်ခဲ့တာ အခုဆိုရင် လေးနှစ်တောင်ပြည့်ခဲ့ပြီ။ ဒါပေမယ့်လည်း ခေါင်းခဲစရာ၊ ရင်တုန်စရာတွေဖြစ်နေတုန်းပါပဲ။ third generation MacBook ရဲ့ “butterfly” ကီးဘုတ်တွေဟာ အခက်အခဲတွေကို ဖြေရှင်းပြီးလောက်ပြီလို့ ယူဆထားကြပေမယ့်လည်း Apple ရဲ့ ဝန်ခံချက်အရ သုံးစွဲသူအချို့မှာ အဆင်မပြေဖြစ်နေတုန်းလို့ ဆိုပါတယ်။ Apple ရဲ့ ပြောကြားချက်အရဆိုရင်တော့ သုံးစွဲသူအနည်းငယ်မှာသာ ဖြစ်ပျက်ခဲ့တာပါ။
Butterfly သုံးရခြင်းက ကီးရဲ့အမြင့်ကိုလျှော့ချလိုက်တာမို့ MacBook တွေကို ပိုမိုပါးလွှာစေအောင်လုပ်ဆောင်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ လူတိုင်းတွေးမိတာထက် ပိုဆိုးတာကို ကြုံတွေ့ရပါတယ်။ ကီးတွေဟာ ညစ်ပတ်၊ ဖုန်ဝင်တဲ့အချိန်မှာ အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါဟာ မဖြစ်စလောက်အခြေအနေမဟုတ်ဘဲ တရားစွဲဆိုမှုတွေအထိ ဖြစ်စေခဲ့တာပါ။
third generation MacBook ကီးဘုတ်တွေမှာ ရာဘာအမှေးလေးပါဝင်ပြီးတော့ ကီးတွေကို အမှုန်ကြီးတွေကနေ ကာကွယ်ပေးထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း butterfly ပစ္စည်းတွေက စာစီစာရိုက်အမြဲတမ်းလုပ်နေတဲ့သူတွေအတွက် အဆင်ပြေနိုင်ပါ့မလားဆိုတာကလည်း မေးခွန်းထုတ်စရာတစ်ခုဖြစ်နေပါတယ်။
ဝေဖန်မှုတွေ၊ အပြစ်တင်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ Apple ရဲ့ ပြောဆိုခွင့်ရှိသူတစ်ယောက်က “သုံးစွဲသူအချို့မှာ တွေ့ကြုံနေရတဲ့ third-generation butterfly ကီးဘုတ်အကြောင်း သိရှိထားပြီးပါပြီ။ အဲဒီအတွက်လည်း ကျွန်တော်တို့ စိတ်မကောင်းပါဘူး။” ဒါဟာ ပြောနေကြစကားတစ်ခုလိုဖြစ်နေပါတယ်။ ဒါပေမယ့်လည်း စဉ်းစားစရာတစ်ခုက သူတို့ဟာ ဒီလိုမျိုးဖြစ်ရပ်တွေကို လူသိရှင်ကြားဝန်ခံလိုက်တယ်ဆိုတဲ့အချက်ပါ။
ဒါဟာ ကိစ္စမရှိဘူးလို့ ပြောလိုက်သလိုပါပဲ။ အများစုဆိုတဲ့စကားလုံးကို ပြောဆိုခွင့်ရှိသူက သုံးထားပါတယ်။ အများစုကတော့ ကောင်းမွန်တဲ့အတွေ့အကြုံတွေ ခံစားရတယ်လို့ ဆိုထားပါတယ်။ Apple အတွက် စိတ်မကောင်းစရာကတော့ သုံးစွဲသူတွေက တရားစွဲဆိုကြတော့မယ်ဆိုရင် ပြင်ဆင်ထားဖို့လိုနေပါပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.