Android ပေါ်မှာ Apple Music ရဲ့ ကျော်ကြားမှု တစ်ဟုန်ထိုးမြင့်တက်နေ
0
10
Zawgyi Version
Unicode Version
Apple Music subscriber တွေဟာ Spotify ကို မကျော်သေးပေမယ့်လည်း Apple ကတော့ streaming service ကို ဆက်လက်လုပ်ဆောင်နေပါတယ်။ နောက်ဆုံးကြားထားတဲ့သတင်းအရဆိုရင် Apple Music ဟာ paid subscriber ပေါင်း ၅၆မီလျံရှိနေပါပြီ။ အဲဒီအချိန်မှာ ဝန်ဆောင်မှုရဲ့သက်တမ်းဟာ လေးနှစ်တောင် မပြည့်သေးပါဘူး။ ဒီတော့ အထင်ကြီးစရာဖြစ်နေပါတယ်။
Android သုံးစွဲသူတွေ မြင့်တက်လာပြီး Apple Music ကို စမ်းသပ်သုံးစွဲနေတာကိုလည်း တစ်ဖက်က သိလိုက်ရပါတယ်။ Sensor Tower ရဲ့ စစ်တမ်းတွေအရ Apple Music ကို Google Play Store ကနေ ဒေါင်းလုတ်ဆွဲတဲ့နှုန်းဟာ ၂၀၁၉ ရဲ့ ပထမဆုံးသုံးလအတွင်းမှာပဲ ၃.၈မီလျံအထိ ရောက်နေပါပြီ။
အောက်မှာပြထားတဲ့ ကိန်းဂဏန်းတွေအရ Apple Music သွင်းနှုန်းကို Android မှာ တိုးတက်လာတာမြင်နိုင်ပါတယ်။ မြင်ရတဲ့အတိုင်းပါပဲ။ ၂၀၁၈ အစောပိုင်းမှာတည်းက မြင့်တက်လာခဲ့တာပါ။
လွန်ခဲ့တဲ့နှစ်တွေကတည်းက ၄၀မီလျံသော Android သမားတွေဟာ Apple Music ကို သုံးစွဲနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၄၀မီလျံလုံးက subscription လုပ်ထားတယ်လို့ မပြောပါဘူး။ များသောအားဖြင့် Android ရော iOS မှာပါ Apple Music သုံးတဲ့သူတိုင်းက paid subscriber ဖြစ်ဖို့ မလွယ်ကြပါဘူး။ ဒါပေမယ့်လည်း installနှုန်းမြင့်တက်လာတဲ့အတွက်ကြောင့် paid subscription လုပ်တဲ့သူလည်း မြင့်တက်လာတယ်လို့ဆိုနိုင်ပါတယ်။
Apple ရဲ့ “It’s Showtime” event လေးဟာ ဗွီဒီယို subscription အသစ်ကို အလေးပေးထားပြီးတော့ ဂိမ်းနဲ့ အခြားသော ပေးစွမ်းနိုင်မှုတွေကို ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် Apple Music ကလည်း တစ်ဖက်က တိတ်တိတ်လေး မှတ်တိုင်တွေကို သိမ်းပိုက်နေတယ်လို့ ဆိုရမှာပါ။ Sensor Tower Store Intelligence ရဲ့ ခန့်မှန်းချက်အရ ၄၀မီလျံသော Android သမားတွေဟာ Google Play ကနေ Apple Music app ကို သွင်းထားတာဖြစ်ပြီးတော့ လက်ရှိအထိ အကောင်းဆုံးဝန်ဆောင်မှုအဖြစ် ရပ်တည်နေပါတယ်။
Apple က Android app ထုတ်ပေးတာ နည်းနည်းတော့ထူးဆန်းတယ်ဆိုပေမယ့်လည်း ကမ္ဘာကြီးရဲ့ဘယ်နေရာရောက်ရောက်၊ ဘာဖုန်းသုံးသုံး ဝန်ဆောင်မှုပေးနိုင်တယ်ဆိုတာကိုလည်း မြင်သာစေပါတယ်။ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာကတော့ ပြီးခဲ့တဲ့လအထိ Spotify ဟာ paid subscriber ပေါင်း ၉၆ မီလျံအထိ ရထားတယ်ဆိုတဲ့သတင်းပါပဲ။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.