Galaxy Fold ရဲ႕ ၾကံ႕ခိုင္မႈကိုသက္ေသထူထားတဲ့ဗြီဒီယိုတစ္ခု Samsung ျပသ

0
26

Zawgyi Version

ႏွစ္တုိင္းမွာ စက္၀န္းတစ္ခုသတ္မွတ္ျပီးေတာ့ Apple နဲ႕ Samsung တို႕ဟာ flagship အသစ္ေတြကို မိတ္ဆက္ေပးေနၾကျဖစ္ပါတယ္။ ဒီေန႕မွာဆိုရင္ စိတ္လႈပ္ရွားမႈေတြအျပည့္ကို သယ္ေဆာာင္လာမယ့္ ၊ mobile photography ပိုင္းမွာ အသစ္အဆန္းေပးႏုိင္မယ့္ ဖုန္းေလးတစ္လံုးအေၾကာင္း ဗြီဒီယိုေလး ထြက္ေပၚလာပါတယ္။ ဒီေန႕ေခတ္မွာ စမတ္ဖုန္းထုတ္လုပ္သူေတြအတြက္ သံုးစြဲသူအထင္ၾကီးေအာင္လုပ္ဖို႕က စိန္ေခၚမႈတစ္ခုလိုျဖစ္ေနပါတယ္။ ဥပမာ iPhone ဆိုရင္ အေကာင္းဆံုးျဖစ္ေပမယ့္လည္း အသစ္နဲ႕ အေဟာင္း အရမ္းၾကီးကြဲထြက္ေနတာမ်ိဳးေတြ မရွိတဲ့ႏွစ္လို႕လည္း ေျပာႏုိင္ပါတယ္။

ဒီလိုေျပာလိုက္တဲ့အတြက္ ေခါက္ခ်ိဳးစမတ္ဖုန္းေတြက အနာဂတ္မွာ ရိုက္ခတ္မႈၾကီးျဖစ္လိမ့္မယ္လို႕ ေတြးပါလိမ့္မယ္။ ဒါကလည္း ျဖစ္ႏုိင္ပါတယ္။ အမ်ားၾကီးေတာ့ မျဖစ္ဘူးထင္တာပဲ။ စိတ္လႈပ္ရွားဖို႕ေကာင္းတာက Samsung Galaxy Fold နဲ႕ Huawei Mate X တို႕ကို ဒီႏွစ္ထဲမွာ ေတြ႕ျမင္ခံစားရေတာ့မွာပါ။

လုပ္ငန္းပိုင္းမွာ အသစ္အဆန္းျဖစ္တဲ့ဒီဇုိင္းေတြနဲ႕ဆိုေတာ့ ၾကံ႕ခိုင္မႈကလည္း ေမးခြန္းထုတ္စရာတစ္ခုျဖစ္ေနပါတယ္။ မၾကာေသးခင္တုန္းက ေခါက္ခ်ိဳးစမတ္ဖုန္းေတြမွာ ပတၱာေလးေတြပါလာတဲ့အတြက္ေၾကာင့္ ဘယ္ေလာက္ေတာင္ ေကြးဆန္႕ႏုိင္မလဲဆိိုတာကို ေမးခြန္းထုတ္ေနၾကတဲ့သူေတြ မ်ားလာပါတယ္။

ဒီလိုေမးခြန္းေတြကို Samsung က ဗြီဒီယိုေလးတစ္ခုနဲ႕ အေျဖေပးလုိက္ပါတယ္။ Galaxy Fold ဟာ တစ္ေန႕တာအသံုးျပဳမႈအတြက္ ၾကံ႕ခိုင္ပါရဲ႕လား။

“ဒီစမ္းသပ္မႈကေတာ့ Galaxy Fold ေလးဟာ တစ္ေန႕ကို အၾကိမ္၁၀၀ ေကြးဆန္႕မယ္ဆိုရင္ ငါးႏွစ္ေလာက္ အသံုးျပဳႏုိင္မလားဆိုတာကို စစ္ေဆးတာျဖစ္ပါတယ္။ စမ္းသပ္မႈျပီးေအာင္ တစ္ပတ္ေလာက္ကို အခ်ိန္ယူခဲ့ရပါတယ္” လို႕ Samsung က ေျပာထားပါတယ္။ “ဒီစမ္းသပ္ခ်က္ဟာ အခ်ိဳ႕လူေတြအတြက္ ရင္နာစရာျဖစ္ေကာင္းျဖစ္ေနပါလိမ့္မယ္။ ဒါေပမယ့္လည္း ဘယ္ေလာက္ေတာင္ ၾကံ႕ခိုင္သလဲဆိုတာကို ဆံုးျဖတ္ဖို႕အတြက္ ရင္းခဲ့ရတာပါ”

ဗြီဒီယိုေလးကိုေတာ့ ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

Galaxy Fold ကို ဧျပီ၂၆မွာ ထြက္ရွိေပးမွာျဖစ္ျပီးေတာ့ ေစ်းႏႈန္းက ေဒၚလာ၂၀၀၀ နဲ႕ ေရာင္းခ်မွာျဖစ္ပါတယ္။

Unicode Version

နှစ်တိုင်းမှာ စက်ဝန်းတစ်ခုသတ်မှတ်ပြီးတော့ Apple နဲ့ Samsung တို့ဟာ flagship အသစ်တွေကို မိတ်ဆက်ပေးနေကြဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင် စိတ်လှုပ်ရှားမှုတွေအပြည့်ကို သယ်ဆောာင်လာမယ့် ၊ mobile photography ပိုင်းမှာ အသစ်အဆန်းပေးနိုင်မယ့် ဖုန်းလေးတစ်လုံးအကြောင်း ဗွီဒီယိုလေး ထွက်ပေါ်လာပါတယ်။ ဒီနေ့ခေတ်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေအတွက် သုံးစွဲသူအထင်ကြီးအောင်လုပ်ဖို့က စိန်ခေါ်မှုတစ်ခုလိုဖြစ်နေပါတယ်။ ဥပမာ iPhone ဆိုရင် အကောင်းဆုံးဖြစ်ပေမယ့်လည်း အသစ်နဲ့ အဟောင်း အရမ်းကြီးကွဲထွက်နေတာမျိုးတွေ မရှိတဲ့နှစ်လို့လည်း ပြောနိုင်ပါတယ်။
ဒီလိုပြောလိုက်တဲ့အတွက် ခေါက်ချိုးစမတ်ဖုန်းတွေက အနာဂတ်မှာ ရိုက်ခတ်မှုကြီးဖြစ်လိမ့်မယ်လို့ တွေးပါလိမ့်မယ်။ ဒါကလည်း ဖြစ်နိုင်ပါတယ်။ အများကြီးတော့ မဖြစ်ဘူးထင်တာပဲ။ စိတ်လှုပ်ရှားဖို့ကောင်းတာက Samsung Galaxy Fold နဲ့ Huawei Mate X တို့ကို ဒီနှစ်ထဲမှာ တွေ့မြင်ခံစားရတော့မှာပါ။
လုပ်ငန်းပိုင်းမှာ အသစ်အဆန်းဖြစ်တဲ့ဒီဇိုင်းတွေနဲ့ဆိုတော့ ကြံ့ခိုင်မှုကလည်း မေးခွန်းထုတ်စရာတစ်ခုဖြစ်နေပါတယ်။ မကြာသေးခင်တုန်းက ခေါက်ချိုးစမတ်ဖုန်းတွေမှာ ပတ္တာလေးတွေပါလာတဲ့အတွက်ကြောင့် ဘယ်လောက်တောင် ကွေးဆန့်နိုင်မလဲဆိုတာကို မေးခွန်းထုတ်နေကြတဲ့သူတွေ များလာပါတယ်။
ဒီလိုမေးခွန်းတွေကို Samsung က ဗွီဒီယိုလေးတစ်ခုနဲ့ အဖြေပေးလိုက်ပါတယ်။ Galaxy Fold ဟာ တစ်နေ့တာအသုံးပြုမှုအတွက် ကြံ့ခိုင်ပါရဲ့လား။
“ဒီစမ်းသပ်မှုကတော့ Galaxy Fold လေးဟာ တစ်နေ့ကို အကြိမ်၁၀၀ ကွေးဆန့်မယ်ဆိုရင် ငါးနှစ်လောက် အသုံးပြုနိုင်မလားဆိုတာကို စစ်ဆေးတာဖြစ်ပါတယ်။ စမ်းသပ်မှုပြီးအောင် တစ်ပတ်လောက်ကို အချိန်ယူခဲ့ရပါတယ်” လို့ Samsung က ပြောထားပါတယ်။ “ဒီစမ်းသပ်ချက်ဟာ အချို့လူတွေအတွက် ရင်နာစရာဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့်လည်း ဘယ်လောက်တောင် ကြံ့ခိုင်သလဲဆိုတာကို ဆုံးဖြတ်ဖို့အတွက် ရင်းခဲ့ရတာပါ”
ဗွီဒီယိုလေးကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။


Galaxy Fold ကို ဧပြီ၂၆မှာ ထွက်ရှိပေးမှာဖြစ်ပြီးတော့ ဈေးနှုန်းက ဒေါ်လာ၂၀၀၀ နဲ့ ရောင်းချမှာဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.