Enterprise Gadget Social Trending

iPhone မွာ အသံုးျပဳႏုိင္မယ့္ credit card ကို Apple မိတ္ဆက္

Zawgyi Version

Apple Card နဲ႕ credit card လုပ္ငန္းထဲကို Apple က စတင္၀င္ေရာက္လာပါျပီ။ iPhone တစ္လံုးသာရွိမယ္ဆိုရင္ေတာ့ ကိုယ္ပိုင္ေငြေပးေခ်မႈတစ္ခု လုပ္ေဆာင္ႏိုင္ေတာ့မွာပါ။ credit card ေလးဟာ Wallet app နဲ႕ တုိက္ရိုက္ခ်ိတ္ဆက္ထားမွာျဖစ္ျပီးေတာ့ အခေၾကးေငြေပးစရာမလိုအပ္ပါဘူး။ အတိုးႏႈန္းလည္း သက္သာတယ္။ ေငြျပန္အမ္းမယ့္ အစီအစဥ္ေတြလည္းပါေနေသးတယ္။ ေနာက္ျပီး privacy နဲ႕ လံုျခံဳစိတ္ခ်မႈလည္း အျပည့္နဲ႕ေပ့ါ။ ဒီေၾကညာခ်က္ေလးကေတာ့ Apple TV Plus, Apple Arcade နဲ႕ Apple News Plus မိတ္ဆက္ပြဲမွာ တစ္ပါတည္း လုပ္ခဲ့တာျဖစ္ပါတယ္။

Apple Pay ကို အသံုးျပဳႏုိင္တဲ့ေနရာေတြဟာ ယူအက္စ္ရဲ႕ ၇၀%ေသာဆုိင္ေတြ၊ ၾသစေတးလ်မွာဆုိရင္ ၉၉% အထိ ရွိေနျပီး contactless payment အေနနဲ႕ အသံုးျပဳႏုိင္မွာပါ။ Apple Pay ဟာ ႏုိင္ငံေပါင္း၄၀ေက်ာ္မွာ အသံုးျပဳေနျပီးေတာ့ Apple Pay အသံုးျပဳႏုိင္တဲ့ေနရာေတြအတြက္ ရည္မွန္းကာ Apple Card ေရာင္းခ်ႏုိင္ဖို႕ ေမွ်ာ္မွန္းထားပါတယ္။

APPLE CARD ဆိုတာဘာလဲ

apple card

Apple Card ဆိုတာ credit card ျဖစ္ျပီးေတာ့ iPhone ကေန တိုက္ရုိက္စာရင္းသြင္းလို႕ရပါတယ္။ Apple ဟာ Mastercard နဲ႕ ခ်ိတ္ဆက္ထားျပီးေတာ့ Apple Card ရဲ႕ global payment network ကို ေထာက္ပံ့ေပးထားပါတယ္။ အသံုးျပဳဖို႕အတြက္ ကဒ္မလိုအပ္ပါဘူး။ စာရင္းသြင္းျပီး အတည္ျပဳျပီးတာနဲ႕ ကဒ္ေလးကို မိနစ္ပိုင္းအတြင္း အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။ Apple Pay လက္ခံတဲ့ေနရာတုိင္းမွာ အသံုးျပဳႏုိင္ပါတယ္။

Apple Pay သံုးလို႕မရတဲ့ေနရာေတြမွာဆိုရင္ေတာ့ Apple Card ေလးကို အသံုးျပဳခြင့္ရမွာပါ။ သူဟာ သင့္နာမည္ေလးပါေနတဲ့ တိုက္ေတနီယမ္ကဒ္ေလးျဖစ္ပါတယ္။ သူဟာ သာမန္ကဒ္ေတြထက္ စိတ္ခ်ရပါတယ္။ ကဒ္နံပါတ္မပါ၊ CVV security code မရွိ၊ expiration date မလို၊ လက္မွတ္မသံုးတဲ့ ကဒ္ေလးျဖစ္ပါတယ္။

Apple Card အတြက္ လုပ္ေဆာင္ခ်က္ေတြအားလံုးကို Wallet app ထဲမွာၾကည့္ႏိုင္ပါတယ္။ အေၾကြးဘယ္ေလာက္တင္ေနျပီလဲ။ ဘယ္အခ်ိန္ရက္ေစ့မွာလဲ။ ဘယ္ေတြ၀ယ္ထားတာလဲ။ အကူညီလိုျပီေဟ့ဆိုရင္လည္း Apple Card customer service ကို Messages app ကေန တုိက္ရုိက္ ေျပာႏုိင္ပါတယ္။

Apple Card ဟာ machine learning ကို အသံုးျပဳထားျပီးေတာ့ Apple Maps ဟာ credit card statement ေတြကို သင္နားလည္ေအာင္လုပ္ေဆာင္ေပးပါတယ္။ သင့္ရဲ႕အသံုးျပဳမႈေတြ၊ ဘာအတြက္သံုးလုိက္သလဲဆုိတဲ့ အေသးစိတ္အခ်က္အလက္ေတြ၊ အစားအေသာက္လား၊ ေသာက္စရာလား စတဲ့အမ်ိဳးအစားခြဲျခားမႈေတြလည္း ျပသေပးႏုိင္ပါေသးတယ္။ အမ်ဳိးအစားေလးေတြကို အေရာင္ခြဲျခားေပးျပီးေတာ့ ၀ယ္ယူမႈေတြကို ရက္သတၱပတ္အလိုက္၊ လအလုိက္ အစီရင္ခံေပးမွာပါ။ ဒီေတာ့ တစ္ခ်က္ၾကည့္လုိက္တာနဲ႕ ျမင္သာေစပါတယ္။

Reward ေတြက ဘာေတြရမွာလဲ

apple card

credit card လို႕ၾကားလိုက္တာနဲ႕ rewards system ေတြျဖစ္တဲ့ cash back ဒါမွမဟုတ္ points system ကို ေျပးျမင္မိၾကမွာပါ။ Apple ကေတာ့ Daily Cash လို႕ အမည္ေပးထားတဲ့စနစ္ကို သံုးမွာပါ။ ဒါကေတာ့ store ဆုိင္ေတြမွာ တကယ္အသံုးျပဳႏုိင္တဲ့ Apple Cash ကုိ ရရွိမွာပါ။ သူငယ္ခ်င္းေတြကိုလည္္း မွ်ေ၀ေပးႏုိင္ပါေသးတယ္။

Apple Card ကို အသံုးျပဳျပီးေတာ့ ေငြေပးေခ်တုိင္းမွာ ၀ယ္လိုက္တဲ့ပမာဏရဲ႕ ၂%ကို ရရွိမွာျဖစ္ပါတယ္။ ဒါဟာ ကန္႕သတ္ထားျခင္းမရွိပါဘူး။ Apple ထုတ္ကုန္ေတြ၀ယ္မယ္ဆိုရင္ေတာ့ 3% ရရွိမွာျဖစ္ပါတယ္။ iPhone တို႕၊ iCloud storage bill ေပးတာမ်ိဳးေပ့ါ။ physical card သံုးမယ္ဆိုရင္ေတာ့ ၁% ရရွိမွာပါ။

အတိုးနဲ႕ အေၾကြးပမာဏကို ဘယ္အထိ သတ္မွတ္ထားတာလဲ

Apple Card ဟာ အတိုးႏႈန္း 13.24 percent ကေန 24.24 percent အထိ အမ်ိဳးမ်ိဳးသတ္မွတ္ထားတယ္လို႕ ဆုိပါတယ္။ ေနာက္က်ေၾကး၊ ႏွစ္စဥ္ေၾကး၊ ႏုိင္ငံတကာေၾကး၊ ပမာဏေက်ာ္လြန္ေၾကးေတြ မရွိေၾကာင္းကိုလည္း ေျပာၾကားသြားပါတယ္။ ေပးေခ်ဖို႕ေမ့သြားရင္လည္း အတိုးႏႈန္းတက္မွာမဟုတ္ပါဘူး။ ေနာက္က်မယ္ဆိုရင္ေတာင္ လက္ရွိပမာဏထဲမွာ ေပါင္းျပီးတြက္ခ်က္ေပးသြားမွာပါ။

Wallet app ေလးဟာ အတိုးႏႈန္းသက္သာေအာင္ နည္းလမ္းျပေပးႏုိင္ဦးမွာပါ။ အတိုးႏႈန္းဘယ္ေလာက္ေပးရမယ္ဆိုတာ ၾကည့္လို႕ရသလို ဘယ္ေလာက္ေပးထားျပီးျပီိလဲဆိုတာလည္း ၾကည့္ႏုိင္မွာျဖစ္ပါတယ္။

credit card ေတြလိုပါပဲ။ အတည္ျပဳေပးဖို႕လည္း လိုအပ္ပါေသးတယ္။ credit limit ကေတာ့ လက္ရွိအေၾကြးအေပၚမွာ မူတည္ေနမွာျဖစ္ပါတယ္။

လံုျခံဳရဲ႕လား private ျဖစ္ရဲ႕လား

apple card

Privacy ၊ security မပါဘဲနဲ႕ေတာ့ Apple က မေၾကညာပါဘူး။ Apple Card ေလးဟာ ဖုန္းထဲမွာပဲ unique number ကို သိမ္းထားမွာပါ။ ေပးေခ်မႈတုိင္းဟာ one-time dynamic code နဲ႕ လုပ္ေဆာင္ရမွာျဖစ္ျပီးေတာ့ Touch ID ၊ Face ID တို႕လည္း လိုအပ္ပါေသးတယ္။  

Apple က သင္ဘာ၀ယ္ထားသလဲဆိုတာ မသိသလို၊ ဘယ္က၀ယ္လဲ၊ ဘယ္အခ်ိန္လဲဆုိတာ မသိပါဘူး။ ဘဏ္ျဖစ္တဲ့ Goldman Sachs ကလည္း သင့္ရဲ႕အခ်က္အလက္ေတြကို အျခားသူေတြအတြက္ ေရာင္းခ်ေပးမွာမဟုတ္ပါဘူး။

ဘယ္အခ်ိန္စသံုးလို႕ရႏုိင္မွာလဲ။

Apple Card ေလးကိုေတာ့ ယူအက္စ္မွာ ဒီေႏြေလာက္ ျမင္ရပါလိမ့္မယ္။ အျခားႏုိင္ငံေတြေတာ့ ဘယ္အခ်ိန္ရမလဲ မေျပာတတ္ေသးပါဘူး။ မၾကာဖို႕ပဲ ေမွ်ာ္လင့္ပါတယ္။

Unicode Version

Apple Card နဲ့ credit card လုပ်ငန်းထဲကို Apple က စတင်ဝင်ရောက်လာပါပြီ။ iPhone တစ်လုံးသာရှိမယ်ဆိုရင်တော့ ကိုယ်ပိုင်ငွေပေးချေမှုတစ်ခု လုပ်ဆောင်နိုင်တော့မှာပါ။ credit card လေးဟာ Wallet app နဲ့ တိုက်ရိုက်ချိတ်ဆက်ထားမှာဖြစ်ပြီးတော့ အခကြေးငွေပေးစရာမလိုအပ်ပါဘူး။ အတိုးနှုန်းလည်း သက်သာတယ်။ ငွေပြန်အမ်းမယ့် အစီအစဉ်တွေလည်းပါနေသေးတယ်။ နောက်ပြီး privacy နဲ့ လုံခြုံစိတ်ချမှုလည်း အပြည့်နဲ့ပေ့ါ။ ဒီကြေညာချက်လေးကတော့ Apple TV Plus, Apple Arcade နဲ့ Apple News Plus မိတ်ဆက်ပွဲမှာ တစ်ပါတည်း လုပ်ခဲ့တာဖြစ်ပါတယ်။
Apple Pay ကို အသုံးပြုနိုင်တဲ့နေရာတွေဟာ ယူအက်စ်ရဲ့ ၇၀%သောဆိုင်တွေ၊ သြစတေးလျမှာဆိုရင် ၉၉% အထိ ရှိနေပြီး contactless payment အနေနဲ့ အသုံးပြုနိုင်မှာပါ။ Apple Pay ဟာ နိုင်ငံပေါင်း၄၀ကျော်မှာ အသုံးပြုနေပြီးတော့ Apple Pay အသုံးပြုနိုင်တဲ့နေရာတွေအတွက် ရည်မှန်းကာ Apple Card ရောင်းချနိုင်ဖို့ မျှော်မှန်းထားပါတယ်။
APPLE CARD ဆိုတာဘာလဲ

apple card


Apple Card ဆိုတာ credit card ဖြစ်ပြီးတော့ iPhone ကနေ တိုက်ရိုက်စာရင်းသွင်းလို့ရပါတယ်။ Apple ဟာ Mastercard နဲ့ ချိတ်ဆက်ထားပြီးတော့ Apple Card ရဲ့ global payment network ကို ထောက်ပံ့ပေးထားပါတယ်။ အသုံးပြုဖို့အတွက် ကဒ်မလိုအပ်ပါဘူး။ စာရင်းသွင်းပြီး အတည်ပြုပြီးတာနဲ့ ကဒ်လေးကို မိနစ်ပိုင်းအတွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Apple Pay လက်ခံတဲ့နေရာတိုင်းမှာ အသုံးပြုနိုင်ပါတယ်။
Apple Pay သုံးလို့မရတဲ့နေရာတွေမှာဆိုရင်တော့ Apple Card လေးကို အသုံးပြုခွင့်ရမှာပါ။ သူဟာ သင့်နာမည်လေးပါနေတဲ့ တိုက်တေနီယမ်ကဒ်လေးဖြစ်ပါတယ်။ သူဟာ သာမန်ကဒ်တွေထက် စိတ်ချရပါတယ်။ ကဒ်နံပါတ်မပါ၊ CVV security code မရှိ၊ expiration date မလို၊ လက်မှတ်မသုံးတဲ့ ကဒ်လေးဖြစ်ပါတယ်။
Apple Card အတွက် လုပ်ဆောင်ချက်တွေအားလုံးကို Wallet app ထဲမှာကြည့်နိုင်ပါတယ်။ အကြွေးဘယ်လောက်တင်နေပြီလဲ။ ဘယ်အချိန်ရက်စေ့မှာလဲ။ ဘယ်တွေဝယ်ထားတာလဲ။ အကူညီလိုပြီဟေ့ဆိုရင်လည်း Apple Card customer service ကို Messages app ကနေ တိုက်ရိုက် ပြောနိုင်ပါတယ်။
Apple Card ဟာ machine learning ကို အသုံးပြုထားပြီးတော့ Apple Maps ဟာ credit card statement တွေကို သင်နားလည်အောင်လုပ်ဆောင်ပေးပါတယ်။ သင့်ရဲ့အသုံးပြုမှုတွေ၊ ဘာအတွက်သုံးလိုက်သလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေ၊ အစားအသောက်လား၊ သောက်စရာလား စတဲ့အမျိုးအစားခွဲခြားမှုတွေလည်း ပြသပေးနိုင်ပါသေးတယ်။ အမျိုးအစားလေးတွေကို အရောင်ခွဲခြားပေးပြီးတော့ ဝယ်ယူမှုတွေကို ရက်သတ္တပတ်အလိုက်၊ လအလိုက် အစီရင်ခံပေးမှာပါ။ ဒီတော့ တစ်ချက်ကြည့်လိုက်တာနဲ့ မြင်သာစေပါတယ်။
Reward တွေက ဘာတွေရမှာလဲ

apple card


credit card လို့ကြားလိုက်တာနဲ့ rewards system တွေဖြစ်တဲ့ cash back ဒါမှမဟုတ် points system ကို ပြေးမြင်မိကြမှာပါ။ Apple ကတော့ Daily Cash လို့ အမည်ပေးထားတဲ့စနစ်ကို သုံးမှာပါ။ ဒါကတော့ store ဆိုင်တွေမှာ တကယ်အသုံးပြုနိုင်တဲ့ Apple Cash ကို ရရှိမှာပါ။ သူငယ်ချင်းတွေကိုလည်း မျှဝေပေးနိုင်ပါသေးတယ်။
Apple Card ကို အသုံးပြုပြီးတော့ ငွေပေးချေတိုင်းမှာ ဝယ်လိုက်တဲ့ပမာဏရဲ့ ၂%ကို ရရှိမှာဖြစ်ပါတယ်။ ဒါဟာ ကန့်သတ်ထားခြင်းမရှိပါဘူး။ Apple ထုတ်ကုန်တွေဝယ်မယ်ဆိုရင်တော့ 3% ရရှိမှာဖြစ်ပါတယ်။ iPhone တို့၊ iCloud storage bill ပေးတာမျိုးပေ့ါ။ physical card သုံးမယ်ဆိုရင်တော့ ၁% ရရှိမှာပါ။
အတိုးနဲ့ အကြွေးပမာဏကို ဘယ်အထိ သတ်မှတ်ထားတာလဲ
Apple Card ဟာ အတိုးနှုန်း 13.24 percent ကနေ 24.24 percent အထိ အမျိုးမျိုးသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ နောက်ကျကြေး၊ နှစ်စဉ်ကြေး၊ နိုင်ငံတကာကြေး၊ ပမာဏကျော်လွန်ကြေးတွေ မရှိကြောင်းကိုလည်း ပြောကြားသွားပါတယ်။ ပေးချေဖို့မေ့သွားရင်လည်း အတိုးနှုန်းတက်မှာမဟုတ်ပါဘူး။ နောက်ကျမယ်ဆိုရင်တောင် လက်ရှိပမာဏထဲမှာ ပေါင်းပြီးတွက်ချက်ပေးသွားမှာပါ။
Wallet app လေးဟာ အတိုးနှုန်းသက်သာအောင် နည်းလမ်းပြပေးနိုင်ဦးမှာပါ။ အတိုးနှုန်းဘယ်လောက်ပေးရမယ်ဆိုတာ ကြည့်လို့ရသလို ဘယ်လောက်ပေးထားပြီးပြီလဲဆိုတာလည်း ကြည့်နိုင်မှာဖြစ်ပါတယ်။
credit card တွေလိုပါပဲ။ အတည်ပြုပေးဖို့လည်း လိုအပ်ပါသေးတယ်။ credit limit ကတော့ လက်ရှိအကြွေးအပေါ်မှာ မူတည်နေမှာဖြစ်ပါတယ်။
လုံခြုံရဲ့လား private ဖြစ်ရဲ့လား

apple card


Privacy ၊ security မပါဘဲနဲ့တော့ Apple က မကြေညာပါဘူး။ Apple Card လေးဟာ ဖုန်းထဲမှာပဲ unique number ကို သိမ်းထားမှာပါ။ ပေးချေမှုတိုင်းဟာ one-time dynamic code နဲ့ လုပ်ဆောင်ရမှာဖြစ်ပြီးတော့ Touch ID ၊ Face ID တို့လည်း လိုအပ်ပါသေးတယ်။
Apple က သင်ဘာဝယ်ထားသလဲဆိုတာ မသိသလို၊ ဘယ်ကဝယ်လဲ၊ ဘယ်အချိန်လဲဆိုတာ မသိပါဘူး။ ဘဏ်ဖြစ်တဲ့ Goldman Sachs ကလည်း သင့်ရဲ့အချက်အလက်တွေကို အခြားသူတွေအတွက် ရောင်းချပေးမှာမဟုတ်ပါဘူး။
ဘယ်အချိန်စသုံးလို့ရနိုင်မှာလဲ။
Apple Card လေးကိုတော့ ယူအက်စ်မှာ ဒီနွေလောက် မြင်ရပါလိမ့်မယ်။ အခြားနိုင်ငံတွေတော့ ဘယ်အချိန်ရမလဲ မပြောတတ်သေးပါဘူး။ မကြာဖို့ပဲ မျှော်လင့်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.