App/Game Enterprise Smartphone Social Trending

Android ေပၚမွာ မၾကာခဏတက္ေနတဲ့ ေၾကာ္ျငာ (ad scam) ေတြက ဖုန္းကိုဘယ္ေလာက္ဆိုးရြားေစသလဲ

Zawgyi Version

Google ကေန ေပးထားတဲ့ နည္းပညာနဲ႕၀န္ေဆာင္မႈေတြထဲမွာ လူသိမ်ားတဲ့ search engine ကေန Android အထိ ပါ၀င္ေနပါတယ္။ သူတို႕အတြက္ လုပ္ငန္း၀င္ေငြေတြ၊ အျမတ္ေတြက ဘယ္ကေန ရေနတာလဲ။ တစ္ႏွစ္ကိုေဒၚလာ၁၀၀ဘီလ်ံေလာက္ ေၾကာ္ျငာေတြကေန ရေနျခင္း ျဖစ္ပါတယ္။ တကယ္ေတာ့ Google ကို ေၾကာ္ျငာလုပ္ငန္းလုိ႕ေတာင္ ေခၚေ၀ၚႏုိင္ပါတယ္။

မို္ဘိုင္းလ္ေၾကာ္ျငာလုပ္ငန္းနဲ႕အတူ ဘီလ်ံေပါင္းမ်ားစြာတန္တဲ့လုပ္ငန္းတစ္ခုျဖစ္တဲ့အတြက္ေၾကာင့္ system ထဲကို ထိုးေဖာက္၀င္ေရာက္ျပီးေတာ့ ၀င္ေငြဖန္တီးၾကမွာ မလြဲဧကန္ပါပဲ။ ရလဒ္အေနနဲ႕ကေတာ့ ad scammer ေတြဟာ သံုးစြဲသူေတြကို ကူညီရာမေရာက္ဘဲ သံုးစြဲမႈကို အရသာပ်က္ေစပါတယ္။

BuzzFeed ကေတာ့ အခုေနာက္ပုိင္းမွာ scammer ေတြရဲ႕ လိမၼာပါးနပ္မႈကို ေျပာျပထားပါတယ္။ ေစ်းသက္သာတဲ့ banner ads နဲ႕ ဗြီဒီယိုထဲမွာထည့္သြင္းထားတဲ့ ေၾကာ္ျငာေတြကို ေျပာင္းလဲအသံုးျပဳလာၾကတယ္လို႕ သိရပ့ါတယ္။ တစ္ခါတစ္ရံမွာ ေၾကာ္ျငာအေတာ္မ်ားမ်ားဟာ banner ad တစ္ခုတည္းေအာက္မွာ ရွိေနႏိုင္ပါေသးတယ္။ ဒီေတာ့ သံုးစြဲသူတစ္ေယာက္က banner ad ေလးကို ႏွိပ္လိုက္မိတယ္ဆိုရင္ ေအာက္ဘက္မွာထည့္သြင္းထားတဲ့ ေၾကာ္ျငာအားလံုးကို ၾကည့္ျပီးသားျဖစ္သြားပါတယ္။

ဒါဟာ အလြဲသံုးစားလုပ္လိုက္တဲ့အျပင္ ဒီလုပ္ေဆာင္ခ်က္ဟာ ဘတ္ထရီသက္တမ္းနဲ႕ system performance ကိုလည္း ထိခိုက္ေစႏုိင္ပါတယ္။

ဒါကေတာ့ digital advertising မွာ ၾကံဳေတြ႕ေနရတဲ့ အၾကီးစားအလြဲသံုးစားမႈၾကီးပါပဲ။ ေၾကာ္ျငာအေပၚမွာ ေငြေၾကးသံုးစြဲထားတဲ့ brand ေတြမွအပ အေတာ္မ်ားမ်ားကေတာ့ ဒီလိုေၾကာ္ျငာေတြကို အလြဲသံုးစားလုပ္ျပီး ေငြယူေနၾကပါတယ္။ ေၾကာ္ျငာအလြဲသံုးစားမႈမွာ မပါ၀င္ဘူးဆိုရင္ေတာင္မွ ad network ၊ တရားမ၀င္ေၾကာ္ျငာေတြကေန ၀င္ေငြေတြ ရေနၾကပါေသးတယ္။ ဒါေၾကာင့္လည္း အလြဲသံုးစားလုပ္မႈကို ရပ္တံ့ဖို႕အတြက္ ခက္ခဲေနတာျဖစ္ပါတယ္။

Android ေပၚမွာ လူၾကိဳက္မ်ားေနတဲ့ audio app ရဲ႕ ဖန္တီးရွင္တစ္ဦးျဖစ္တဲ့ Julien အေၾကာင္း ေျပာျပထားပါတယ္။ Julien ဟာ သူ႕ရဲ႕ app ေလးက data တစ္အားစားေနတယ္လို႕ သံုးစြဲသူေတြက အျပစ္တင္ေနၾကပါတယ္။ ဒါဟာ အေပၚမွာေျပာထားတဲ့ အခ်က္ေတြေၾကာင့္ျဖစ္ပါတယ္။ ၀မ္းနည္းဖုိ႕ေကာင္းတာက Julien ေပးထားတဲ့ ခံစားမႈဟာad scammer ေတြရဲ႕ ၾကား၀င္ေႏွာင့္ယွက္မႈေၾကာင့္ အခုလိုေတြ ပ်က္စီးသြားခဲ့တာျဖစ္ပါတယ္။

Unicode Version

Google ကနေ ပေးထားတဲ့ နည်းပညာနဲ့ဝန်ဆောင်မှုတွေထဲမှာ လူသိများတဲ့ search engine ကနေ Android အထိ ပါဝင်နေပါတယ်။ သူတို့အတွက် လုပ်ငန်းဝင်ငွေတွေ၊ အမြတ်တွေက ဘယ်ကနေ ရနေတာလဲ။ တစ်နှစ်ကိုဒေါ်လာ၁၀၀ဘီလျံလောက် ကြော်ငြာတွေကနေ ရနေခြင်း ဖြစ်ပါတယ်။ တကယ်တော့ Google ကို ကြော်ငြာလုပ်ငန်းလို့တောင် ခေါ်ဝေါ်နိုင်ပါတယ်။
မိုဘိုင်းလ်ကြော်ငြာလုပ်ငန်းနဲ့အတူ ဘီလျံပေါင်းများစွာတန်တဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် system ထဲကို ထိုးဖောက်ဝင်ရောက်ပြီးတော့ ဝင်ငွေဖန်တီးကြမှာ မလွဲဧကန်ပါပဲ။ ရလဒ်အနေနဲ့ကတော့ ad scammer တွေဟာ သုံးစွဲသူတွေကို ကူညီရာမရောက်ဘဲ သုံးစွဲမှုကို အရသာပျက်စေပါတယ်။
BuzzFeed ကတော့ အခုနောက်ပိုင်းမှာ scammer တွေရဲ့ လိမ္မာပါးနပ်မှုကို ပြောပြထားပါတယ်။ ဈေးသက်သာတဲ့ banner ads နဲ့ ဗွီဒီယိုထဲမှာထည့်သွင်းထားတဲ့ ကြော်ငြာတွေကို ပြောင်းလဲအသုံးပြုလာကြတယ်လို့ သိရပ့ါတယ်။ တစ်ခါတစ်ရံမှာ ကြော်ငြာအတော်များများဟာ banner ad တစ်ခုတည်းအောက်မှာ ရှိနေနိုင်ပါသေးတယ်။ ဒီတော့ သုံးစွဲသူတစ်ယောက်က banner ad လေးကို နှိပ်လိုက်မိတယ်ဆိုရင် အောက်ဘက်မှာထည့်သွင်းထားတဲ့ ကြော်ငြာအားလုံးကို ကြည့်ပြီးသားဖြစ်သွားပါတယ်။
ဒါဟာ အလွဲသုံးစားလုပ်လိုက်တဲ့အပြင် ဒီလုပ်ဆောင်ချက်ဟာ ဘတ်ထရီသက်တမ်းနဲ့ system performance ကိုလည်း ထိခိုက်စေနိုင်ပါတယ်။
ဒါကတော့ digital advertising မှာ ကြုံတွေ့နေရတဲ့ အကြီးစားအလွဲသုံးစားမှုကြီးပါပဲ။ ကြော်ငြာအပေါ်မှာ ငွေကြေးသုံးစွဲထားတဲ့ brand တွေမှအပ အတော်များများကတော့ ဒီလိုကြော်ငြာတွေကို အလွဲသုံးစားလုပ်ပြီး ငွေယူနေကြပါတယ်။ ကြော်ငြာအလွဲသုံးစားမှုမှာ မပါဝင်ဘူးဆိုရင်တောင်မှ ad network ၊ တရားမဝင်ကြော်ငြာတွေကနေ ဝင်ငွေတွေ ရနေကြပါသေးတယ်။ ဒါကြောင့်လည်း အလွဲသုံးစားလုပ်မှုကို ရပ်တံ့ဖို့အတွက် ခက်ခဲနေတာဖြစ်ပါတယ်။
Android ပေါ်မှာ လူကြိုက်များနေတဲ့ audio app ရဲ့ ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ Julien အကြောင်း ပြောပြထားပါတယ်။ Julien ဟာ သူ့ရဲ့ app လေးက data တစ်အားစားနေတယ်လို့ သုံးစွဲသူတွေက အပြစ်တင်နေကြပါတယ်။ ဒါဟာ အပေါ်မှာပြောထားတဲ့ အချက်တွေကြောင့်ဖြစ်ပါတယ်။ ဝမ်းနည်းဖို့ကောင်းတာက Julien ပေးထားတဲ့ ခံစားမှုဟာad scammer တွေရဲ့ ကြားဝင်နှောင့်ယှက်မှုကြောင့် အခုလိုတွေ ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.