Enterprise Trending

Boeing 737 ေၾကာင့္ တစ္ရက္မွာ ခရီးစဥ္ ၉၀ ကို ဖ်က္သိမ္းေနရတဲ့ American Airlines

Boeing ရဲ႕ ေနာက္ဆံုးထုတ္ 737 Airplane တစ္စီးဟာ ဒီလအေစာပိုင္းမွာ အီသီယိုးပီးယားမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၅၇ ဦး ေသဆံုးၿပီးေနာက္မွာ တရုတ္၊ အင္ဒိုနီးရွားနဲ႔ အီသီယိုးပီးယား ႏိုင္ငံမ်ားမွာ အဲဒီေလယာဥ္မ်ား ပ်ံသန္းျခင္းကို ပိတ္ပင္လိုက္ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ ငါးလအတြင္း Boeing 737 Max 8 ေလယာဥ္  ဒုတိယ အႀကိမ္ေျမာက္ ပ်က္က်ျခင္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလမွာလည္း တန္ဖိုးနည္း ေလေၾကာင္းလိုင္း Lion Air ရဲ႕ 737 Max 8 တစ္စီးဟာ ေ၀ဟင္သို႔ ပ်ံတက္ၿပီး သိပ္မၾကာခင္မွာပဲ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး ေသဆံုးသြားခဲ့ပါတယ္။

အဲဒီအတြက္ မၾကာခင္ကပဲ အေမရိကန္ ပိုင္နက္ထဲမွာ ပ်ံသန္းခြင့္ကို ပိတ္ပင္လိုက္ပါတယ္။ လက္ရွိေတြ႕ရွိခ်က္မ်ားအရ ေလယာဥ္မ်ားရဲ႕ Auto Pilot စနစ္ေၾကာင္သြားတာကို ေလယာဥ္မွဴးက မထိန္းခ်ဳပ္ႏုိင္လို႔ ျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီအတြက္ ဒီရက္ပိုင္းအတြင္းမွာ Boeing က Software Update ကို ျဖန္႔ခ်ီေပးမယ္လို႔ ေၾကညာထားပါတယ္။

အခုေတာ့ အေမရိကန္ ေလေၾကာင္းလိုင္းက သူ႔ရဲ႕ Boeing 737 ေလယာဥ္ ေပါင္း ၂၄ စီးကို ရပ္နားထားရတဲ့ အတြက္ တစ္ရက္မွာ ခရီးစဥ္ ၉၀ ကို ဖ်က္သိမ္းေနရတယ္လို႔ ေျပာပါတယ္။ ကုမၸဏီက သူ႔ရဲ႕ 737 Max မ်ား ျပန္လည္ ပ်ံသန္းႏိုင္ဖို႔  Boeing ရဲ႕ ေဆာ့ဖ္၀ဲ Update နဲ႔ အာဏာပိုင္မ်ားရဲ႕ ခြင့္ျပဳခ်က္ကို ေစာင့္ဆိုင္းေနတယ္လို႔ ေျပာပါတယ္။

ကုမၸဏီက “Booking လုပ္ထားၿပီး ခရီးစဥ္ ဖ်က္သိမ္းခံရတဲ့ ေဖာက္သည္မ်ားကိုလည္း အသိေပး အေၾကာင္းၾကားသြားမွာ ျဖစ္ပါတယ္။ ခရီးစဥ္မ်ားကို ဖ်က္သိမ္းရာမွာ ဂရုတစိုက္ လုပ္ေဆာင္ေနပါတယ္။ ကြ်န္ေတာ္တို႔ရဲ႕ ေဖာက္သည္မ်ားအတြက္ Rebook လုပ္ႏိုင္မယ့္ အစီအစဥ္မ်ားနဲ႔ အေကာင္းဆံုး ၀န္ေဆာင္မႈမ်ားကို ျပဳလုပ္ေပးထားပါတယ္။ ခရီးစဥ္ ဖ်က္သိမ္းျခင္းကို ဧၿပီလ ၂၄ ရက္ေန႔အထိ တိုးခ်ဲ႕သြားမွာ ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။

unicode

Boeing 737 ကြောင့် တစ်ရက်မှာ ခရီးစဉ် ၉၀ ကို ဖျက်သိမ်းနေရတဲ့ American Airlines

Boeing ရဲ့ နောက်ဆုံးထုတ် 737 Airplane တစ်စီးဟာ ဒီလအစောပိုင်းမှာ အီသီယိုးပီးယားမှာ ပျက်ကျခဲ့ပြီး လူပေါင်း ၁၅၇ ဦး သေဆုံးပြီးနောက်မှာ တရုတ်၊ အင်ဒိုနီးရှားနဲ့ အီသီယိုးပီးယား နိုင်ငံများမှာ အဲဒီလေယာဉ်များ ပျံသန်းခြင်းကို ပိတ်ပင်လိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ငါးလအတွင်း Boeing 737 Max 8 လေယာဉ် ဒုတိယ အကြိမ်မြောက် ပျက်ကျခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာလည်း တန်ဖိုးနည်း လေကြောင်းလိုင်း Lion Air ရဲ့ 737 Max 8 တစ်စီးဟာ ဝေဟင်သို့ ပျံတက်ပြီး သိပ်မကြာခင်မှာပဲ ပျက်ကျခဲ့ပြီး လူပေါင်း ၁၈၉ ဦး သေဆုံးသွားခဲ့ပါတယ်။

အဲဒီအတွက် မကြာခင်ကပဲ အမေရိကန် ပိုင်နက်ထဲမှာ ပျံသန်းခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ လက်ရှိတွေ့ရှိချက်များအရ လေယာဉ်များရဲ့ Auto Pilot စနစ်ကြောင်သွားတာကို လေယာဉ်မှူးက မထိန်းချုပ်နိုင်လို့ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအတွက် ဒီရက်ပိုင်းအတွင်းမှာ Boeing က Software Update ကို ဖြန့်ချီပေးမယ်လို့ ကြေညာထားပါတယ်။

အခုတော့ အမေရိကန် လေကြောင်းလိုင်းက သူ့ရဲ့ Boeing 737 လေယာဉ် ပေါင်း ၂၄ စီးကို ရပ်နားထားရတဲ့ အတွက် တစ်ရက်မှာ ခရီးစဉ် ၉၀ ကို ဖျက်သိမ်းနေရတယ်လို့ ပြောပါတယ်။ ကုမ္ပဏီက သူ့ရဲ့ 737 Max များ ပြန်လည် ပျံသန်းနိုင်ဖို့ Boeing ရဲ့ ဆော့ဖ်ဝဲ Update နဲ့ အာဏာပိုင်များရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။

ကုမ္ပဏီက “Booking လုပ်ထားပြီး ခရီးစဉ် ဖျက်သိမ်းခံရတဲ့ ဖောက်သည်များကိုလည်း အသိပေး အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။ ခရီးစဉ်များကို ဖျက်သိမ်းရာမှာ ဂရုတစိုက် လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဖောက်သည်များအတွက် Rebook လုပ်နိုင်မယ့် အစီအစဉ်များနဲ့ အကောင်းဆုံး ဝန်ဆောင်မှုများကို ပြုလုပ်ပေးထားပါတယ်။ ခရီးစဉ် ဖျက်သိမ်းခြင်းကို ဧပြီလ ၂၄ ရက်နေ့အထိ တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.