တရုတ္ကို သံုးစြဲသူရဲ႕အခ်က္အလက္ေတြ ပို႕ေဆာင္ေနတဲ့ ႏိုကီရာဖုန္းမ်ား

0
54
HMD Global Product Officer Juho Sarvikas, presents the new Nokia 1 Plus during the Mobile World Congress in Barcelona, Spain February 24, 2019. REUTERS/Rafael Marchante

Zawgyi Version

ဒီအေၾကာင္းကိုေတာ့ ဖင္လန္ႏုိင္ငံရဲ႕ အခ်က္အလက္ေစာင့္ၾကည့္ေရးအဖြဲ႕က စံုစမ္းေနခဲ့တာျဖစ္ျပီးး Nokia ရဲ႕မိခင္လုပ္ငန္းျဖစ္တဲ့ HMD ဟာ GDPR စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ေနတယ္လို႕ ယံုၾကည္ထားၾကပါတယ္။

တရုတ္ဆာဗာေတြဆီကို သံုးစြဲသူေတြရဲ႕အခ်က္အလက္ေတြခိုးယူျပီးေတာ့ ဖုန္းေတြကတစ္ဆင့္ ကူးေျပာင္းေနတယ္လို႕ ဖင္လန္ႏုိင္ငံရဲ႕ အခ်က္အလက္ေစာင့္ၾကည့္ေရးအဖြဲ႕မွ HMD ကို စြဲခ်က္တင္ထားတာျဖစ္ပါတယ္။ ျဖစ္စဥ္ကေတာ့ ေနာ္ေ၀ႏုိင္ငံ public broadcaster တစ္ခုျဖစ္တဲ့ NRK ရဲ႕ အစီရင္ခံစာတစ္ခုထဲမွာ Nokia သံုးစြဲသူတစ္ေယာက္ရဲ႕ ေျပာၾကားခ်က္ကို ကိုးကားျပီးေတာ့ တင္ျပထားတာျဖစ္ပါတယ္။ အဲဒီလူရဲ႕နာမည္ကေတာ့ Henrik Austad လို႕ေခၚျပီး Nokia 7 Plus ေလးကို ဖြင့္ထားခ်ိန္မွာ သူ႕ရဲ႕တည္ေနရာ၊ ဖုန္းနံပါတ္နဲ႕ serial number ေတြကို တရုတ္ဆာဗာဆီ ကုဒ္မဖြက္ဘဲပို႕ေနတာကို ေတြ႕ခဲ့သူျဖစ္ပါတယ္။

NRK ကေတာ့ ဆာဗာဟာ “vnet.cn” domain ေအာက္မွာရွိေနတာျဖစ္လို႕ China Telecom ရဲ႕ စီမံမႈေအာက္မွာရွိေနလိမ့္မယ္လို႕ သံုးသပ္ျပထားပါတယ္။ ပုဂၢိဳလ္အေရးအခ်က္အလက္ေတြပါ၀င္ေနျပီးေတာ့ ခ်ိဳးေဖာက္မႈေတြရွိေနခဲ့မယ္ဆုိရင္ ဒီကိစၥဟာ ပြဲၾကီးပြဲေကာင္းတစ္ခု ျဖစ္သြားပါလိမ့္မယ္။

HMD Global ကေတာ့ Nokia 7 Plus ဖုန္းေတြထဲမွာ batch တူတဲ့ဖုန္းေတြဟာ တရုတ္ကို အခ်က္အလက္ေတြပို႕ေဆာင္ေနေၾကာင္း ၀န္ခံခဲ့ပါတယ္။ January software update မွာျဖစ္ခဲ့တဲ့ error ကို ျပင္ဆင္ျပီးေၾကာင္း၊ သံုုးစြဲသူအမ်ားစုကလည္း ထည့္သြင္းျပီးေၾကာင္း ျပန္လည္ေခ်ပခဲ့ပါတယ္။ HMD ကေတာ့ အခုပို႕တဲ့အခ်က္အလက္ေတြထဲမွာ ပုဂၢိဳလ္ေရးေတြမပါ၀င္တဲ့အတြက္ေၾကာင့္ ဘယ္သူဘယ္၀ါဆိုတာ ခြဲျခားမရႏုိင္ေၾကာင္း ျပန္လည္ေျပာဆိုထားတာကို ေတြ႕ျမင္ရပါတယ္။ Nokia 7 Plus ကို ယူအက္စ္မွာ မျဖန္႕ခ်ိခဲ့ေပမယ့္လည္း ဒုတိယမ်ိဳးဆက္ျဖစ္တဲ့ Nokia 7.1 ကေတာ့ ေအာက္တိုဘာ ၂၀၁၈မွာ ၀င္ေရာက္ခဲ့ျပီးသားပါ။

မႏွစ္တုန္းက ကန္႕သတ္ထားတဲ့ အီးယူရဲ႕ဥပေဒကိုေထာက္ျပျပီးေတာ့ GDPR စည္းမ်ဥ္းကို ေဖာက္ဖ်က္ေနတယ္လို႕ ေျပာဆိိုေနၾကပါတယ္။ ဒီလိုျဖစ္ရပ္္မ်ိဳးေတြေၾကာင့္ ျပင္သစ္မွာ Google ကလည္း ေဒၚလာ၅၇မီလ်ံေလာက္ ဒဏ္ေၾကးေဆာင္ခဲ့ရဖူးပါတယ္။

Unicode Version

ဒီအကြောင်းကိုတော့ ဖင်လန်နိုင်ငံရဲ့ အချက်အလက်စောင့်ကြည့်ရေးအဖွဲ့က စုံစမ်းနေခဲ့တာဖြစ်ပြီးး Nokia ရဲ့မိခင်လုပ်ငန်းဖြစ်တဲ့ HMD ဟာ GDPR စည်းမျဉ်းတွေကို ချိုးဖောက်နေတယ်လို့ ယုံကြည်ထားကြပါတယ်။
တရုတ်ဆာဗာတွေဆီကို သုံးစွဲသူတွေရဲ့အချက်အလက်တွေခိုးယူပြီးတော့ ဖုန်းတွေကတစ်ဆင့် ကူးပြောင်းနေတယ်လို့ ဖင်လန်နိုင်ငံရဲ့ အချက်အလက်စောင့်ကြည့်ရေးအဖွဲ့မှ HMD ကို စွဲချက်တင်ထားတာဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့ နော်ဝေနိုင်ငံ public broadcaster တစ်ခုဖြစ်တဲ့ NRK ရဲ့ အစီရင်ခံစာတစ်ခုထဲမှာ Nokia သုံးစွဲသူတစ်ယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီးတော့ တင်ပြထားတာဖြစ်ပါတယ်။ အဲဒီလူရဲ့နာမည်ကတော့ Henrik Austad လို့ခေါ်ပြီး Nokia 7 Plus လေးကို ဖွင့်ထားချိန်မှာ သူ့ရဲ့တည်နေရာ၊ ဖုန်းနံပါတ်နဲ့ serial number တွေကို တရုတ်ဆာဗာဆီ ကုဒ်မဖွက်ဘဲပို့နေတာကို တွေ့ခဲ့သူဖြစ်ပါတယ်။
NRK ကတော့ ဆာဗာဟာ “vnet.cn” domain အောက်မှာရှိနေတာဖြစ်လို့ China Telecom ရဲ့ စီမံမှုအောက်မှာရှိနေလိမ့်မယ်လို့ သုံးသပ်ပြထားပါတယ်။ ပုဂ္ဂိုလ်အရေးအချက်အလက်တွေပါဝင်နေပြီးတော့ ချိုးဖောက်မှုတွေရှိနေခဲ့မယ်ဆိုရင် ဒီကိစ္စဟာ ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်သွားပါလိမ့်မယ်။
HMD Global ကတော့ Nokia 7 Plus ဖုန်းတွေထဲမှာ batch တူတဲ့ဖုန်းတွေဟာ တရုတ်ကို အချက်အလက်တွေပို့ဆောင်နေကြောင်း ဝန်ခံခဲ့ပါတယ်။ January software update မှာဖြစ်ခဲ့တဲ့ error ကို ပြင်ဆင်ပြီးကြောင်း၊ သုံးစွဲသူအများစုကလည်း ထည့်သွင်းပြီးကြောင်း ပြန်လည်ချေပခဲ့ပါတယ်။ HMD ကတော့ အခုပို့တဲ့အချက်အလက်တွေထဲမှာ ပုဂ္ဂိုလ်ရေးတွေမပါဝင်တဲ့အတွက်ကြောင့် ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားမရနိုင်ကြောင်း ပြန်လည်ပြောဆိုထားတာကို တွေ့မြင်ရပါတယ်။ Nokia 7 Plus ကို ယူအက်စ်မှာ မဖြန့်ချိခဲ့ပေမယ့်လည်း ဒုတိယမျိုးဆက်ဖြစ်တဲ့ Nokia 7.1 ကတော့ အောက်တိုဘာ ၂၀၁၈မှာ ဝင်ရောက်ခဲ့ပြီးသားပါ။
မနှစ်တုန်းက ကန့်သတ်ထားတဲ့ အီးယူရဲ့ဥပဒေကိုထောက်ပြပြီးတော့ GDPR စည်းမျဉ်းကို ဖောက်ဖျက်နေတယ်လို့ ပြောဆိုနေကြပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေကြောင့် ပြင်သစ်မှာ Google ကလည်း ဒေါ်လာ၅၇မီလျံလောက် ဒဏ်ကြေးဆောင်ခဲ့ရဖူးပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.