မ်က္ႏွာျပင္ျပည့္ Galaxy Note 10 ကို ပံုေဖာ္ၾကည့္ျခင္း

0
172

Zawgyi Version

Android ဖန္အေတာ္မ်ားမ်ားေစာင့္ဆုိင္းေနရတဲ့အခ်ိန္ေတြေက်ာ္လြန္သြားခ်ိန္မွာေတာ့ Samsung ဟာ သူ႕ရဲ႕ Galaxy S10 Series စမတ္ဖုန္းကို ဒီလအေစာပိုင္းမွာ ျပသေပးခဲ့ပါတယ္။ Galaxy S10e, Galaxy S10 နဲ႕ Galaxy S10+ တို႕ဟာ ေစာင့္ဆုိင္းေနၾကတဲ့ဒီဇုိင္းကို ထည့္သြင္းေပးခဲ့ေပမယ့္လည္း S10 series ဟာ လွပတဲ့အျပင္ ထူးျခားခ်က္ေတြလည္း ရွိေနခဲ့ပါတယ္။ စြမ္းအားျပင္းတဲ့အခ်က္အလက္ေတြပါ၀င္ေနျပီး ေသသပ္တဲ့ feature ေတြကိုလည္း သယ္ေဆာင္ထားပါတယ္။ မ်က္ႏွာျပင္ေအာက္မွာရွိတဲ့ လက္ေဗြစနစ္တို႕လိုမ်ိဳးေပ့ါ။ Galaxy S10 လိုင္းကေတာ့ ေကာင္းမြန္တဲ့စီးရီးတစ္ခုျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ထပ္ရင္ခုန္ရမယ့္ဖုန္းတစ္လံုးလည္း ရွိေနပါေသးတယ္။

Samsung ဟာ မျပသရေသးတဲ့ ဖုန္းႏွစ္လံုးအေၾကာင္းလည္း ထုတ္ေျပာျပီးသား ျဖစ္ပါတယ္။ ဒါကေတာ့ Galaxy S10 5G ျဖစ္ျပီး S10+ ကို မ်က္ႏွာျပင္ၾကီးၾကီး၊ ကင္မရာေကာင္းေကာင္း၊ 5G တို႕ ေပါင္းထည့္ေပးထားတာျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ ဧျပီလမွာထုတ္ျပသြားမယ့္ Galaxy Fold ျဖစ္ပါတယ္။ ဒီႏွစ္လံုးဟာ အင္မတန္မွ ေစ်းၾကီးပါတယ္။ ဒါေၾကာင့္ Samsung ဖန္အမ်ားစုက Galaxy Note 10 ကို ဆက္လက္ေစာင့္ေမွ်ာ္ေနၾကပါတယ္။

Galaxy Note 10 အေၾကာင္းေတာ့ အမ်ားၾကီးမသိရေသးပါဘူး။ ဒါေပမယ့္လည္း ဘယ္လိုမ်ိဳးေတြ လုပ္ေဆာင္မလဲဆိုတာကိုေတာ့ ေမွ်ာ္လင့္ထားလို႕ရေနပါျပီ။ ႏွစ္တုိင္းမွာ Galaxy S ကို ထုတ္ျပျပီးေတာ့ ခန္႕မွန္းလို႕ရေအာင္ Note စီးရီးေတြကို ထုတ္လုပ္ေပးပါတယ္။ ဒီဇုိင္းကေတာ့ ေလးေထာင့္ဆန္ပါလိမ့္မယ္။ ဒါေပမယ့္ Galaxy Note 10 ဟာ S Pen stylus နဲ႕ feature အသစ္ေပါင္းထည့္ထားတဲ့ Galaxy S10+ လို႕ ျမင္မိပါတယ္။

ဒါကိုစိတ္ထဲမွာထားျပီးေတာ့ Galaxy Note 10 ကို ျမင္ၾကည့္လုိက္ရင္ Dynamic AMOLED screen ကို ၆.၄လက္မထက္ ေက်ာ္ေအာင္ မွန္းထားပါတယ္။ Galaxy S10+ ရဲ႕ အေနာက္ကင္မရာသံုးလံုးအတုိင္းျဖစ္ပါလိမ့္မယ္။ ဒါမွမဟုတ္လည္း Galaxy S10 5G ဆီက ေလးလံုးလည္းျဖစ္ႏုိင္တာပဲ။ ေထာင့္မွာေတာ့ ဆယ္လ္ဖီကင္မရာႏွစ္လံုးကို hole-punch နဲ႕ ျမင္ရႏုိင္တယ္။

တရုတ္မွာ Pop-up selfie camera ေတြ ေခတ္စားေနေတာ့ OnePlus 7 ၾကီးကိုေတာင္ အဲလိုျမင္ရဖို႕ရွိတယ္။ ဒီဇုိင္နာ Muhsin M. Belaal Auckburaully ကေတာ့ Galaxy Note series ေလးကို S Pen နဲ႕ pop-up selfie camera တို႕ေပါင္းစပ္လုိက္ရင္ေရာ မျဖစ္နုိင္ဘူးလားဆိုျပီးေတာ့ ေမးခြန္းထုတ္ထားပါတယ္။ ကင္မရာကို displayူ ကေန ခြဲထုတ္လုိက္ျခင္းက မ်က္ႏွာျပင္ျပည့္ျဖစ္သြားေစပါတယ္။

ရလဒ္ကေတာ့ concept အဆင့္ပဲရွိပါေသးတယ္။ လက္ရွိမွာေတာ့ မျဖစ္ႏုိင္ေသးပါဘူး။ ဒီႏွစ္ေတာ့ မျဖစ္ေလာက္ေသးဘူး။ ၂၀၁၈မွာေတာင္ Galaxy Note 9 ရဲ႕ S Pen ဟာ built-in Bluetooth radio ၊ battery ေတြ ပါလာေသးတာပဲ။ ဒါေၾကာင့္ ဒီအခ်က္ဟာ လက္ေတြ႕မျဖစ္ႏုိင္ဘူးလို႕ေတာ့ မဆိုႏုိင္ပါဘူး။

ဗြီဒိယိုေလးကိုေတာ့ ေအာက္မွာ ၾကည့္ရွဳလုိက္ၾကပါေတာ့ေနာ္။

Unicode Version

Android ဖန်အတော်များများစောင့်ဆိုင်းနေရတဲ့အချိန်တွေကျော်လွန်သွားချိန်မှာတော့ Samsung ဟာ သူ့ရဲ့ Galaxy S10 Series စမတ်ဖုန်းကို ဒီလအစောပိုင်းမှာ ပြသပေးခဲ့ပါတယ်။ Galaxy S10e, Galaxy S10 နဲ့ Galaxy S10+ တို့ဟာ စောင့်ဆိုင်းနေကြတဲ့ဒီဇိုင်းကို ထည့်သွင်းပေးခဲ့ပေမယ့်လည်း S10 series ဟာ လှပတဲ့အပြင် ထူးခြားချက်တွေလည်း ရှိနေခဲ့ပါတယ်။ စွမ်းအားပြင်းတဲ့အချက်အလက်တွေပါဝင်နေပြီး သေသပ်တဲ့ feature တွေကိုလည်း သယ်ဆောင်ထားပါတယ်။ မျက်နှာပြင်အောက်မှာရှိတဲ့ လက်ဗွေစနစ်တို့လိုမျိုးပေ့ါ။ Galaxy S10 လိုင်းကတော့ ကောင်းမွန်တဲ့စီးရီးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ်ရင်ခုန်ရမယ့်ဖုန်းတစ်လုံးလည်း ရှိနေပါသေးတယ်။
Samsung ဟာ မပြသရသေးတဲ့ ဖုန်းနှစ်လုံးအကြောင်းလည်း ထုတ်ပြောပြီးသား ဖြစ်ပါတယ်။ ဒါကတော့ Galaxy S10 5G ဖြစ်ပြီး S10+ ကို မျက်နှာပြင်ကြီးကြီး၊ ကင်မရာကောင်းကောင်း၊ 5G တို့ ပေါင်းထည့်ပေးထားတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဧပြီလမှာထုတ်ပြသွားမယ့် Galaxy Fold ဖြစ်ပါတယ်။ ဒီနှစ်လုံးဟာ အင်မတန်မှ ဈေးကြီးပါတယ်။ ဒါကြောင့် Samsung ဖန်အများစုက Galaxy Note 10 ကို ဆက်လက်စောင့်မျှော်နေကြပါတယ်။
Galaxy Note 10 အကြောင်းတော့ အများကြီးမသိရသေးပါဘူး။ ဒါပေမယ့်လည်း ဘယ်လိုမျိုးတွေ လုပ်ဆောင်မလဲဆိုတာကိုတော့ မျှော်လင့်ထားလို့ရနေပါပြီ။ နှစ်တိုင်းမှာ Galaxy S ကို ထုတ်ပြပြီးတော့ ခန့်မှန်းလို့ရအောင် Note စီးရီးတွေကို ထုတ်လုပ်ပေးပါတယ်။ ဒီဇိုင်းကတော့ လေးထောင့်ဆန်ပါလိမ့်မယ်။ ဒါပေမယ့် Galaxy Note 10 ဟာ S Pen stylus နဲ့ feature အသစ်ပေါင်းထည့်ထားတဲ့ Galaxy S10+ လို့ မြင်မိပါတယ်။
ဒါကိုစိတ်ထဲမှာထားပြီးတော့ Galaxy Note 10 ကို မြင်ကြည့်လိုက်ရင် Dynamic AMOLED screen ကို ၆.၄လက်မထက် ကျော်အောင် မှန်းထားပါတယ်။ Galaxy S10+ ရဲ့ အနောက်ကင်မရာသုံးလုံးအတိုင်းဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်လည်း Galaxy S10 5G ဆီက လေးလုံးလည်းဖြစ်နိုင်တာပဲ။ ထောင့်မှာတော့ ဆယ်လ်ဖီကင်မရာနှစ်လုံးကို hole-punch နဲ့ မြင်ရနိုင်တယ်။
တရုတ်မှာ Pop-up selfie camera တွေ ခေတ်စားနေတော့ OnePlus 7 ကြီးကိုတောင် အဲလိုမြင်ရဖို့ရှိတယ်။ ဒီဇိုင်နာ Muhsin M. Belaal Auckburaully ကတော့ Galaxy Note series လေးကို S Pen နဲ့ pop-up selfie camera တို့ပေါင်းစပ်လိုက်ရင်ရော မဖြစ်နိုင်ဘူးလားဆိုပြီးတော့ မေးခွန်းထုတ်ထားပါတယ်။ ကင်မရာကို displayူ ကနေ ခွဲထုတ်လိုက်ခြင်းက မျက်နှာပြင်ပြည့်ဖြစ်သွားစေပါတယ်။
ရလဒ်ကတော့ concept အဆင့်ပဲရှိပါသေးတယ်။ လက်ရှိမှာတော့ မဖြစ်နိုင်သေးပါဘူး။ ဒီနှစ်တော့ မဖြစ်လောက်သေးဘူး။ ၂၀၁၈မှာတောင် Galaxy Note 9 ရဲ့ S Pen ဟာ built-in Bluetooth radio ၊ battery တွေ ပါလာသေးတာပဲ။ ဒါကြောင့် ဒီအချက်ဟာ လက်တွေ့မဖြစ်နိုင်ဘူးလို့တော့ မဆိုနိုင်ပါဘူး။
ဗွီဒိယိုလေးကိုတော့ အောက်မှာ ကြည့်ရှုလိုက်ကြပါတော့နော်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.