Smartphone Trending

ခရမ္းႏုေရာင္ေလးနဲ႕ထြက္လာႏုိင္္တယ္လို႕ေျပာေနၾကတဲ့ Google Pixel 3a

Zawgyi Version

Pixel ဖုန္းေတြဆိုရင္ အေတာ္မ်ားမ်ားက black, white နဲ႕ အျခားအေရာင္ေလးေတြ ထုတ္ေနၾကျဖစ္ပါတယ္။ ပထမဆံုးအၾကိမ္အျဖစ္နဲ႕ အျပာလည္း ထုတ္ခဲ့ဖူးပါတယ္။ ဒုတိယေျမာက္က ဘာျဖစ္မလဲ။ အျပာပဲလား။ Pixel 3 နဲ႕ Pixel 3 XL မွာ “Not Pink” လုပ္ခဲ့ပါတယ္။ ဒီတစ္ေခါက္ Pixel 3a နဲ႕ Pixel 3a XL မွာ ဘယ္လိုေတြလုပ္ေဆာင္မလဲဆိုတာကလည္း စိတ္၀င္စားဖြယ္ရာပါပဲ။

WinFuture မွ Roland Quandt ရဲ႕ ဥေရာပကိုယ္စားလွယ္ေတြဆီကေန ၾကားသိခ်က္အရ အျဖဴနဲ႕အနက္ ပါ၀င္ပါလိမ့္မယ္။ ဒါ့အျပင္ အေရာင္အသစ္ေလးျဖစ္တဲ့ iris ဆိုတာေလးလည္း ျမင္ရပါလိမ့္မယ္။ သူကေတာ့ခရမ္းေရာင္ အမ်ိဳးအစားျဖစ္ပါတယ္။ 9to5Google ရဲ႕ အတည္ျပဳခ်က္အရဆိုရင္ “purple” လို႕ျမင္ထားတဲ့အတြက္ေၾကာင့္ ေသခ်ာသေလာက္ေတာ့ ရွိေနပါျပီ။

ပါ၀င္ပစၥည္းေတြကေတာ့ အရင္ၾကားထားတဲ့အတုိင္း ျပန္ေျပာျပရမယ္ဆိုရင္ 3a မွာ Qualcomm Snapdragon 670, 4GB RAM နဲ႕ ၅.၆လက္မ 1080p display ၊ 3a XL မွာက Snapdragon 710, 4GB RAM နဲ႕ ၆လက္မ display လို႕ ၾကားထားပါတယ္။ ႏွစ္ခုလံုးကေတာ့ standard Pixel 3 ထက္ နိမ့္ေနပါတယ္။ ဒါေပမယ့္လည္း ေစ်းႏႈန္းကေတာ့ ေဒၚလာ၇၉၉ နီးပါးျဖစ္မယ္လို႕ မေျပာႏုိင္ေသးပါဘူး။

Quandt ရဲ႕ တင္ျပခ်က္အရဆိုရင္ေတာ့ 64GB Pixel 3a ဟာ ေဒၚလာ၅၀၅ ေလာက္ ေစ်းေပါက္ေနပါတယ္။ အတည္ျပဳလို႕ေတာ့ မရေသးတဲ့အေနအထားျဖစ္ပါတယ္။ 32GB ကိုလည္း ေစ်းကြက္ထဲမွာ ျမင္ရႏုိင္တယ္လို႕ေျပာေပမယ့္ ဥေရာပမွာေတာ့ မရႏိုင္ေလာက္ဘူးလို႕ Quandt က သံုးသပ္ထားပါတယ္။

Pixel 3a ကို ဒီႏွစ္ေႏြေလာက္မွာ ထြက္ရွိလာႏုိင္တယ္လို႕ မွန္းထားပါတယ္။

Unicode Version

Pixel ဖုန်းတွေဆိုရင် အတော်များများက black, white နဲ့ အခြားအရောင်လေးတွေ ထုတ်နေကြဖြစ်ပါတယ်။ ပထမဆုံးအကြိမ်အဖြစ်နဲ့ အပြာလည်း ထုတ်ခဲ့ဖူးပါတယ်။ ဒုတိယမြောက်က ဘာဖြစ်မလဲ။ အပြာပဲလား။ Pixel 3 နဲ့ Pixel 3 XL မှာ “Not Pink” လုပ်ခဲ့ပါတယ်။ ဒီတစ်ခေါက် Pixel 3a နဲ့ Pixel 3a XL မှာ ဘယ်လိုတွေလုပ်ဆောင်မလဲဆိုတာကလည်း စိတ်ဝင်စားဖွယ်ရာပါပဲ။
WinFuture မှ Roland Quandt ရဲ့ ဥရောပကိုယ်စားလှယ်တွေဆီကနေ ကြားသိချက်အရ အဖြူနဲ့အနက် ပါဝင်ပါလိမ့်မယ်။ ဒါ့အပြင် အရောင်အသစ်လေးဖြစ်တဲ့ iris ဆိုတာလေးလည်း မြင်ရပါလိမ့်မယ်။ သူကတော့ခရမ်းရောင် အမျိုးအစားဖြစ်ပါတယ်။ 9to5Google ရဲ့ အတည်ပြုချက်အရဆိုရင် “purple” လို့မြင်ထားတဲ့အတွက်ကြောင့် သေချာသလောက်တော့ ရှိနေပါပြီ။
ပါဝင်ပစ္စည်းတွေကတော့ အရင်ကြားထားတဲ့အတိုင်း ပြန်ပြောပြရမယ်ဆိုရင် 3a မှာ Qualcomm Snapdragon 670, 4GB RAM နဲ့ ၅.၆လက်မ 1080p display ၊ 3a XL မှာက Snapdragon 710, 4GB RAM နဲ့ ၆လက်မ display လို့ ကြားထားပါတယ်။ နှစ်ခုလုံးကတော့ standard Pixel 3 ထက် နိမ့်နေပါတယ်။ ဒါပေမယ့်လည်း ဈေးနှုန်းကတော့ ဒေါ်လာ၇၉၉ နီးပါးဖြစ်မယ်လို့ မပြောနိုင်သေးပါဘူး။
Quandt ရဲ့ တင်ပြချက်အရဆိုရင်တော့ 64GB Pixel 3a ဟာ ဒေါ်လာ၅၀၅ လောက် ဈေးပေါက်နေပါတယ်။ အတည်ပြုလို့တော့ မရသေးတဲ့အနေအထားဖြစ်ပါတယ်။ 32GB ကိုလည်း ဈေးကွက်ထဲမှာ မြင်ရနိုင်တယ်လို့ပြောပေမယ့် ဥရောပမှာတော့ မရနိုင်လောက်ဘူးလို့ Quandt က သုံးသပ်ထားပါတယ်။
Pixel 3a ကို ဒီနှစ်နွေလောက်မှာ ထွက်ရှိလာနိုင်တယ်လို့ မှန်းထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.