Smartphone Trending

Huawei ရဲ႕ 2018 flagship ေတြကို နန္းခ်ျပီး DxOMark ဘုရင္ျဖစ္လာတဲ့ Huawei P30 Pro

Zawgyi Version

မေန႕ညကမိတ္ဆက္သြားတဲ့ Huawei P30 Pro ေလးဟာ အထင္ၾကီးစရာ ကင္မရာနည္းပညာေတြျဖစ္တဲ့ 5x periscope zoom အပါအ၀င္ နည္းပညာအေတာ္မ်ားမ်ားနဲ႕ ဆြဲေဆာင္ေနတဲ့ဖုန္းတစ္လံုး ျဖစ္ပါတယ္။ ဒါေတြေၾကာင့္လည္း DxOMark မွာ နံပါတ္တစ္ေနရာျဖစ္သြားတယ္နဲ႕ တူပါတယ္။

Huawei P30 Pro ရဲ႕ ရမွတ္ကေတာ့ ၁၁၂မွတ္ ျဖစ္ပါတယ္။ Mate 20 Pro(109) နဲ႕ P20 Pro (109) ကို ေက်ာ္တက္သြားခဲ့တာ ျဖစ္ပါတယ္။ Huawei ရဲ႕ ေနာက္ဆံုးထြက္ရွိထားတဲ့ flagship ေလးဟာ ဓါတ္ပံုရမွတ္မွာ ၁၁၉မွတ္၊ ဗြီဒီယိုရမွတ္မွာေတာ့ ၉၇မွတ္နဲ႕ ေနရာယူထားပါတယ္။ ဗြီဒီယိုပိုင္းမွာေတာ့ P20 Pro က ၉၈မွတ္နဲ႕ အသာရေနတုန္း ျဖစ္ပါတယ္။

ဓါတ္ပံုပိုင္းနဲ႕ပတ္သတ္လို႕ DxOMark ဟာ ဖုန္းရဲ႕ Zoom လုပ္ေဆာင္ခ်က္ကို ခ်ီးက်ဴးထားပါတယ္။ detail ၊ depth effects ၊ ျမန္ဆန္လွတဲ့ autofocus ပိုင္းမွာလည္း စြန္းမုိက္ေနပါတယ္။ Huawei ရဲ႕ camera setup ေၾကာင့္ စမတ္ဖုန္းေတြရဲ႕ 10x zoom ကို လက္ေတြ႕အေကာင္အထည္ေပၚလာေစခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း  DxOMark ေ၀ဖန္ထားတာကေတာ့ ေကာင္းကင္အေရာင္ေတြဟာ သဘာ၀မဆန္ပါဘူး။ Mate 20 Pro နဲ႕ ယွဥ္လုိက္ရင္ dynamic range ေတြ အားနည္းေနတယ္။ image artifacts ေတြလည္း မစံုလင္ဘူး။ zooming လုပ္လုိက္ခ်ိန္မွာ ေထာင့္ေတြ အားေပ်ာ့သြားတယ္လို႕ သိရပါတယ္။

DxOMark comparison showing the P30 Pro.

Huawei P30 Pro ဟာ ဗြီဒီယို performance နဲ႕ပတ္သတ္ျပီးေတာ့လည္း ပြဲေန႕မွာ ဂုဏ္ယူစြာနဲ႕ေျပာထားသလိုပဲ image stabilization, autofocus capabilities, noise levels, details နဲ႕ color rendering ပိုင္းမွာ ေျပာစရာမရွိေအာင္ပါပဲ။ ဒါေပမယ့္ အလင္းမွိန္ခ်ိန္မွာေတာ့ noise level ေတြ ရွိေနတုန္းလို႕ DxOMark က မွတ္ခ်က္ျပဳေပးထားပါတယ္။

“Zoom တစ္ခ်က္တည္းနဲ႕တင္ မိုဘုိင္းလ္ဓါတ္ပံုသမားေတြအတြက္ ဆြဲေဆာင္မႈတစ္ခုလုပ္ေပးႏုိင္ေနပါျပီ။ ဒါေပမယ့္ ကင္မရာဟာ အျခားေနရာေတြမွာလည္း ေကာင္းမြန္ေနတယ္။ bokeh mode ဆိုရင္ ျမင္ဖူးသမွ်ထဲမွာ အေကာင္းဆံုးပဲ။ video mode ဆိုရင္လည္း ပံုေကာင္းေကာင္းေတြ ထုတ္ေပးႏုိင္တယ္” လို႕ DxOMark က ေျပာထားပါတယ္။

DxOMark ရမွတ္အေပၚမွာ သင့္ရဲ႕ထင္ျမင္ခ်က္ေလးကိုလည္း ၾကားခ်င္မိိပါတယ္။

Unicode Version

မနေ့ညကမိတ်ဆက်သွားတဲ့ Huawei P30 Pro လေးဟာ အထင်ကြီးစရာ ကင်မရာနည်းပညာတွေဖြစ်တဲ့ 5x periscope zoom အပါအဝင် နည်းပညာအတော်များများနဲ့ ဆွဲဆောင်နေတဲ့ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဒါတွေကြောင့်လည်း DxOMark မှာ နံပါတ်တစ်နေရာဖြစ်သွားတယ်နဲ့ တူပါတယ်။
Huawei P30 Pro ရဲ့ ရမှတ်ကတော့ ၁၁၂မှတ် ဖြစ်ပါတယ်။ Mate 20 Pro(109) နဲ့ P20 Pro (109) ကို ကျော်တက်သွားခဲ့တာ ဖြစ်ပါတယ်။ Huawei ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ flagship လေးဟာ ဓါတ်ပုံရမှတ်မှာ ၁၁၉မှတ်၊ ဗွီဒီယိုရမှတ်မှာတော့ ၉၇မှတ်နဲ့ နေရာယူထားပါတယ်။ ဗွီဒီယိုပိုင်းမှာတော့ P20 Pro က ၉၈မှတ်နဲ့ အသာရနေတုန်း ဖြစ်ပါတယ်။
ဓါတ်ပုံပိုင်းနဲ့ပတ်သတ်လို့ DxOMark ဟာ ဖုန်းရဲ့ Zoom လုပ်ဆောင်ချက်ကို ချီးကျူးထားပါတယ်။ detail ၊ depth effects ၊ မြန်ဆန်လှတဲ့ autofocus ပိုင်းမှာလည်း စွန်းမိုက်နေပါတယ်။ Huawei ရဲ့ camera setup ကြောင့် စမတ်ဖုန်းတွေရဲ့ 10x zoom ကို လက်တွေ့အကောင်အထည်ပေါ်လာစေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း DxOMark ဝေဖန်ထားတာကတော့ ကောင်းကင်အရောင်တွေဟာ သဘာဝမဆန်ပါဘူး။ Mate 20 Pro နဲ့ ယှဉ်လိုက်ရင် dynamic range တွေ အားနည်းနေတယ်။ image artifacts တွေလည်း မစုံလင်ဘူး။ zooming လုပ်လိုက်ချိန်မှာ ထောင့်တွေ အားပျော့သွားတယ်လို့ သိရပါတယ်။

DxOMark comparison showing the P30 Pro.


Huawei P30 Pro ဟာ ဗွီဒီယို performance နဲ့ပတ်သတ်ပြီးတော့လည်း ပွဲနေ့မှာ ဂုဏ်ယူစွာနဲ့ပြောထားသလိုပဲ image stabilization, autofocus capabilities, noise levels, details နဲ့ color rendering ပိုင်းမှာ ပြောစရာမရှိအောင်ပါပဲ။ ဒါပေမယ့် အလင်းမှိန်ချိန်မှာတော့ noise level တွေ ရှိနေတုန်းလို့ DxOMark က မှတ်ချက်ပြုပေးထားပါတယ်။
“Zoom တစ်ချက်တည်းနဲ့တင် မိုဘိုင်းလ်ဓါတ်ပုံသမားတွေအတွက် ဆွဲဆောင်မှုတစ်ခုလုပ်ပေးနိုင်နေပါပြီ။ ဒါပေမယ့် ကင်မရာဟာ အခြားနေရာတွေမှာလည်း ကောင်းမွန်နေတယ်။ bokeh mode ဆိုရင် မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ။ video mode ဆိုရင်လည်း ပုံကောင်းကောင်းတွေ ထုတ်ပေးနိုင်တယ်” လို့ DxOMark က ပြောထားပါတယ်။
DxOMark ရမှတ်အပေါ်မှာ သင့်ရဲ့ထင်မြင်ချက်လေးကိုလည်း ကြားချင်မိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.