ရုရွားက စက္ရုပ္ စစ္သားမ်ားကို ျပသ

0
8

ကမာၻ႕ႏိုင္ငံႀကီးမ်ားဟာ ေခတ္သစ္ စစ္ပြဲမ်ားအတြက္ ေမာင္းသူမဲ့ နည္းပညာ ပါတဲ့ ယာဥ္မ်ား သို႔မဟုတ္ စက္ရုပ္ စစ္သားမ်ားကို တီထြင္ေနၾကပါတယ္။ ယခုလ အေစာပိုင္းကပဲ ၿဗိတိန္ စစ္တပ္က ေျမျပင္မွ စစ္သားမ်ားကို ေထာက္ကူဖို႔ လူ႔ရဲ႕ လက္ အရြယ္ထက္ ေသးငယ္တဲ့ ဒရုန္း ၂၀၀ ကို တီထြင္ေနတယ္လို႔ ေျပာပါတယ္။ Black Hornet လို႔ အမည္ေပးထားတဲ့ဒရုန္းမ်ာဟာ ေ၀ဟင္ကေန ကင္းေထာက္တဲ့ လုပ္ငန္းမ်ားကို လုပ္ေဆာင္ေပးမွာပါ။

ရုရွားကလည္း သူ႔ရဲ႕ စက္ရုပ္ စစ္သားမ်ားကို မၾကာခဏ ထုတ္ၾကြားေလ့ရွိပါတယ္။ အခုလည္း ေမာင္းသူမဲ့ တင့္ကားမ်ားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ားကို ဗီဒီယုိတစ္ခုနဲ႔ ျပသလိုက္ပါတယ္။ ဗီဒီယိုမွာ ေမာင္းသူမဲ့  တင့္ကားဟာ သူ႔ေဘးမွ စစ္သားရဲ႕ ေသနတ္ ခ်ိန္ရြယ္ရာ ေနရာက ရန္သူကို သူ႔ရဲ႕ လက္နက္နဲ႔ ပစ္ခတ္ႏုိင္တာကို ျမင္ရပါတယ္။

စစ္သားမ်ား ထိန္းခ်ဳပ္တဲ့ ဒရုန္းမ်ားကလည္း ပစ္မွတ္မ်ားကို တိုက္ခိုက္ေနတာကို ျမင္ရပါတယ္။ အနာဂတ္မွာေတာ့ သူတို႔ကို စစ္သားမ်ားက ထိန္းခ်ဳပ္စရာ မလိုေတာ့ေအာင္ စြမ္းရည္ျမင့္မားလာမွာ ျဖစ္ပါတယ္။ ရုရွား အဆင့္ျမင့္ သုေတသန ေဖာင္ေဒးရွင္း (ARF) က အဲဒီ ဗီဒီယိုကို YouTube မွာ မွ်ေ၀လိုက္တာျဖစ္ပါတယ္။

ရုရွား အဆင့္ျမင့္ သုေတသန ေဖာင္ေဒးရွင္း (ARF) က AI နဲ႔ ထိန္းခ်ဳပ္တဲ့ စက္ရုပ္ စစ္တပ္ကို တည္ေထာင္မယ္လို႔ ေျပာပါတယ္။ ARF က “ စက္ရုပ္ စစ္သား နည္းပညာ တိုးတက္ထြန္းကားလာတာနဲ႔ အမွ် စစ္သားေတြကို ေလွ်ာ့ခ်လာနုိင္မွာ ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။

unicode

ရုရှားက စက်ရုပ် စစ်သားများကို ပြသ

ကမ္ဘာ့နိုင်ငံကြီးများဟာ ခေတ်သစ် စစ်ပွဲများအတွက် မောင်းသူမဲ့ နည်းပညာ ပါတဲ့ ယာဉ်များ သို့မဟုတ် စက်ရုပ် စစ်သားများကို တီထွင်နေကြပါတယ်။ ယခုလ အစောပိုင်းကပဲ ဗြိတိန် စစ်တပ်က မြေပြင်မှ စစ်သားများကို ထောက်ကူဖို့ လူ့ရဲ့ လက် အရွယ်ထက် သေးငယ်တဲ့ ဒရုန်း ၂၀၀ ကို တီထွင်နေတယ်လို့ ပြောပါတယ်။ Black Hornet လို့ အမည်ပေးထားတဲ့ဒရုန်းမျာဟာ ဝေဟင်ကနေ ကင်းထောက်တဲ့ လုပ်ငန်းများကို လုပ်ဆောင်ပေးမှာပါ။

ရုရှားကလည်း သူ့ရဲ့ စက်ရုပ် စစ်သားများကို မကြာခဏ ထုတ်ကြွားလေ့ရှိပါတယ်။ အခုလည်း မောင်းသူမဲ့ တင့်ကားများနဲ့ တိုက်ခိုက်ရေး ဒရုန်းများကို ဗီဒီယိုတစ်ခုနဲ့ ပြသလိုက်ပါတယ်။ ဗီဒီယိုမှာ မောင်းသူမဲ့ တင့်ကားဟာ သူ့ဘေးမှ စစ်သားရဲ့ သေနတ် ချိန်ရွယ်ရာ နေရာက ရန်သူကို သူ့ရဲ့ လက်နက်နဲ့ ပစ်ခတ်နိုင်တာကို မြင်ရပါတယ်။

စစ်သားများ ထိန်းချုပ်တဲ့ ဒရုန်းများကလည်း ပစ်မှတ်များကို တိုက်ခိုက်နေတာကို မြင်ရပါတယ်။ အနာဂတ်မှာတော့ သူတို့ကို စစ်သားများက ထိန်းချုပ်စရာ မလိုတော့အောင် စွမ်းရည်မြင့်မားလာမှာ ဖြစ်ပါတယ်။ ရုရှား အဆင့်မြင့် သုတေသန ဖောင်ဒေးရှင်း (ARF) က အဲဒီ ဗီဒီယိုကို YouTube မှာ မျှဝေလိုက်တာဖြစ်ပါတယ်။

ရုရှား အဆင့်မြင့် သုတေသန ဖောင်ဒေးရှင်း (ARF) က AI နဲ့ ထိန်းချုပ်တဲ့ စက်ရုပ် စစ်တပ်ကို တည်ထောင်မယ်လို့ ပြောပါတယ်။ ARF က “ စက်ရုပ် စစ်သား နည်းပညာ တိုးတက်ထွန်းကားလာတာနဲ့ အမျှ စစ်သားတွေကို လျှော့ချလာနိုင်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.