Enterprise Smartphone Trending

သံုးစြဲသူေတြျမင္ခ်င္တဲ့ feature တစ္ခုကို iPhone 11 မွာ ေတြ႕ျမင္ရႏုိင္

Zawgyi Version

ႏွစ္တုိင္းဆိုသလို ကၽြန္ေတာ္တို႕အေနနဲ႕ iPhone အသစ္ေတြမွာ ပါလာႏုိင္တဲ့ feature ေတြကို မေမာႏုိင္မပန္းႏုိင္္ တင္ဆက္ေပးေနၾကျဖစ္ပါတယ္။ feature အေတာ္မ်ားမ်ားကို prototype design ေတြအေတာ္မ်ားမ်ားနဲ႕ စမ္းသပ္ေနတဲ့ Apple ေၾကာင့္ ဟိုဟာပါလာမလား၊ ဒီဟာပါလာမလားနဲ႕  ခန္႕မွန္းရအေတာ္လည္းခက္ပါတယ္။ ဒါေၾကာင့္လည္း ၂၀၁၇တုန္းက iPhone X မွာ Touch ID ပါလာမယ္လုိ႕ သတင္းေတြထြက္လာခဲ့တာပါ။

iPhone 11 အတြက္ ေကာလာဟလေတြထြက္ေနတဲ့အထဲမွာ စိတ္၀င္စားဖို႕အေကာင္းဆံုးတစ္ခ်က္ကေတာ့ Lightning port ကေန USB-C ေျပာင္းပါမယ္။ မၾကာေသးခင္က ထြက္လာတဲ့ ယံုၾကည္ရေလာက္တဲ့အစီရင္ခံစာေတြမွာေတာ့ ဒါဟာ အနာဂတ္မွာျဖစ္လာႏုိင္တယ္ဆိုေပမယ့္လည္း iPhone 11 ကေတာ့ Lightning connector နဲ႕ပဲ ေတြ႕ျမင္ရဦးမွာပါ။

Macotakara ဆိုတဲ့ ဂ်ပန္၀က္ဘ္ဆိုက္ေလးရဲ႕အစီရင္ခံစာမွာေတာ့ iPhone 11 ဟာ Lightning connector အသံုးျပဳထားမွာျဖစ္ေပမယ့္လည္း USB-C to Lightning cable ကို ထည့္ေပးမယ္လို႕ သိရပါတယ္။ ေနာက္ျပီး power adapter ေလးဟာ 18W fast charging ကို ေထာက္ပံ့ေပးထားမွာျဖစ္လို႕ လက္ရွိ iPhone ေတြထက္ အမ်ားၾကီးသာလြန္တာကို ေတြ႕ျမင္ခံစားရမွာပါ။ လက္ရွိက 5W ပဲ ေပးထားတာပါ။ ဒီလုပ္ေဆာင္ခ်က္ကေတာ့ အေတာ္ေလးေစာင့္ခဲ့ရတဲ့ feature တစ္ခုကို အသက္သြင္းေပးလိုက္တာျဖစ္ပါတယ္။ အခုေတာ့ fast-charging ကို ရခဲ့ျပီေလ။

Apple ရဲ႕ iPhone 11 ေတြမွာ Apple Watch လိုမ်ိဳး accessories ကို အားသြင္းႏုိင္လိမ့္ဦးမယ္လို႕လည္း ထပ္ေလာင္းေျပာၾကားထားတာကို ေတြ႕ျမင္ရပါေသးတယ္။

“Galaxy Watch Active နဲ႕ Galaxy Buds တို႕ကို ၾကိဳးမဲ့အားသြင္းႏုိင္သလို Apple Watch နဲ႕ AirPods ေတြကိုလည္း Charging Case နဲ႕ သြင္းႏုိင္ေတာ့မွာပါ။”

ေနာက္ျပီး ကၽြန္ေတာ္တုိ႕ သတင္းသမားေတြရဲ႕ စိတ္ခ်ယံုၾကည္ရဆံုး Ming-Chi Kuo ကလည္း iPhone 11 မွာ wireless charging ပါလာႏုိင္တယ္လို႕ ေျပာထားပါေသးတယ္။

iPhone 11 ရဲ႕ ေနာက္ထပ္သတင္းတစ္ခုကေတာ့ ထည့္ေျပာသင့္တယ္လို႕ ျမင္မိပါတယ္။ flagship iPhone 11 ေတြဟာ ကင္မရာသံုးလံုးနဲ႕ ေပါင္းစပ္ျပီးေပၚထြက္လာမွာပါ။ ဒါေပမယ့္ entry-level iPhone 11 ကေတာ့ ကင္မရာႏွစ္လံုးပဲ ပါမွာပါ။

ေနာက္ထပ္ေတာ့ Face ID performance နဲ႕ စိတ္ခ်ရမႈေတြ၊ navigation ေကာင္းမြန္လာမႈေတြ၊ ဘတ္ထရီအားေကာင္းေကာင္းေတြကိုလည္း ထပ္ျမင္ခ်င္ေသးတယ္လို႕ ေျပာခ်င္ပါတယ္။

Unicode Version

နှစ်တိုင်းဆိုသလို ကျွန်တော်တို့အနေနဲ့ iPhone အသစ်တွေမှာ ပါလာနိုင်တဲ့ feature တွေကို မမောနိုင်မပန်းနိုင် တင်ဆက်ပေးနေကြဖြစ်ပါတယ်။ feature အတော်များများကို prototype design တွေအတော်များများနဲ့ စမ်းသပ်နေတဲ့ Apple ကြောင့် ဟိုဟာပါလာမလား၊ ဒီဟာပါလာမလားနဲ့ ခန့်မှန်းရအတော်လည်းခက်ပါတယ်။ ဒါကြောင့်လည်း ၂၀၁၇တုန်းက iPhone X မှာ Touch ID ပါလာမယ်လို့ သတင်းတွေထွက်လာခဲ့တာပါ။
iPhone 11 အတွက် ကောလာဟလတွေထွက်နေတဲ့အထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးတစ်ချက်ကတော့ Lightning port ကနေ USB-C ပြောင်းပါမယ်။ မကြာသေးခင်က ထွက်လာတဲ့ ယုံကြည်ရလောက်တဲ့အစီရင်ခံစာတွေမှာတော့ ဒါဟာ အနာဂတ်မှာဖြစ်လာနိုင်တယ်ဆိုပေမယ့်လည်း iPhone 11 ကတော့ Lightning connector နဲ့ပဲ တွေ့မြင်ရဦးမှာပါ။
Macotakara ဆိုတဲ့ ဂျပန်ဝက်ဘ်ဆိုက်လေးရဲ့အစီရင်ခံစာမှာတော့ iPhone 11 ဟာ Lightning connector အသုံးပြုထားမှာဖြစ်ပေမယ့်လည်း USB-C to Lightning cable ကို ထည့်ပေးမယ်လို့ သိရပါတယ်။ နောက်ပြီး power adapter လေးဟာ 18W fast charging ကို ထောက်ပံ့ပေးထားမှာဖြစ်လို့ လက်ရှိ iPhone တွေထက် အများကြီးသာလွန်တာကို တွေ့မြင်ခံစားရမှာပါ။ လက်ရှိက 5W ပဲ ပေးထားတာပါ။ ဒီလုပ်ဆောင်ချက်ကတော့ အတော်လေးစောင့်ခဲ့ရတဲ့ feature တစ်ခုကို အသက်သွင်းပေးလိုက်တာဖြစ်ပါတယ်။ အခုတော့ fast-charging ကို ရခဲ့ပြီလေ။
Apple ရဲ့ iPhone 11 တွေမှာ Apple Watch လိုမျိုး accessories ကို အားသွင်းနိုင်လိမ့်ဦးမယ်လို့လည်း ထပ်လောင်းပြောကြားထားတာကို တွေ့မြင်ရပါသေးတယ်။
“Galaxy Watch Active နဲ့ Galaxy Buds တို့ကို ကြိုးမဲ့အားသွင်းနိုင်သလို Apple Watch နဲ့ AirPods တွေကိုလည်း Charging Case နဲ့ သွင်းနိုင်တော့မှာပါ။”
နောက်ပြီး ကျွန်တော်တို့ သတင်းသမားတွေရဲ့ စိတ်ချယုံကြည်ရဆုံး Ming-Chi Kuo ကလည်း iPhone 11 မှာ wireless charging ပါလာနိုင်တယ်လို့ ပြောထားပါသေးတယ်။
iPhone 11 ရဲ့ နောက်ထပ်သတင်းတစ်ခုကတော့ ထည့်ပြောသင့်တယ်လို့ မြင်မိပါတယ်။ flagship iPhone 11 တွေဟာ ကင်မရာသုံးလုံးနဲ့ ပေါင်းစပ်ပြီးပေါ်ထွက်လာမှာပါ။ ဒါပေမယ့် entry-level iPhone 11 ကတော့ ကင်မရာနှစ်လုံးပဲ ပါမှာပါ။
နောက်ထပ်တော့ Face ID performance နဲ့ စိတ်ချရမှုတွေ၊ navigation ကောင်းမွန်လာမှုတွေ၊ ဘတ်ထရီအားကောင်းကောင်းတွေကိုလည်း ထပ်မြင်ချင်သေးတယ်လို့ ပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.