Smartphone Trending

Geekbench မွာ အထင္ႀကီးစရာ မေကာင္းတဲ့ Galaxy Fold ရဲ႕ ရမွတ္မ်ား

Samsung Galaxy Fold နဲ႔ Huawei Mate X တို႔ဟာ ပထမဆံုး ေခါက္ခ်ိဳး စမတ္ဖုန္းမ်ား ျဖစ္လာပါတယ္။ သူတို႔ရဲ႕ေခါက္ခ်ိဳး ဒီဇိုင္းမ်ားဟာ ထူးျခားဆန္းသစ္ၿပီး ကြဲျပားၾကပါတယ္။ အျခား ဖုန္း ကုမၸဏီမ်ားကလည္း လာမယ့္ လမ်ားမွာ သူတို႔ရဲ႕ ေခါက္ခ်ိဳး ဖုန္းမ်ားကို အၿပိဳင္အဆိုင္ ျပသၾကေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ ေစ်းနႈန္းမ်ားဟာ လက္ရွိမွာ အလြန္ ႀကီးမားေနပါေသးတယ္။ Galaxy Fold ဟာ ေဒၚလာ ၁၉၅၀ က်သင့္ပါတယ္။ Huawei Mate X က သူ႔ထက္ေစ်းႀကီးၿပီး ေဒၚလာ ၂၆၀၀ တန္ေၾကးရွိပါတယ္။

အခုေတာ့ Geekbench က Galaxy Fold ကို စမ္းသပ္လိုက္ပါတယ္။ ႏုိင္ငံတကာမွာ ေရာင္းမယ့္ SM-900F Model ျဖစ္ပါတယ္။ သူ႔မွာ Qualcomm Snapdragon 855 Chipset ထည့္သြင္းထားပါတယ္။ ေနာက္ဆံုးထုတ္ Samsung Exynos 8920 SoC ပါတဲ့ ေမာ္ဒယ္ မထြက္ႏိုင္ဘူးလို႔ ထင္ရပါတယ္။ ဒါ့အျပင္ SM-900F မွာ SD 855 အျပင္ 12GB RAM ထည့္သြင္းထားပါတယ္။

Geekbench မွ သူ႔ရဲ႕ ရမွတ္မ်ားက အထင္ႀကီးစရာ မေကာင္းတာကို ေတြ႕ရပါတယ္။ ဆမ္ေဆာင္းက အဲဒီ ေခါက္ခ်ိဳး ဖုန္းရဲ႕ ေဆာ့ဖ္၀ဲကို အၿပီး မသတ္ရေသးတဲ့ အတြက္ အခုလို ရမွတ္ သိပ္မေကာင္းတာ ျဖစ္ႏုိင္ပါတယ္။ သူ႔ကို ေရာင္းမယ့္ ဧၿပီလ ၂၆ ရက္အမွီ ဆမ္ေဆာင္းက ေဆာ့ဖ္၀ဲကို အၿပီးသတ္ ဖန္တီးရေတာ့မွာ ျဖစ္ပါတယ္။ ဖိုင္နယ္ ဗားရွင္းမွာေတာ့ သူ႔ရဲ႕စြမ္းေဆာင္ရည္ဟာ ဒီထက္ အမ်ားႀကီး ေကာင္းလာႏိုင္ပါတယ္။

သူ႔မွာ ၇.၃ လက္မ Infinity Flex Display ပါၿပီး သူ႔ကို ေခါက္ခ်ိဳးႏုိင္ပါတယ္။ သူ႔ကို ေခါက္ခ်ိဳးလိုက္ရင္ ဖုန္း အရြယ္ ျဖစ္သြားၿပီး အျပင္ဘက္မွ ၄.၆ လက္မ HD+ Display ကို အသံုးျပဳႏိုင္ပါတယ္။ ေဒတာ ကူးေျပာင္းရာမွာ လွ်င္ျမန္တဲ့ 512GB UFS 3.0 ပါပါတယ္။ Snapdragon 855 , 12GB RAM မ်ား ထည့္သြင္းထားပါတယ္။ ဘက္ထရီ ၂  လံုး ပါၿပီးစုစုေပါင္း ပမာဏမွာ 4380mAh ျဖစ္ပါတယ္။ အေနာက္ဘက္မွာ 16MP Ultra-wide Camera, 12MP Wide-angle နဲ႔ Telephoto Cameras မ်ား ထည့္သြင္းထားပါတယ္။ ဆဲလ္ဖီးအတြက္ 10MP Cover Camera ပါပါတယ္။ အတြင္းပိုင္းမွာ ၂ လံုး ပါပါတယ္။ ေခါက္ခ်ိဳး သံုးသည္ျဖစ္ေစ ျဖန္႔ၿပီး သံုးသည္ျဖစ္ေစ အနည္းဆံုး ကင္မရာ တစ္လံုးကို သံုးႏုိင္မွာပါ။ သူ႔အတြက္ အေရာင္ ေလးမ်ိဳး ထုတ္လုပ္ထားပါတယ္။ App သံုးခုကို တစ္ၿပိဳင္နက္ သံုးႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါပါတယ္။ ေခါက္ခ်ိဳး ဖုန္းအတြက္ Android 9 Pie ကို Samsung က Google နဲ႔ ပူးေပါင္း ဖန္တီးခဲ့ပါတယ္။ အရြယ္ေသး စကရင္ကေန အရြယ္ႀကီး စကရင္ကို ေျပာင္းသံုးတဲ့ အခါမွာ UI ကို လိုက္ဖက္ေအာင္ ျပဳလုပ္ေပးတဲ့ App Continuity ပါပါတယ္။

unicode

Geekbench မှာ အထင်ကြီးစရာ မကောင်းတဲ့ Galaxy Fold ရဲ့ ရမှတ်များ

Samsung Galaxy Fold နဲ့ Huawei Mate X တို့ဟာ ပထမဆုံး ခေါက်ချိုး စမတ်ဖုန်းများ ဖြစ်လာပါတယ်။ သူတို့ရဲ့ခေါက်ချိုး ဒီဇိုင်းများဟာ ထူးခြားဆန်းသစ်ပြီး ကွဲပြားကြပါတယ်။ အခြား ဖုန်း ကုမ္ပဏီများကလည်း လာမယ့် လများမှာ သူတို့ရဲ့ ခေါက်ချိုး ဖုန်းများကို အပြိုင်အဆိုင် ပြသကြတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဈေးနှုန်းများဟာ လက်ရှိမှာ အလွန် ကြီးမားနေပါသေးတယ်။ Galaxy Fold ဟာ ဒေါ်လာ ၁၉၅၀ ကျသင့်ပါတယ်။ Huawei Mate X က သူ့ထက်ဈေးကြီးပြီး ဒေါ်လာ ၂၆၀၀ တန်ကြေးရှိပါတယ်။

အခုတော့ Geekbench က Galaxy Fold ကို စမ်းသပ်လိုက်ပါတယ်။ နိုင်ငံတကာမှာ ရောင်းမယ့် SM-900F Model ဖြစ်ပါတယ်။ သူ့မှာ Qualcomm Snapdragon 855 Chipset ထည့်သွင်းထားပါတယ်။ နောက်ဆုံးထုတ် Samsung Exynos 8920 SoC ပါတဲ့ မော်ဒယ် မထွက်နိုင်ဘူးလို့ ထင်ရပါတယ်။ ဒါ့အပြင် SM-900F မှာ SD 855 အပြင် 12GB RAM ထည့်သွင်းထားပါတယ်။

This image has an empty alt attribute; its file name is gsmarena_001-3.jpg

Geekbench မှ သူ့ရဲ့ ရမှတ်များက အထင်ကြီးစရာ မကောင်းတာကို တွေ့ရပါတယ်။ ဆမ်ဆောင်းက အဲဒီ ခေါက်ချိုး ဖုန်းရဲ့ ဆော့ဖ်ဝဲကို အပြီး မသတ်ရသေးတဲ့ အတွက် အခုလို ရမှတ် သိပ်မကောင်းတာ ဖြစ်နိုင်ပါတယ်။ သူ့ကို ရောင်းမယ့် ဧပြီလ ၂၆ ရက်အမှီ ဆမ်ဆောင်းက ဆော့ဖ်ဝဲကို အပြီးသတ် ဖန်တီးရတော့မှာ ဖြစ်ပါတယ်။ ဖိုင်နယ် ဗားရှင်းမှာတော့ သူ့ရဲ့စွမ်းဆောင်ရည်ဟာ ဒီထက် အများကြီး ကောင်းလာနိုင်ပါတယ်။

သူ့မှာ ၇.၃ လက်မ Infinity Flex Display ပါပြီး သူ့ကို ခေါက်ချိုးနိုင်ပါတယ်။ သူ့ကို ခေါက်ချိုးလိုက်ရင် ဖုန်း အရွယ် ဖြစ်သွားပြီး အပြင်ဘက်မှ ၄.၆ လက်မ HD+ Display ကို အသုံးပြုနိုင်ပါတယ်။ ဒေတာ ကူးပြောင်းရာမှာ လျှင်မြန်တဲ့ 512GB UFS 3.0 ပါပါတယ်။ Snapdragon 855 , 12GB RAM များ ထည့်သွင်းထားပါတယ်။ ဘက်ထရီ ၂ လုံး ပါပြီးစုစုပေါင်း ပမာဏမှာ 4380mAh ဖြစ်ပါတယ်။ အနောက်ဘက်မှာ 16MP Ultra-wide Camera, 12MP Wide-angle နဲ့ Telephoto Cameras များ ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီးအတွက် 10MP Cover Camera ပါပါတယ်။ အတွင်းပိုင်းမှာ ၂ လုံး ပါပါတယ်။ ခေါက်ချိုး သုံးသည်ဖြစ်စေ ဖြန့်ပြီး သုံးသည်ဖြစ်စေ အနည်းဆုံး ကင်မရာ တစ်လုံးကို သုံးနိုင်မှာပါ။

သူ့အတွက် အရောင် လေးမျိုး ထုတ်လုပ်ထားပါတယ်။ App သုံးခုကို တစ်ပြိုင်နက် သုံးနိုင်တဲ့ လုပ်ဆောင်ချက် ပါပါတယ်။ ခေါက်ချိုး ဖုန်းအတွက် Android 9 Pie ကို Samsung က Google နဲ့ ပူးပေါင်း ဖန်တီးခဲ့ပါတယ်။ အရွယ်သေး စကရင်ကနေ အရွယ်ကြီး စကရင်ကို ပြောင်းသုံးတဲ့ အခါမှာ UI ကို လိုက်ဖက်အောင် ပြုလုပ်ပေးတဲ့ App Continuity ပါပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.