Smartphone Trending

ကမာၻေပၚမွာ အေကာင္းဆံုးေသာ ကင္မရာဖုန္းျဖစ္လာသည့္ P30 Pro

Zawgyi Version

အံ့ၾသစရာေကာင္းတာကေတာ့ တရုတ္လုပ္ငန္း Huawei ဟာ ၂၀၁၈ ခုႏွစ္မွာ ကမာၻ႕အၾကီးမားဆံုး စမတ္ဖုန္းျဖန္႕ခ်ိသူေနရာကို Apple ဆီက လုယူလုိက္ပါတယ္။ အဲဒီကတည္းကစျပီး Huawei ဟာ အရွဳပ္ေတာ္ပံုေတြ ပြထေနတာေတာင္မွ အထင္ၾကီးဖြယ္တိုးတက္မႈေတြကို ျပသခဲ့ပါတယ္။

ဒါ့အျပင္ Huawei ဟာ hardware ပိုင္းမွာလည္း ပညာရွိဆန္ဆန္ တြန္းအားေပးလုပ္ေဆာင္ေနျပီး မေန႕ညကပဲ မ်ိဳးဆက္သစ္စမတ္ဖုန္းတစ္လံုးကို မိတ္ဆက္ျပသခဲ့ပါတယ္။ P30 series ရဲ႕ မ်ိဳးဆက္သစ္ျဖစ္တဲ့ ဖုန္းေလးကေတာ့ ထင္ထားတဲ့အတုိင္းပါပဲ။ မုိဘုိင္းလ္ဓါတ္ပံုပညာကို ေနာက္ထပ္အဆင့္တစ္ခုေရာက္ေအာင္ တြန္းတင္ေပးလိုက္ပါတယ္။

Huaewei ရဲ႕ P30 Pro ေလးမွာ Leica နဲ႕ ပူးေပါင္းထားျပီး ကင္မရာေလးလံုးစနစ္ကို ထည့္သြင္းေပးထားတဲ့အျပင္ augmented reality နဲ႕ bokeh ရိုက္ခ်က္ေတြအတြက္ ပိုမိုေကာင္းမြန္ေစဖို႕ time-of-flight sensor ကိုလည္း တြဲဖက္ေပးထားပါတယ္။ အထူးသျဖင့္ P30 Pro မွာ 40 megapixel lens ၊ 20 megapixel wide angle lens ၊ telephoto lens တို႕ ပါ၀င္ေနပါတယ္။ အတူတကြေပါင္းစပ္လိုက္ခ်ိန္မွာေတာ့ အေရးအပါဆံုး feature ျဖစ္တဲ့ အလင္းမွိန္ေနတဲ့အခ်ိန္မွာ အဆင့္အျမင့္ဆံုးပံုရိပ္ေတြကို ဖမ္းယူေပးႏိုင္သြားပါတယ္။ P30 မွာေတာ့ ကင္မရာသံုးလံုးပဲ တပ္ဆင္ေပးထားတာကို ေတြ႕ရပါတယ္။

ေနာက္တစ္ခုေျပာစရာရွိတာကေတာ့ P30 Pro ရဲ႕ zoom ပါပဲ။ in-depth စမ္းသပ္မႈေတြလုပ္ေဆာင္ျပီးေနာက္မွာ DXOMARK ကေတာ့ အေတာ္ေလးမုိက္တယ္လို႕ ေျပာထားပါတယ္။

compact camera တစ္လံုးကို ကိုင္ခ်င္ေနတယ္ဆုိရင္ ၊ zoom အတြက္ သံုးခ်င္ေနတာဆိုရင္ စမတ္ဖုန္းကင္မရာေတာ္မ်ားမ်ားက 5x factor ေလာက္အထိပဲ ေပးႏုိင္တာကို သတိထားမိမွာပါ။ Huawei P30 Pro ကေတာ့ အေျပာင္းအလဲတစ္ခုအျဖစ္နဲ႕ zoom system ကို ေျပာင္းထားပါတယ္။ ဒါေၾကာင့္ လက္ေတြ႕အသံုးျပဳႏုိင္တဲ့ 10x zoom ကို ရရွိမွာျဖစ္ပါတယ္။

mobile photographer အေတာ္မ်ားမ်ားအတြက္ zoom တစ္ခ်က္တည္းနဲ႕တင္ လႈံ႕ေဆာ္ေနျပီျဖစ္ေပမယ့္လည္း ကင္မရာဟာ အျခားေနရာေတြမွာလည္း ေကာင္းမြန္ေနတာကို ခံစားမိမွာပါ။ bokeh mode မွာလည္း ကၽြန္ေတာ္တို႕ျမင္ဖူးသမွ်ထဲမွာ အေကာင္းဆံုးပါပဲ။ image detail ၊ noise level ေတြကလည္း အလင္းအေျခအေနအားလံုးမွာ ျပီးျပည့္စံုေနပါတယ္။ video mode မွာလည္း အရည္အေသြးျမင့္ပံုရိပ္ေတြကို ဖမ္းယူေပးႏုိင္ပါတယ္။ color ၊ artifacts ပိုင္းမွာေတာ့ နည္းနည္းလိုအပ္ေနေသးတယ္ဆိုေပမယ့္လည္း သံုးစြဲသူေတြ ေပါ့ေလ်ာ့ေပးႏုိင္တဲ့အေျခအေနအတြင္းမွာ ရွိေနတယ္ဆိုတာကိုေတာ့ လက္ခံရမွာျဖစ္ပါတယ္။

super-wide-angle camera ကို ေပါင္းထည့္လိုက္ခ်ိန္မွာ P30 Pro ေလးက အျခားစမတ္ဖုန္းေတြထက္ range အေတာ္မ်ားမ်ားကို cover ျဖစ္သြားေစပါတယ္။

ဥပမာျပရမယ္ဆိုရင္ေတာ့ ေအာက္က ပံုေလးကို ရွဳစားၾကည့္လုိက္ပါ။

အခ်က္အလက္ေတြကို ေျပာရမယ္ဆိုရင္ေတာ့ P30 Pro မွာ ၆.၄၇လက္မ OLED display ၊ standard P30 မွာေတာ့ ၆.၁လက္မ OLED display ကို သံုးထားပါတယ္။ ႏွစ္လံုးစလံုုးမွာ fingerprint က display ထဲမွာ ျမွဳပ္ထားပါတယ္။ ေနာက္ထပ္မိုက္တဲ့အခ်က္က မိနစ္၃၀အတြင္းမွာ ၇၀%အထိ အားသြင္းေပးႏုိင္ပါတယ္။ P30 နဲ႕ P30 Pro တို႕မွာ headphones ဒါမွမဟုတ္ ဖုန္းေနာက္တစ္လံုးကို ၾကိဳးမဲ့အားသြင္းေပးႏုိင္ပါေသးတယ္။ ဒါေပမယ့္ headphone jack ကို P30 မွာပဲ ထည့္ေပးထားပါတယ္။

P30 Pro ကို RAM 8GB နဲ႕ျဖန္႕ခ်ိမွာျဖစ္ျပီးေတာ့ 128GB, 256GB, 512GB storage ဆိုျပီး ေရြးခ်ယ္ႏုိင္ပါတယ္။ P30 ကိုေတာ့ RAM 6GB ၊ 128GB storage နဲ႕ ရႏုိင္မွာျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ P30 ဟာ ေဒၚလာ၉၀၀ ၊ P30 Pro ကေတာ့ ေဒၚလာ ၁၁၂၇ ျဖစ္ပါတယ္။

Unicode Version

အံ့သြစရာကောင်းတာကတော့ တရုတ်လုပ်ငန်း Huawei ဟာ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်းဖြန့်ချိသူနေရာကို Apple ဆီက လုယူလိုက်ပါတယ်။ အဲဒီကတည်းကစပြီး Huawei ဟာ အရှုပ်တော်ပုံတွေ ပွထနေတာတောင်မှ အထင်ကြီးဖွယ်တိုးတက်မှုတွေကို ပြသခဲ့ပါတယ်။
ဒါ့အပြင် Huawei ဟာ hardware ပိုင်းမှာလည်း ပညာရှိဆန်ဆန် တွန်းအားပေးလုပ်ဆောင်နေပြီး မနေ့ညကပဲ မျိုးဆက်သစ်စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်ပြသခဲ့ပါတယ်။ P30 series ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ ဖုန်းလေးကတော့ ထင်ထားတဲ့အတိုင်းပါပဲ။ မိုဘိုင်းလ်ဓါတ်ပုံပညာကို နောက်ထပ်အဆင့်တစ်ခုရောက်အောင် တွန်းတင်ပေးလိုက်ပါတယ်။
Huaewei ရဲ့ P30 Pro လေးမှာ Leica နဲ့ ပူးပေါင်းထားပြီး ကင်မရာလေးလုံးစနစ်ကို ထည့်သွင်းပေးထားတဲ့အပြင် augmented reality နဲ့ bokeh ရိုက်ချက်တွေအတွက် ပိုမိုကောင်းမွန်စေဖို့ time-of-flight sensor ကိုလည်း တွဲဖက်ပေးထားပါတယ်။ အထူးသဖြင့် P30 Pro မှာ 40 megapixel lens ၊ 20 megapixel wide angle lens ၊ telephoto lens တို့ ပါဝင်နေပါတယ်။ အတူတကွပေါင်းစပ်လိုက်ချိန်မှာတော့ အရေးအပါဆုံး feature ဖြစ်တဲ့ အလင်းမှိန်နေတဲ့အချိန်မှာ အဆင့်အမြင့်ဆုံးပုံရိပ်တွေကို ဖမ်းယူပေးနိုင်သွားပါတယ်။ P30 မှာတော့ ကင်မရာသုံးလုံးပဲ တပ်ဆင်ပေးထားတာကို တွေ့ရပါတယ်။
နောက်တစ်ခုပြောစရာရှိတာကတော့ P30 Pro ရဲ့ zoom ပါပဲ။ in-depth စမ်းသပ်မှုတွေလုပ်ဆောင်ပြီးနောက်မှာ DXOMARK ကတော့ အတော်လေးမိုက်တယ်လို့ ပြောထားပါတယ်။
compact camera တစ်လုံးကို ကိုင်ချင်နေတယ်ဆိုရင် ၊ zoom အတွက် သုံးချင်နေတာဆိုရင် စမတ်ဖုန်းကင်မရာတော်များများက 5x factor လောက်အထိပဲ ပေးနိုင်တာကို သတိထားမိမှာပါ။ Huawei P30 Pro ကတော့ အပြောင်းအလဲတစ်ခုအဖြစ်နဲ့ zoom system ကို ပြောင်းထားပါတယ်။ ဒါကြောင့် လက်တွေ့အသုံးပြုနိုင်တဲ့ 10x zoom ကို ရရှိမှာဖြစ်ပါတယ်။
mobile photographer အတော်များများအတွက် zoom တစ်ချက်တည်းနဲ့တင် လှုံ့ဆော်နေပြီဖြစ်ပေမယ့်လည်း ကင်မရာဟာ အခြားနေရာတွေမှာလည်း ကောင်းမွန်နေတာကို ခံစားမိမှာပါ။ bokeh mode မှာလည်း ကျွန်တော်တို့မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ။ image detail ၊ noise level တွေကလည်း အလင်းအခြေအနေအားလုံးမှာ ပြီးပြည့်စုံနေပါတယ်။ video mode မှာလည်း အရည်အသွေးမြင့်ပုံရိပ်တွေကို ဖမ်းယူပေးနိုင်ပါတယ်။ color ၊ artifacts ပိုင်းမှာတော့ နည်းနည်းလိုအပ်နေသေးတယ်ဆိုပေမယ့်လည်း သုံးစွဲသူတွေ ပေါ့လျော့ပေးနိုင်တဲ့အခြေအနေအတွင်းမှာ ရှိနေတယ်ဆိုတာကိုတော့ လက်ခံရမှာဖြစ်ပါတယ်။
super-wide-angle camera ကို ပေါင်းထည့်လိုက်ချိန်မှာ P30 Pro လေးက အခြားစမတ်ဖုန်းတွေထက် range အတော်များများကို cover ဖြစ်သွားစေပါတယ်။
ဥပမာပြရမယ်ဆိုရင်တော့ အောက်က ပုံလေးကို ရှုစားကြည့်လိုက်ပါ။


အချက်အလက်တွေကို ပြောရမယ်ဆိုရင်တော့ P30 Pro မှာ ၆.၄၇လက်မ OLED display ၊ standard P30 မှာတော့ ၆.၁လက်မ OLED display ကို သုံးထားပါတယ်။ နှစ်လုံးစလုံးမှာ fingerprint က display ထဲမှာ မြှုပ်ထားပါတယ်။ နောက်ထပ်မိုက်တဲ့အချက်က မိနစ်၃၀အတွင်းမှာ ၇၀%အထိ အားသွင်းပေးနိုင်ပါတယ်။ P30 နဲ့ P30 Pro တို့မှာ headphones ဒါမှမဟုတ် ဖုန်းနောက်တစ်လုံးကို ကြိုးမဲ့အားသွင်းပေးနိုင်ပါသေးတယ်။ ဒါပေမယ့် headphone jack ကို P30 မှာပဲ ထည့်ပေးထားပါတယ်။
P30 Pro ကို RAM 8GB နဲ့ဖြန့်ချိမှာဖြစ်ပြီးတော့ 128GB, 256GB, 512GB storage ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ P30 ကိုတော့ RAM 6GB ၊ 128GB storage နဲ့ ရနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ P30 ဟာ ဒေါ်လာ၉၀၀ ၊ P30 Pro ကတော့ ဒေါ်လာ ၁၁၂၇ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.