ေၾကညာပြဲ အၿပီးမွာ Huawei P30 Pro ကို ေလွာင္ေျပာင္လိုက္တဲ့ Xiaomi

0
74

Huawei က ၿပီးခဲ့တဲ့ ညကပဲ စြမ္းေဆာင္ရည္ျမင့္ P30 နဲ႔ P30 Pro မ်ားကို ေၾကညာခဲ့ပါတယ္။ အဲဒီ စမတ္ဖုန္းမ်ားမွာ ကင္မရာကို အသားေပးထားပါတယ္။ ပရိုေမာ္ဒယ္ဟာ DxOMark ရဲ႕ အေကာင္းဆံုး ကင္မရာ စမတ္ဖုန္းစာရင္းမွာ သရဖူေဆာင္းသြားပါတယ္။ ဒါေပမယ့္ သူတို႔မွာ Qualcomm Snapdragon 855 Chipset အစား ဟြာေ၀း ကိုယ္တိုင္ထုတ္ထားတဲ့ 7nm Kirin 980 Chipset ကို ထည့္ထားပါတယ္။

ေရွာင္မီက သူ႔ရဲ႕ စြမ္းရည္ျမင့္ ဖုန္းမ်ားမွာ ထည့္ထားတဲ့ Snapdragon 855 Chipset ကို Huawei P30 Series မ်ားမွာ မထည့္ထားလို႔ ေလွာင္ေျပာင္လိုက္တာျဖစ္ပါတယ္။ Xiaomi UK က Meme တစ္ခုကို တြစ္တာမွာ တင္လိုက္ပါတယ္။ မီမီမွာ  လမ္းဆံုလမ္းခြ တစ္ခုမွာ Huawei P30 ကို ကိုယ္စားျပဳတဲ့ ကားဟာ Newest Chipset လမ္းဘက္ကို မသြားဘဲ Swarovski Crystal Phone Case လမ္းဘက္ကို ခ်ိဳးခ်သြားတာကို ျပသထားပါတယ္။

🤔 pic.twitter.com/dnHbuAnvV1— Xiaomi UK (@XiaomiUK) March 26, 2019

 

 

Huawei က P30 Pro အတြက္ Swarovski နဲ႔ ျပဳလုပ္ထားတဲ့ အထူးထုတ္   Phone Case ကို ထုတ္လုပ္ထားပါတယ္။  အဲဒီအတြက္ ေရွာင္မီက ဟြာေ၀းဟာ ဘူးခြံကိုသာ ဦးစားေပးထားၿပီး Chipset က သူ႔ရဲ႕ ဖုန္းမ်ားေလာက္ မေကာင္းဘူးလို႔ ခ်ိဳးႏွိမ္လိုက္တာ ျဖစ္ပါတယ္။

ဟြာေ၀းရဲ႕ P30 Series မ်ား မေၾကညာခင္မွာ Apple က ပြဲတစ္ခု က်င္းပၿပီး သူ႔ရဲ႕ ၀န္ေဆာင္မႈ အသစ္မ်ားကို ေၾကညာခဲ့ပါတယ္။ အဲဒီ ေၾကညာပြဲၿပီးေနာက္မွာဟြာေ၀းက P30 မိတ္ဆက္ပြဲကို လူေတြ ပိုဂရုစိုက္ေအာင္ လုပ္ေပးလို႔ Apple ကို ေက်းဇူးတင္တယ္လို႔ အဓိပၸါယ္ရတဲ့ ပို႔စ္ကို လူမႈကြန္ရက္မွာ တင္ခဲ့ပါတယ္။ အခုေတာ့ ေရွာင္မီ ခြပ္တာကို ဟြာေ၀းက ျပန္ခံလိုက္ရတာပါ။

unicode

ကြေညာပွဲ အပြီးမှာ Huawei P30 Pro ကို လှောင်ပြောင်လိုက်တဲ့ Xiaomi

Huawei က ပြီးခဲ့တဲ့ ညကပဲ စွမ်းဆောင်ရည်မြင့် P30 နဲ့ P30 Pro များကို ကြေညာခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းများမှာ ကင်မရာကို အသားပေးထားပါတယ်။ ပရိုမော်ဒယ်ဟာ DxOMark ရဲ့ အကောင်းဆုံး ကင်မရာ စမတ်ဖုန်းစာရင်းမှာ သရဖူဆောင်းသွားပါတယ်။ ဒါပေမယ့် သူတို့မှာ Qualcomm Snapdragon 855 Chipset အစား ဟွာဝေး ကိုယ်တိုင်ထုတ်ထားတဲ့ 7nm Kirin 980 Chipset ကို ထည့်ထားပါတယ်။

ရှောင်မီက သူ့ရဲ့ စွမ်းရည်မြင့် ဖုန်းများမှာ ထည့်ထားတဲ့ Snapdragon 855 Chipset ကို Huawei P30 Series များမှာ မထည့်ထားလို့ လှောင်ပြောင်လိုက်တာဖြစ်ပါတယ်။ Xiaomi UK က Meme တစ်ခုကို တွစ်တာမှာ တင်လိုက်ပါတယ်။ မီမီမှာ လမ်းဆုံလမ်းခွ တစ်ခုမှာ Huawei P30 ကို ကိုယ်စားပြုတဲ့ ကားဟာ Newest Chipset လမ်းဘက်ကို မသွားဘဲ Swarovski Crystal Phone Case လမ်းဘက်ကို ချိုးချသွားတာကို ပြသထားပါတယ်။

🤔 pic.twitter.com/dnHbuAnvV1— Xiaomi UK (@XiaomiUK) March 26, 2019

Huawei က P30 Pro အတွက် Swarovski နဲ့ ပြုလုပ်ထားတဲ့ အထူးထုတ် Phone Case ကို ထုတ်လုပ်ထားပါတယ်။ အဲဒီအတွက် ရှောင်မီက ဟွာဝေးဟာ ဘူးခွံကိုသာ ဦးစားပေးထားပြီး Chipset က သူ့ရဲ့ ဖုန်းများလောက် မကောင်းဘူးလို့ ချိုးနှိမ်လိုက်တာ ဖြစ်ပါတယ်။

ဟွာဝေးရဲ့ P30 Series များ မကြေညာခင်မှာ Apple က ပွဲတစ်ခု ကျင်းပပြီး သူ့ရဲ့ ဝန်ဆောင်မှု အသစ်များကို ကြေညာခဲ့ပါတယ်။ အဲဒီ ကြေညာပွဲပြီးနောက်မှာဟွာဝေးက P30 မိတ်ဆက်ပွဲကို လူတွေ ပိုဂရုစိုက်အောင် လုပ်ပေးလို့ Apple ကို ကျေးဇူးတင်တယ်လို့ အဓိပ္ပါယ်ရတဲ့ ပို့စ်ကို လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ အခုတော့ ရှောင်မီ ခွပ်တာကို ဟွာဝေးက ပြန်ခံလိုက်ရတာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.