
0
142




Ref : gsmarena

unicode

32MP Selfie Camera နဲ့ ၆.၇ လက်မ မျက်နှာပြင်ပါတဲ့ Samsung Galaxy A70

Samsung က အရွယ်ကြီး မျက်နှာပြင်ပါတဲ့ Galaxy A70 ကို ကြေညာလိုက်ပါတယ်။ မျက်နှာပြင် အချိုးက 20:9 ဖြစ်တာကြောင့် ရုပ်ရှင်၊ ဗီဒီယိုများ ကြည့်ဖို့ အရမ်းကို ကောင်းပါတယ်။ သူ့မှာ ၆.၇ လက်မ Super AMOLED Display ထည့်သွင်းထားပါတယ်။ 32MP Selfie Camera ပါတဲ့ အရွယ်သေး Notch ပါပါတယ်။ ဆမ်ဆောင်းက သူ့ကို Infinity-U Display လို့ ခေါ်ပါတယ်။

This image has an empty alt attribute; its file name is samung-galaxy-a70-810x298_c.jpg

Android 9 Pie အခြေပြု One UI ပါပါတယ်။ App နဲ့ Website များကို Log in ဝင်ဖို့ လက်ဗွေရာ ကိရိယာကို သုံးနိုင်တဲ့ Pass လုပ်ဆောင်ချက် ပါပါတယ်။ Night Mode နဲ့ Samsung Pay ကိုလည်း အသုံးပြုနိုင်ပါတယ်။ ဘက်ထရီကလည်း အရွယ်ကြီးမားပြီး 4500mAh ဖြစ်ပါတယ်။ 25W Fast Charging ကို ထောက်ပံ့ပါတယ်။ RAM အပိုင်းမှာ ၂ ခု ထုတ်ထားပြီး 6 or 8GB RAM များ ရွေးချယ်နိုင်ပါတယ်။ Storage ကိုတော့ 128GB ၁ ခုသာ ထုတ်ပေးထားပါတယ်။ 512GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

ဆမ်ဆောင်း ဖုန်းတွေထဲမှာတော့ Resolution အမြင့်မားဆုံးလို့ ပြောနိုင်တဲ့ 32MP Rear Camera ထည့်ထားပါတယ်။ သူနဲ့ အတူ 8MP Ultra-wide Camera နဲ့ 5MP Depth Sensor ကို အားဖြည့်ထားပါတယ်။ Under-display Fingerprint Sensor ပါပါတယ်။ ဈးနှုန်းနဲ့ ရောင်းမယ့်ရက်ကို မသိရသေးပါဘူး။ Coral, Blue , Black နဲ့ White များ ထုတ်ထားပါတယ်။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.