Social Trending

iOS 12.2 အသစ်မှာ ဘာတွေပါဝင်မလဲ

Zawgyi Version





Unicode Version

Apple ရဲ့ iOS 12.2 software update ကတော့ ထွက်ရှိလို့လာခဲ့ပါပြီ။ update ဆိုတဲ့အတိုင်း feature အသစ်တွေကို iPhone နဲ့ iPad အတွက် ယူဆောင်ပေးနေတာဖြစ်ပါတယ်။ EverythingApplePro ဆီက တွေ့ရတဲ့ဗွီဒီယိုလေးမှာတော့ ကျွန်တော်တို့သိချင်နေတဲ့အကြောင်းအရာတွေအားလုံး ပါဝင်နေတာမို့ ဖော်ပြပေးလိုက်ပါတယ်။
အောက်မှာဖော်ပြပေးထားတဲ့ဗွီဒီယိုလေးထဲမှာ ပြောင်းလဲမှုအချို့ကို တွေ့မြင်ရမှာဖြစ်သလို feature အသစ်တွေက ဘယ်လိုမျိုးတွေဆိုတာလည်း ကြည့်ရှုကြရမှာပါ။


iOS 12.2 update လေးမှာ boar ၊ shark ၊ giraffe ၊ owl စတဲ့ Animoji အသစ်တွေ ထည့်သွင်းပေးထားပါတယ်။ AirPlay 2 နဲ့ HomeKit ကိုလည်း party TVs မှာ ထောက်ပံ့ပေးထားပါတယ်။ အဲဒီမှာ Samsung, Sony နဲ့ LG တို့လည်း ပါဝင်နေပါတယ်။
Apple News နဲ့ ပါတ်သတ်တဲ့ update ကတော့ Canada အတွက်ဖြစ်ပြီး Apple News+ subscription ဝန်ဆောင်မှုကိုလည်း အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ iOS software update လေးကို အခုပဲ ဒေါင်းလုတ်ဆွဲလို့ရနေပြီဖြစ်ပါတယ်။ Settings > General > Software Update ကို သွားဖို့ပဲလိုပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.