iPhone 11 က အျခား ကိရိယာမ်ားကို ႀကိဳးမဲ့ အားသြင္းေပးႏုိင္မည္

0
207

iPhone 11 ရဲ႕ သတင္းေတြကေတာ့အခုကတည္းက စတင္ ထြက္ေပၚလာပါၿပီ။ ထံုးစံအရ ဆိုရင္သူတို႔ကို စက္တင္ဘာလမွာ ေၾကညာမွာပါ။ အခုေတာ့ဂ်ပန္မွ Macotakara ၀က္ဘ္ဆိုက္ရဲ႕ သတင္းအရ Apple ရဲ႕ ေနာက္ထုတ္မယ့္ အုိင္ဖုန္းမွာ အဲဒီ လုပ္ေဆာင္ခ်က္ ပါလာမယ္လို႔ သိရပါတယ္။ Macotakara က ဒီသတင္းကို Apple ရဲ႕ အစိတ္အပိုင္းမ်ားကို ထုတ္လုပ္ေပးတဲ့ တရုတ္ ကုမၸဏီမ်ားကေန ထြက္လာတယ္လုိ႔ေျပာပါတယ္။

iPad Pro ရဲ႕ 18W Charging ကို သူ႔မွာ ထည့္ထားေပးမွာပါ။ အားသြင္းႀကိဳး အသစ္ ပါလာမွာပါ။ မၾကာခင္ကလည္း iPhone 11 ရဲ႕ သတင္းမ်ား ထြက္ခဲ့ပါတယ္။   မ်က္ႏွာမွ ေသြးေၾကာမ်ားကို အာရံုခံၿပီး ဖုန္းကို Unlock လုပ္ေပးႏုိင္မယ့္နည္းပညာကို သူ႔မွာ  ထည့္ထားႏုိင္ပါတယ္။ အဲဒီနည္းပညာကို Subepidermal Imaging လို႔ အမည္ေပးထားပါတယ္။ မ်က္ႏွာအာရံုခံ စနစ္ကေန ေသြးေၾကာ အာရံုခံ စနစ္ကို ေျပာင္းသံုးရျခင္းမွာ Samsung Galaxy S10 ကို ဓါတ္ပံုမ်ားနဲ႔ လွည့္စားလို႔ရျခင္းလို ဟာကြက္မ်ားေၾကာင့္ ျဖစ္ပါတယ္။ အလားတူ နည္းပညာကို ဒီႏွစ္လယ္မွာ ေၾကညာမယ့္ LG G8 ThinQ မွာလည္း ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ iPhone 11 ထက္ LG G8 ThinQ က ေစာၿပီး ထြက္လာမွာပါ။

XDA Developer ရဲ႕ Max Weinbach က ဒီႏွစ္မွာ ေၾကညာမယ့္ iPhone 11 ရဲ႕ မ်က္ႏွာျပင္ဟာ ေရေအာက္ထဲမွာေတာင္ ထိေတြ႕ အသံုးျပဳႏုိင္မယ္လို႔ မၾကာခင္က ေျပာပါတယ္။ စမတ္ဖုန္းမ်ားမွာ ေရစိုခံ စြမ္းရည္ ပါၾကေပမယ့္ မ်က္ႏွာျပင္ ေရစိုေနရင္ ထိေတြ႕ အသံုးျပဳလို႔ မရၾကပါဘူး။ Apple က ဒါကို ေတာ္လွန္ဆန္းသစ္ေတာ့မွာပါ။

CompareRaja က iPhone 11 မွာ 10MP TrueDepth Camera ပါလာမယ္လို႔ ေျပာပါတယ္။ အဲဒီအတြက္ iPhone XS, XR တို႔ရဲ႕ 7MP Camera ထက္ ပိုေကာင္းလာမွာ ျဖစ္ပါတယ္။ ပိုေကာင္းတဲ့ Selfie Photos , Face ID, Animoji မ်ားကို ဖန္တီးလာႏိုင္မွာ ျဖစ္ပါတယ္။ iPhone 11 မွာ အေနာက္ကင္မရာ သံုးလံုး ထည့္သြင္းထားမွာ ျဖစ္ၿပီး ႏွစ္္လံုးမွာ 14MP နဲ႔ 10MP မ်ား ျဖစ္ပါတယ္။ တတိယတစ္လံုးရဲ႕ Resolution ကို မသိရေသးပါဘူး။ Apple က Telephoto Lens ကို Standard Lens နဲ႔ MP Size တူေအာင္ ဖန္တီးေလ့ ရွိပါတယ္။ အဲဒီအတြက္ တတိယ တစ္လံုးဟာ 14MP ျဖစ္ႏိုင္ပါတယ္။

unicode

iPhone 11 က အခြား ကိရိယာများကို ကြိုးမဲ့ အားသွင်းပေးနိုင်မည်

iPhone 11 ရဲ့ သတင်းတွေကတော့အခုကတည်းက စတင် ထွက်ပေါ်လာပါပြီ။ ထုံးစံအရ ဆိုရင်သူတို့ကို စက်တင်ဘာလမှာ ကြေညာမှာပါ။ အခုတော့ဂျပန်မှ Macotakara ဝက်ဘ်ဆိုက်ရဲ့ သတင်းအရ Apple ရဲ့ နောက်ထုတ်မယ့် အိုင်ဖုန်းမှာ အဲဒီ လုပ်ဆောင်ချက် ပါလာမယ်လို့ သိရပါတယ်။ Macotakara က ဒီသတင်းကို Apple ရဲ့ အစိတ်အပိုင်းများကို ထုတ်လုပ်ပေးတဲ့ တရုတ် ကုမ္ပဏီများကနေ ထွက်လာတယ်လို့ပြောပါတယ်။

iPad Pro ရဲ့ 18W Charging ကို သူ့မှာ ထည့်ထားပေးမှာပါ။ အားသွင်းကြိုး အသစ် ပါလာမှာပါ။ မကြာခင်ကလည်း iPhone 11 ရဲ့ သတင်းများ ထွက်ခဲ့ပါတယ်။ မျက်နှာမှ သွေးကြောများကို အာရုံခံပြီး ဖုန်းကို Unlock လုပ်ပေးနိုင်မယ့်နည်းပညာကို သူ့မှာ ထည့်ထားနိုင်ပါတယ်။ အဲဒီနည်းပညာကို Subepidermal Imaging လို့ အမည်ပေးထားပါတယ်။ မျက်နှာအာရုံခံ စနစ်ကနေ သွေးကြော အာရုံခံ စနစ်ကို ပြောင်းသုံးရခြင်းမှာ Samsung Galaxy S10 ကို ဓါတ်ပုံများနဲ့ လှည့်စားလို့ရခြင်းလို ဟာကွက်များကြောင့် ဖြစ်ပါတယ်။ အလားတူ နည်းပညာကို ဒီနှစ်လယ်မှာ ကြေညာမယ့် LG G8 ThinQ မှာလည်း ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ iPhone 11 ထက် LG G8 ThinQ က စောပြီး ထွက်လာမှာပါ။

XDA Developer ရဲ့ Max Weinbach က ဒီနှစ်မှာ ကြေညာမယ့် iPhone 11 ရဲ့ မျက်နှာပြင်ဟာ ရေအောက်ထဲမှာတောင် ထိတွေ့ အသုံးပြုနိုင်မယ်လို့ မကြာခင်က ပြောပါတယ်။ စမတ်ဖုန်းများမှာ ရေစိုခံ စွမ်းရည် ပါကြပေမယ့် မျက်နှာပြင် ရေစိုနေရင် ထိတွေ့ အသုံးပြုလို့ မရကြပါဘူး။ Apple က ဒါကို တော်လှန်ဆန်းသစ်တော့မှာပါ။

CompareRaja က iPhone 11 မှာ 10MP TrueDepth Camera ပါလာမယ်လို့ ပြောပါတယ်။ အဲဒီအတွက် iPhone XS, XR တို့ရဲ့ 7MP Camera ထက် ပိုကောင်းလာမှာ ဖြစ်ပါတယ်။ ပိုကောင်းတဲ့ Selfie Photos , Face ID, Animoji များကို ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။ iPhone 11 မှာ အနောက်ကင်မရာ သုံးလုံး ထည့်သွင်းထားမှာ ဖြစ်ပြီး နှစ်လုံးမှာ 14MP နဲ့ 10MP များ ဖြစ်ပါတယ်။ တတိယတစ်လုံးရဲ့ Resolution ကို မသိရသေးပါဘူး။ Apple က Telephoto Lens ကို Standard Lens နဲ့ MP Size တူအောင် ဖန်တီးလေ့ ရှိပါတယ်။ အဲဒီအတွက် တတိယ တစ်လုံးဟာ 14MP ဖြစ်နိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.