Huawei ၀က်ဘ်ဆိုက်မှာ P30 Pro အကြောင်း မတော်တပေါက်ကြားသွားခဲ့

0
220

Zawgyi Version








Unicode Version

P30 Pro လေးကို Huawei ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှာ တွေ့မြင်ခဲ့ရပါတယ်။


Huawei P30 series ဖုန်ေးတွကိုတော့ ခဏတာတွေ့မြင်ခွင့်ရလိုက်ပါတယ်။


Evan Blass ကတော့ စတင်တွေ့ရှိခဲ့သူတစ်ယောက်ဖြစ်ပြီးတော့ ပွဲနေ့မတိုင်ခင်မှာ ပေါက်ကြားမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ ပုံမှန်ပွဲချိန်ကတော့ အင်္ဂါနေ့ မနက်၆နာရီ ပဲရစ်မြို့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

https://platform.twitter.com/widgets.js


Blass ရဲ့ တွစ်တာမှာ တင်ပေးထားတဲ့လင့်ကတော့ ဖျက်သွားပြီဖြစ်ပေမယ့်လည်း Archive.org မှာ ဝင်ကြည့်လို့ရပါတယ်။ အဲဒီမှာတော့ ကင်မရာလေးလုံးပါဝင်တဲ့ဖုန်းရဲ့ ဓါတ်ပုံတွေ၊ photography feature တွေကိုလည်း အသေးစိတ်တွေ့မြင်ရမှာဖြစ်ပါတယ်။
Huawei ကတော့ ဒီအကြောင်းကို တုံ့ပြန်ထားခြင်း မရှိသေးပါဘူး။


Huawei ပွဲကတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့လမှာ ပြုလုပ်မှာဖြစ်ပါတယ်။ Apple က တစ်ရက်ကြိုပြီးတော့ streaming service ကို ချပြမှာဖြစ်ပါတယ်။ Samsung က ဧပြီအစောပိုင်းမှာ Samsung က Galaxy S10 series ကို မိတ်ဆက်မှာဖြစ်ပါတယ်။ P30 series ဖုန်းတွေကိုတော့ Mate X phone ထွက်ရှိအပြီး တစ်လအကြာမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.