Enterprise Social Trending

ကားေပၚကေန၀ယ္ယူႏုိင္တဲ့ drive-thru မီႏူးေတြမွာ AI စနစ္ကိုအသံုးျပဳေတာ့မယ့္ McDonald

Zawgyi Version

ေနာင္တစ္ၾကိမ္ McDonald ဆုိင္ကို ကားေမာင္း၀င္သြားတဲ့အခ်ိန္မွာ မီႏူးေတြက သင္ေအာ္ဒါမွာေနတုန္းမွာ ေျပာင္းလဲသြားတာကို ျမင္ရပါလိမ့္မယ္။ ဒါေလးက သင့္ကိုေနာက္ထပ္ ၀ယ္ခ်င္ေအာင္ ဆြဲေဆာင္မွာျဖစ္ပါတယ္။ အသင့္စားလုပ္ငန္းမွာေအာင္ျမင္ေနတဲ့ McDonald ဟာ machine learning startup Dynamic Yield ကို ေဒၚလာ၃၀၀ မီလ်ံနဲ႕၀ယ္ယျပီးေနာက္မွာေတာ့ ပထမဆံုးအသံုးခ်တဲ့အေနနဲ႕ drive-thru (ကားေပၚမွ မွာလို႕ရတဲ့ေနရာ)မွာ စတင္အသံုးျပဳမွာျဖစ္ပါတယ္။

အဲဒီစနစ္မွာ ရာသီဥတု၊ အခ်ိန္၊ ေဒသဆုိင္ရာပြဲအခမ္းအနား၊ စားေသာက္ဆုိင္ရဲ႕ လူက်ေနမႈအေျခအေနနဲ႕ အနီးနားက လမ္းမေတြရဲ႕ ယာဥ္ေၾကာအေျခအေန၊ အရင္ေရာင္းအားအခ်က္အလက္ေတြ၊ လက္ရွိလူၾကိဳက္မ်ားေနတဲ့အစားအစာေတြ စတာေတြကို ေလ့လာသံုးသပ္ျပီးေတာ့ သင္မွာယူမယ့္ေအာ္ဒါေလးကို ကူညီေပးသြားမွာပါ။ ပူျပင္းတဲ့အခ်ိန္မွာ McFlurry ဒါမွမဟုတ္ iced coffee ကို အၾကံေပးမွာျဖစ္ျပီးေတာ့ အခ်ိန္အၾကာၾကီးေစာင့္ဆုိင္းရမယ္လို႕ သိေနတဲ့အခ်ိန္မွာ အလားတူအမ်ိဳးအစားေတြကို အၾကံေပးသြားမွာျဖစ္ပါတယ္။ ဒါကေတာ့ ၀န္ထမ္းေတြလည္း ျပင္ဆင္ရျမန္ဆန္ေစမွာပါ။ ေအးေနတယ္ဆိုရင္ေတာ့ ပူပူေလးစားရမယ့္အရာေတြကို ျပသေပးမွာပါ။

McDonald ဟာ AI ေလးကို မႏွစ္ကတည္းက စားေသာက္ဆုိင္အေတာ္မ်ားမ်ားမွာ စမ္းသပ္ခဲ့ပါတယ္။ သံုးလအတြင္းမွာ ေနရာေပါင္း ၁၀၀၀ ထက္မက အသံုးျပဳသြားနိုင္ဖို႕ ေမွ်ာ္မွန္းထားတယ္လို႕လည္း သိရပါတယ္။ အဲဒီစနစ္ေလးဟာ ယူအက္စ္စားေသာက္ဆုိင္ေပါင္း ၁၄၀၀၀ ကို ရိုက္ခတ္မွာျဖစ္ျပီးေတာ့ အျခားေစ်းကြက္ေတြကိုလည္း ခ်ဲ႕ထြင္လုပ္ေဆာင္ဖို႕ ရွိေနပါတယ္။ McDonald ဟာ AI ေလးကို mobile app ေလးမွာလည္း ထည့္သြင္းဖို႕ ၾကံေနပါတယ္။ ဒါဟာ သူတို႕လုပ္ငန္းကို အမ်ားၾကီးေျပာင္းလဲသြားေစႏုိင္ပါတယ္။

Dynamic Yield ဟာ လြတ္လပ္တဲ့လုပ္ငန္းအျဖစ္နဲ႕ လည္ပတ္ေနဆဲျဖစ္ျပီးေတာ့ license plate recognition ကိုလည္း စနစ္ရဲ႕တစ္စိတ္တစ္ပိုင္းအေနနဲ႕ အသံုးျပဳသြားမွာျဖစ္ပါတယ္။ ဒါဆိုရင္ သင့္ရဲ႕၀ယ္ယူမႈသမုိင္းေၾကာင္းေတြအလိုက္ သင့္ကိုေရာင္းခ်ေပးေတာ့မယ္လို႕ စိတ္ကူးၾကည့္လိုက္ပါ။

Unicode Version

နောင်တစ်ကြိမ် McDonald ဆိုင်ကို ကားမောင်းဝင်သွားတဲ့အချိန်မှာ မီနူးတွေက သင်အော်ဒါမှာနေတုန်းမှာ ပြောင်းလဲသွားတာကို မြင်ရပါလိမ့်မယ်။ ဒါလေးက သင့်ကိုနောက်ထပ် ဝယ်ချင်အောင် ဆွဲဆောင်မှာဖြစ်ပါတယ်။ အသင့်စားလုပ်ငန်းမှာအောင်မြင်နေတဲ့ McDonald ဟာ machine learning startup Dynamic Yield ကို ဒေါ်လာ၃၀၀ မီလျံနဲ့ဝယ်ယပြီးနောက်မှာတော့ ပထမဆုံးအသုံးချတဲ့အနေနဲ့ drive-thru (ကားပေါ်မှ မှာလို့ရတဲ့နေရာ)မှာ စတင်အသုံးပြုမှာဖြစ်ပါတယ်။
အဲဒီစနစ်မှာ ရာသီဥတု၊ အချိန်၊ ဒေသဆိုင်ရာပွဲအခမ်းအနား၊ စားသောက်ဆိုင်ရဲ့ လူကျနေမှုအခြေအနေနဲ့ အနီးနားက လမ်းမတွေရဲ့ ယာဉ်ကြောအခြေအနေ၊ အရင်ရောင်းအားအချက်အလက်တွေ၊ လက်ရှိလူကြိုက်များနေတဲ့အစားအစာတွေ စတာတွေကို လေ့လာသုံးသပ်ပြီးတော့ သင်မှာယူမယ့်အော်ဒါလေးကို ကူညီပေးသွားမှာပါ။ ပူပြင်းတဲ့အချိန်မှာ McFlurry ဒါမှမဟုတ် iced coffee ကို အကြံပေးမှာဖြစ်ပြီးတော့ အချိန်အကြာကြီးစောင့်ဆိုင်းရမယ်လို့ သိနေတဲ့အချိန်မှာ အလားတူအမျိုးအစားတွေကို အကြံပေးသွားမှာဖြစ်ပါတယ်။ ဒါကတော့ ဝန်ထမ်းတွေလည်း ပြင်ဆင်ရမြန်ဆန်စေမှာပါ။ အေးနေတယ်ဆိုရင်တော့ ပူပူလေးစားရမယ့်အရာတွေကို ပြသပေးမှာပါ။
McDonald ဟာ AI လေးကို မနှစ်ကတည်းက စားသောက်ဆိုင်အတော်များများမှာ စမ်းသပ်ခဲ့ပါတယ်။ သုံးလအတွင်းမှာ နေရာပေါင်း ၁၀၀၀ ထက်မက အသုံးပြုသွားနိုင်ဖို့ မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။ အဲဒီစနစ်လေးဟာ ယူအက်စ်စားသောက်ဆိုင်ပေါင်း ၁၄၀၀၀ ကို ရိုက်ခတ်မှာဖြစ်ပြီးတော့ အခြားဈေးကွက်တွေကိုလည်း ချဲ့ထွင်လုပ်ဆောင်ဖို့ ရှိနေပါတယ်။ McDonald ဟာ AI လေးကို mobile app လေးမှာလည်း ထည့်သွင်းဖို့ ကြံနေပါတယ်။ ဒါဟာ သူတို့လုပ်ငန်းကို အများကြီးပြောင်းလဲသွားစေနိုင်ပါတယ်။
Dynamic Yield ဟာ လွတ်လပ်တဲ့လုပ်ငန်းအဖြစ်နဲ့ လည်ပတ်နေဆဲဖြစ်ပြီးတော့ license plate recognition ကိုလည်း စနစ်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဝယ်ယူမှုသမိုင်းကြောင်းတွေအလိုက် သင့်ကိုရောင်းချပေးတော့မယ်လို့ စိတ်ကူးကြည့်လိုက်ပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.