Smartphone Trending

Specs မ်ား ထြက္လာတဲ့ Xiaomi Mi 9X





unicode

Specs များ ထွက်လာတဲ့ Xiaomi Mi 9X

Xiaomi က Mi 6 ရဲ့ တန်ဖိုးနည်း မော်ဒယ် Mi 6X ကို ရောင်းချပေးခဲ့ဖူးပါတယ်။ အခုလည်း မကြာခင်က ကြေညာခဲ့တဲ့ Mi 9 အတွက်လည်း အလားတူ မော်ဒယ်ကို ထုတ်လုပ်ပေးမယ်လို့ ထင်ရပါတယ်။ ရှောင်မီဟာ “pyxis” , “bamboo-sprout” နဲ့ “cosmos-sprout” စတဲ့ လျှို့ဝှက် အမည်များ ပေးထားတဲ့ စမတ်ဖုန်း အသစ်သုံးလုံးကို ဖန်တီးနေတယ်လို့ XDA က သတင်းပေးထားပါတယ်။ “pyxis” ဟာ Mi 9X ဖြစ်နိုင်ပါတယ်။ ကျန်နှစ်လုံးက Mi A3 နဲ့ Mi A3 Lite များ ဖြစ်နိုင်ပါတယ်။

ပေါက်ကြားထွက်လာတဲ့ သတင်းအရ Mi 9X မှာ ၆.၄ လက်မ AMOLED Display ပါလာမှာပါ။ မျက်နှာပြင် အရည်အသွေးမှာ Full HD ဖြစ်ပါတယ်။ သူ့ရဲ့ Chipset က Redmi Note 7 Pro မှာလို Snapdragon 675 ဖြစ်ပါတယ်။ အနောက်ကင်မရာသုံးလုံးမှာ 48MP Main , 13MP Wide , 8MP Telephoto Sensors များ ဖြစ်ပါတယ်။

အရွယ်သေး Notch မှာ 32MP Camera ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ 6GB RAM , 64GB Storage များ ပါပါတယ်။ 18W Fast Charging ကို ထောက်ပံ့တဲ့ 3300mAh Battery ပါလာမှာပါ။ Android 9 အခြေပြု MIUI 10 မောင်းနှင်ထားနိုင်ပါတယ်။ Mi 9X ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ယွမ် ၁၆၉၉ ( ၂၅၀ ဒေါ်လာ) နဲ့ ဧပြီလမှာ ရောင်းချနိုင်ပါတယ်။

Mi 9X နဲ့ Mi A3 တို့ရဲ့ Specs များစွာဟာ တူညီနိုင်ပါတယ်။ Mi A3 Lite မှာတော့ Chipset နဲ့ Screen Resolution များကို လျှော့ချထားနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.