Enterprise Smartphone Social Trending

Huawei CFO အဖမ္းခံခ်ိန္မွာ iPhone, iPad နဲ႕ MacBook Air တို႕ကို တစ္ပါတည္းေတြ႕ရ

Zawgyi Version

Huawei CFO ျဖစ္သူ Wanzhou Meng ကေတာ့ ဒီဇင္ဘာလမွာ အဖမ္းခံရပါတယ္။ ေငြေၾကးအလြဲသံုးစားလုပ္မႈနဲ႕ပတ္သတ္ျပီးေတာ့ တရားရင္ဆုိင္ခဲ့ရျပီး ေထာင္ဒဏ္ဆယ္စုႏွစ္ေလာက္နဲ႕ ရင္ဆုိင္ေနရသူလည္း ျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ Bloomberg ရဲ႕အစီရင္ခံစာတစ္ခုမွာ Meng ဟာ Apple ဖန္တစ္ေယာက္ျဖစ္တယ္ဆိုတာ သိလိုက္ရပါတယ္။ ဖန္မွ တကယ့္ဖန္အၾကီးစားျဖစ္ပါတယ္။

အစီရင္ခံစာအရဆိုရင္ေတာ့ Meng ကို ေတြ႕ရွိခ်ိန္မွာ iPhone 7 Plus, iPad Pro, MacBook Air တို႕ကို တစ္ပါတည္းယူေဆာင္ခဲ့တယ္လို႕ ဆိုပါတယ္။ Meng ဟာ Huawei Mate 20 RS Porsche Edition ေလးကိုလည္း သယ္ေဆာင္အသံုးျပဳေနတယ္ဆိုေပမယ့္ သူမမွာ Huawei ထုတ္ကုန္ဆိုလို႕ အဲဒီဖုန္းတစ္မ်ိဳးတည္းသာရွိတာပါ။ က်န္တာကေတာ့ Apple ထုတ္ကုန္ေတြပဲ ျဖစ္ပါတယ္။

Meng ရဲ႕ ေရွ႕ေနေတြကေတာ့ သိမ္းဆည္းထားတဲ့ပစၥည္းေတြရဲ႕ ေဒတာေတြကို ေတာင္းဆိုေနျပီးေတာ့ seal ပိတ္ထားဖို႕ ေျပာေနပါတယ္။

Huawei ဟာ စမတ္ဖုန္း၊ တက္ဘလက္ေတြနဲ႕ laptop ေတြကို ထုတ္လုပ္ေရာင္းခ်ေနတဲ့ လုပ္ငန္းတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႕လုပ္ငန္းမွာရွိတဲ့ CFO ကို Apple ထုတ္ကုန္ေတြနဲ႕ေတြ႕လိုက္ရခ်ိန္မွာ ဘယ္လိုျဖစ္သြားမလဲ။

ေသခ်ာပါတယ္။ Huawei ရဲ႕ ကိုယ္ပိုင္ထုတ္ကုန္ေတြကသာ ေကာင္းမြန္ေနမယ္ဆိုရင္ Apple ထုတ္ကုန္ေတြကို ဘာေၾကာင့္အသံုးျပဳေနမွာလဲလို႕ လူတုိင္းေတြးၾကမယ့္အခ်က္ပါ။ အခ်ိဳ႕ကေတာ့ တြစ္တာမွာ အခုလိုေရးသား ေဖာ္ျပထားၾကပါတယ္။

https://platform.twitter.com/widgets.js

Apple ထုတ္ကုန္ေတြကို အသံုးျပဳျပီးေတာ့ ေလ့လာမယ္၊ စမ္းသပ္မယ္။ လုပ္ငန္းအတြက္ပိုေကာင္းေအာင္ အၾကံျပဳတာလည္း ျဖစ္ႏုိင္တာပဲ။ iPhone 7 Plus ကေတာ့ ၂၀၁၉ မွာ ေလ့လာသင့္တဲ့ဖုန္းျဖစ္ေနလို႕လား။ ျပီးေတာ့ MacBook Air ကေရာ။ သူ႕ေနာက္မွာထြက္ေနတာေတြ ရွိေနျပီမဟုတ္ပါလား။

Apple ထုတ္ကုန္ေတြနဲ႕ Huawei ရဲ႕ CFO တစ္ေယာက္ကို ဖမ္းဆီးခ်ိန္မွာေတြ႕လိုက္ရျခင္းက Huawei အတြက္ေတာ့ အရွက္ရဖြယ္ကိစၥတစ္ခုျဖစ္လာပါတယ္။

အရင္တုန္းကလည္း ႏွစ္သစ္ဆုမြန္ေကာင္းေတာင္းေပးဖို႕ တြစ္တာအေကာင့္ကေနတင္တဲ့ေနရာမွာ iPhone နဲ႕တင္ခဲ့လို႕ အရွက္ရျပီးပါျပီ။ ဘုတ္ဒါရိုက္တာတစ္ေယာက္ျဖစ္တဲ့ Chen Lifang ကေတာ့ ဒီျဖစ္ရပ္ဟာ Huawei brand ကို ေမွးမွိန္ေစတဲ့လုပ္ရပ္ပါလို႕ မွတ္ခ်က္ျပဳထားပါတယ္။

မႏွစ္တုန္းကေတာ့ Huawei ဟာ P9 စမတ္ဖုန္းကင္မရာနဲ႕ရိုက္ကူးတဲ့ပံုေတြဆိုျပီးေၾကာ္ျငာခဲ့ေပမယ့္ DSLR နဲ႕ရိုက္တဲ့ပံုေတြျဖစ္ေနလို႕ အရွက္ရထားပါေသးတယ္။ Meng ဟာ Apple big fan တစ္ေယာက္ျဖစ္သလားဆိုတာ ကၽြန္ေတာ္တို႕မသိရေပမယ့္လည္း Huawei ရဲ႕ အၾကီးအကဲတစ္ေယာက္ကို ျပိဳင္ဘက္ဆီကထုတ္ကုန္ေတြနဲ႕ ပူးတြဲေတြ႕ရတာကေတာ့ ရူးခ်င္စရာေကာင္းပါတယ္။ ေနာက္တစ္ခါဆုိရင္ေတာ့ MateBook X Pro ေလးကို အိတ္ထဲေဆာင္သြားပါဗ်ာ။

Unicode Version

Huawei CFO ဖြစ်သူ Wanzhou Meng ကတော့ ဒီဇင်ဘာလမှာ အဖမ်းခံရပါတယ်။ ငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ပတ်သတ်ပြီးတော့ တရားရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ်ဆယ်စုနှစ်လောက်နဲ့ ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။
အခုအချိန်မှာတော့ Bloomberg ရဲ့အစီရင်ခံစာတစ်ခုမှာ Meng ဟာ Apple ဖန်တစ်ယောက်ဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်။ ဖန်မှ တကယ့်ဖန်အကြီးစားဖြစ်ပါတယ်။
အစီရင်ခံစာအရဆိုရင်တော့ Meng ကို တွေ့ရှိချိန်မှာ iPhone 7 Plus, iPad Pro, MacBook Air တို့ကို တစ်ပါတည်းယူဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ Meng ဟာ Huawei Mate 20 RS Porsche Edition လေးကိုလည်း သယ်ဆောင်အသုံးပြုနေတယ်ဆိုပေမယ့် သူမမှာ Huawei ထုတ်ကုန်ဆိုလို့ အဲဒီဖုန်းတစ်မျိုးတည်းသာရှိတာပါ။ ကျန်တာကတော့ Apple ထုတ်ကုန်တွေပဲ ဖြစ်ပါတယ်။
Meng ရဲ့ ရှေ့နေတွေကတော့ သိမ်းဆည်းထားတဲ့ပစ္စည်းတွေရဲ့ ဒေတာတွေကို တောင်းဆိုနေပြီးတော့ seal ပိတ်ထားဖို့ ပြောနေပါတယ်။
Huawei ဟာ စမတ်ဖုန်း၊ တက်ဘလက်တွေနဲ့ laptop တွေကို ထုတ်လုပ်ရောင်းချနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သူတို့လုပ်ငန်းမှာရှိတဲ့ CFO ကို Apple ထုတ်ကုန်တွေနဲ့တွေ့လိုက်ရချိန်မှာ ဘယ်လိုဖြစ်သွားမလဲ။
သေချာပါတယ်။ Huawei ရဲ့ ကိုယ်ပိုင်ထုတ်ကုန်တွေကသာ ကောင်းမွန်နေမယ်ဆိုရင် Apple ထုတ်ကုန်တွေကို ဘာကြောင့်အသုံးပြုနေမှာလဲလို့ လူတိုင်းတွေးကြမယ့်အချက်ပါ။ အချို့ကတော့ တွစ်တာမှာ အခုလိုရေးသား ဖော်ပြထားကြပါတယ်။

https://platform.twitter.com/widgets.js


Apple ထုတ်ကုန်တွေကို အသုံးပြုပြီးတော့ လေ့လာမယ်၊ စမ်းသပ်မယ်။ လုပ်ငန်းအတွက်ပိုကောင်းအောင် အကြံပြုတာလည်း ဖြစ်နိုင်တာပဲ။ iPhone 7 Plus ကတော့ ၂၀၁၉ မှာ လေ့လာသင့်တဲ့ဖုန်းဖြစ်နေလို့လား။ ပြီးတော့ MacBook Air ကရော။ သူ့နောက်မှာထွက်နေတာတွေ ရှိနေပြီမဟုတ်ပါလား။
Apple ထုတ်ကုန်တွေနဲ့ Huawei ရဲ့ CFO တစ်ယောက်ကို ဖမ်းဆီးချိန်မှာတွေ့လိုက်ရခြင်းက Huawei အတွက်တော့ အရှက်ရဖွယ်ကိစ္စတစ်ခုဖြစ်လာပါတယ်။
အရင်တုန်းကလည်း နှစ်သစ်ဆုမွန်ကောင်းတောင်းပေးဖို့ တွစ်တာအကောင့်ကနေတင်တဲ့နေရာမှာ iPhone နဲ့တင်ခဲ့လို့ အရှက်ရပြီးပါပြီ။ ဘုတ်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Chen Lifang ကတော့ ဒီဖြစ်ရပ်ဟာ Huawei brand ကို မှေးမှိန်စေတဲ့လုပ်ရပ်ပါလို့ မှတ်ချက်ပြုထားပါတယ်။
မနှစ်တုန်းကတော့ Huawei ဟာ P9 စမတ်ဖုန်းကင်မရာနဲ့ရိုက်ကူးတဲ့ပုံတွေဆိုပြီးကြော်ငြာခဲ့ပေမယ့် DSLR နဲ့ရိုက်တဲ့ပုံတွေဖြစ်နေလို့ အရှက်ရထားပါသေးတယ်။
Meng ဟာ Apple big fan တစ်ယောက်ဖြစ်သလားဆိုတာ ကျွန်တော်တို့မသိရပေမယ့်လည်း Huawei ရဲ့ အကြီးအကဲတစ်ယောက်ကို ပြိုင်ဘက်ဆီကထုတ်ကုန်တွေနဲ့ ပူးတွဲတွေ့ရတာကတော့ ရူးချင်စရာကောင်းပါတယ်။ နောက်တစ်ခါဆိုရင်တော့ MateBook X Pro လေးကို အိတ်ထဲဆောင်သွားပါဗျာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.