Smartphone Trending

တန္ဖိုးနည္း Huawei P30 Lite ကို ေရာင္းၿပီ

Huawei က စြမ္းရည္ျမင့္ P30 နဲ႔ P30 Pro မ်ားကို ေၾကညာခဲ့ေပမယ့္ တန္ဖိုးနည္း စြမ္းေဆာင္ရည္သင့္ P30 Lite ကို မိတ္ဆက္ျခင္း မရွိခဲ့ပါဘူး။ ဒါေပမယ့္ Lite Model ကို ဖိလစ္ပိုင္မွ အြန္လိုင္း စတိုးမ်ားစြာမွာ စာရင္းတင္ထားၾကပါတယ္။  Huawei Canada ကလည္း သူ႔ရဲ႕ ၀က္ဘ္ဆိုက္မွာ P30 Lite ကို ေၾကညာလိုက္ပါၿပီ။ Specs မ်ားကိုေတာ့ ေဖာ္ျပထားျခင္း မရွိေပမယ့္ သူ႔ရဲ႕ ပါတနာမ်ား ျဖစ္တဲ့ Freedom နဲ႔ Videotron က Specs မ်ားကို တင္ထားပါတယ္။

Huawei P30 Lite မွာ ၆.၁၅ လက္မ Full HD+ (2312X1080p) Display  တပ္ဆင္ထားပါတယ္။ LCD အမ်ိဳးအစား ျဖစ္ၿပီး အရြယ္ေသး Notch ထည့္ထားပါတယ္။ မ်က္ႏွာျပင္ရဲ႕ ေအာက္မွာ အရြယ္ေသး ေဘာင္ေလး ထည့္ထားပါတယ္။ အေနာက္ဘက္မွာ 24MP Main + 8MP Wide-angle + 2MP Depth Sensor မ်ား ပါပါတယ္။ အေရွ႕ဘက္မွာ 32MP Camera တစ္လံုး တပ္ဆင္ထားပါတယ္။ သူဟာ အေနာက္ကင္မရာ ၂ လံုးထက္ပို ပါလာတဲ့ ပထမဆံုး Lite Model ျဖစ္ပါတယ္။

စြမ္းရည္ျမင့္ P30 မ်ားရဲ႕ Kirin 980 ထက္ စြမ္းရည္နိမ့္တဲ့ Octa-core Kirin 710 Chipset ထည့္ထားပါတယ္။ 4GB RAM , 128GB Storage မ်ား ပါပါတယ္။ လက္ေဗြရာ အာရံုခံ ကိရိယာကို အေနာက္ဘက္မွာ ထည့္သြင္းထားပါတယ္။ QuickCharge ပါတဲ့ 3340mAh Battery ပါပါတယ္။ ဒါေပမယ့္ စြမ္းရည္ျမင့္ P30 မ်ားရဲ႕ 22.5W အစား 18W သာ ထည့္ထားပါတယ္။

ႏုိ္င္ငံအေပၚ မူတည္ၿပီး ဧၿပီလ ၄ ရက္ကေန ၁၀ ရက္အတြင္းမွာ ႀကိဳတင္မွာယူႏိုင္မွာ ျဖစ္ပါတယ္။ ၃၂၀ ေဒၚလာေလာက္ က်သင့္ႏိုင္ပါတယ္။

unicode

တန်ဖိုးနည်း Huawei P30 Lite ကို ရောင်းပြီ

Huawei က စွမ်းရည်မြင့် P30 နဲ့ P30 Pro များကို ကြေညာခဲ့ပေမယ့် တန်ဖိုးနည်း စွမ်းဆောင်ရည်သင့် P30 Lite ကို မိတ်ဆက်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် Lite Model ကို ဖိလစ်ပိုင်မှ အွန်လိုင်း စတိုးများစွာမှာ စာရင်းတင်ထားကြပါတယ်။ Huawei Canada ကလည်း သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ P30 Lite ကို ကြေညာလိုက်ပါပြီ။ Specs များကိုတော့ ဖော်ပြထားခြင်း မရှိပေမယ့် သူ့ရဲ့ ပါတနာများ ဖြစ်တဲ့ Freedom နဲ့ Videotron က Specs များကို တင်ထားပါတယ်။

Huawei P30 Lite မှာ ၆.၁၅ လက်မ Full HD+ (2312X1080p) Display တပ်ဆင်ထားပါတယ်။ LCD အမျိုးအစား ဖြစ်ပြီး အရွယ်သေး Notch ထည့်ထားပါတယ်။ မျက်နှာပြင်ရဲ့ အောက်မှာ အရွယ်သေး ဘောင်လေး ထည့်ထားပါတယ်။ အနောက်ဘက်မှာ 24MP Main + 8MP Wide-angle + 2MP Depth Sensor များ ပါပါတယ်။ အရှေ့ဘက်မှာ 32MP Camera တစ်လုံး တပ်ဆင်ထားပါတယ်။ သူဟာ အနောက်ကင်မရာ ၂ လုံးထက်ပို ပါလာတဲ့ ပထမဆုံး Lite Model ဖြစ်ပါတယ်။

စွမ်းရည်မြင့် P30 များရဲ့ Kirin 980 ထက် စွမ်းရည်နိမ့်တဲ့ Octa-core Kirin 710 Chipset ထည့်ထားပါတယ်။ 4GB RAM , 128GB Storage များ ပါပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ QuickCharge ပါတဲ့ 3340mAh Battery ပါပါတယ်။ ဒါပေမယ့် စွမ်းရည်မြင့် P30 များရဲ့ 22.5W အစား 18W သာ ထည့်ထားပါတယ်။

နိုင်ငံအပေါ် မူတည်ပြီး ဧပြီလ ၄ ရက်ကနေ ၁၀ ရက်အတွင်းမှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပါတယ်။ ၃၂၀ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.