Smartphone Trending

ခလုတ်မဲ့စမတ်ဖုန်းအဖြစ် ထွက်လာမယ့် Samsung Galaxy Note 10

Zawgyi Version







Unicode Version

Samsung Galaxy S10 ကတော့ ပြသပြီးပါပြီ။ ဒီတော့ Galaxy Note 10 ရဲ့ သတင်းတွေကို ဆက်လက်စောင့်ကြည့်ရမယ့်အချိန်ပဲ ဖြစ်ပါတယ်။
Samsung Galaxy Note 10 ကို ခလုတ် တွေဖြုတ်ထားမယ်လို့ ETNews က တင်ထားပါတယ်။ အသေးစိတ်ကိုပြောရမယ်ဆိုရင်တော့ Note 10 ပိုင်ရှင်တွေအနေနဲ့ အသံတိုးကျယ်လုပ်တာမျိုးတွေကို ဘယ်လိုလုပ်ရမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ Samsung ကတော့ touch sensor တွေနဲ့ screen ထဲမှာထည့်သွင်းပေးထားတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်မယ်လို့ သတင်းတွေထွက်နေပါတယ်။ Voice commands တေလည်း ဖြစ်နိုင်တာပဲ။
Galaxy A series မှာလည်း ခလုတ်မဲ့ design တွေ လုပ်ဆောင်လိမ့်မယ်လို့ ဒီနေ့မနက်မှာ သတင်းတွေထွက်နေပါတယ်။
The Investor ရဲ့ တင်ပြချက်အရ Samsung ဟာ သြဂုတ်နှောင်းပိုင်း ဒါမှမဟုတ် စက်တင်ဘာအစောပိုင်းမှာ Galaxy Note 10 ကို မြင်ရပါလိမ့်မယ်။ Note 9 ဟာ ပြီးခဲ့တဲ့ သြဂုတ်နှောင်းပိုင်းမှာ ပြသခဲ့တဲ့အတွက်ကြောင့် Note 10 launch ကို ဒီအချိန်မှာ ခန့်မှန်းထားရခြင်းဖြစ်ပါတယ်။ Note 10 ရဲ့ ဒီဇိုင်းပိုင်းနဲ့ပတ်သတ်ပြီး လိုင်းပေါ်မှာ ပျံ့နှံ့နေတာကို အားလုံးအသိဖြစ်မှာပါ။ display မှာ အပေါက်နှစ်ပေါက်နဲ့ ကင်မရာလေးလုံးပါမယ်လို့လည်း ပြောနေကြတာပဲ။
ခလုတ်မဲ့ စမတ်ဖုန်းကတော့ concept အသစ်မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Galaxy Note 10 ကတော့ မေဂျာစမတ်ဖုန်းတစ်ခုဖြစ်တာမို့ ပွဲကြီးပွဲကောင်းတစ်ခုတော့ ဖြစ်လာပါလိမ့်မယ်။ ခလုတ်မပါတဲ့အတွက်ကြောင့် ရှင်းလင်းတဲ့ဒီဇိုင်း၊ ပျက်စီးလွယ်တာမျိုးမရှိခြင်း စတဲ့အားသာချက်တွေ ရှိမှာပါ။ စိတ်ဝင်စားဖို့ကောင်းတာက တကယ်ပဲ အဲဒီလိုထွက်ပေါ်လာမှာလား။
မိတ်ဆွေဆိုရင်ရော ခလုတ်မဲ့ဖုန်းကို ဝယ်ကိုင်ဖြစ်မလား။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.