Uncategorized

Xiaomi Mi 9 Explorer ရဲ႕ 8GB RAM Model ကို ေရာင္းၿပီ

တရုတ္မွာ Xiaomi Mi 9 Explorer ရဲ႕ 8GB RAM Model ကို ေရာင္းခ်ေပးလိုက္ပါၿပီ။ မေန႔ကပဲ ေရွာင္မီရဲ႕ စီအီးအို လီဂြ်န္က ဒီေန႔မွာ ေရာင္းေပးမယ္လို႔ ေၾကညာခဲ့တာပါ။ စီအီးအို လီဂြ်န္က သူ႔ကို Online နဲ႔ Offline မွာပါ ေရာင္းခ်ေပးမယ္လို႔ ေျပာပါတယ္။8/256GB Model ျဖစ္ၿပီး အရင္က 12/256GB ကို ေရာင္းေပးထားပါတယ္။ 8GB RAM ကို ယြမ္ ၃၅၉၉ သတ္မွတ္ထားၿပီး ေဒၚလာ ၅၅၀ ေလာက္ က်သင့္မွာပါ။ လာမယ့္ သံုးပတ္အတြင္းမွာ ပို႔ေဆာင္ေပးမွာပါ။

Mi 9 Explorer Edition ရဲ႕ Specs မ်ားကို ေဖာ္ျပလိုက္ပါတယ္။ သူ႔မွာ ၆.၃၉ လက္မ Super AMOLED FullHD+ Display ထည့္သြင္းထားၿပီး Screen-to-body Ratio မွာ ၉၀.၇ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ အရြယ္ေသး Waterdrop Notch ပါပါတယ္။ Always-on Display မွာ အေရာင္မ်ားကို ျပသေပးႏုိင္လာပါတယ္။ Notch မွာ 20MP Camera ထည့္ထားပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ AI အေျချပဳ Face Unlock ပါလာမွာပါ။

မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ထည့္ထားပါတယ္။ NFC ကေန Google Pay ကို သံုးႏုိင္ပါတယ္။ Dual-frequency GPS နဲ႔ IR Blaster ပါလာပါတယ္။ မ်က္ႏွာျပင္ကို Gorilla Glass 6 နဲ႔ အေနာက္ဘက္ကို Gorilla Glass 5 နဲ႔ ဖံုးအုပ္ထားပါတယ္။ အေနာက္ကင္မရာမ်ားကို Sapphire Glass နဲ႔ ကာကြယ္ထားပါတယ္။ ေရစိုခံ စြမ္းရည္ေတာ့ မပါပါဘူး။

Charge Turbo အမည္ရ လွ်င္ျမန္စြာ အားသြင္းစနစ္ပါလာၿပီး USB-C ကေန 27W ႏႈန္းအထိ အားသြင္းေပးပါတယ္။ ဒါေပမယ့္ 18W Charger သာ ထည့္ထားပါတယ္။ ႀကိဳးမဲ့ အားသြင္းရင္ 20W အထိ ျမန္တာက လက္ရွိမွာ အျမန္ဆံုးျဖစ္ေနပါတယ္။ 3300mAh Battery ပါပါတယ္။ Snapdragon 855   ပါပါတယ္။

unicode

Xiaomi Mi 9 Explorer ရဲ့ 8GB RAM Model ကို ရောင်းပြီ

တရုတ်မှာ Xiaomi Mi 9 Explorer ရဲ့ 8GB RAM Model ကို ရောင်းချပေးလိုက်ပါပြီ။ မနေ့ကပဲ ရှောင်မီရဲ့ စီအီးအို လီဂျွန်က ဒီနေ့မှာ ရောင်းပေးမယ်လို့ ကြေညာခဲ့တာပါ။ စီအီးအို လီဂျွန်က သူ့ကို Online နဲ့ Offline မှာပါ ရောင်းချပေးမယ်လို့ ပြောပါတယ်။8/256GB Model ဖြစ်ပြီး အရင်က 12/256GB ကို ရောင်းပေးထားပါတယ်။ 8GB RAM ကို ယွမ် ၃၅၉၉ သတ်မှတ်ထားပြီး ဒေါ်လာ ၅၅၀ လောက် ကျသင့်မှာပါ။ လာမယ့် သုံးပတ်အတွင်းမှာ ပို့ဆောင်ပေးမှာပါ။

Mi 9 Explorer Edition ရဲ့ Specs များကို ဖော်ပြလိုက်ပါတယ်။ သူ့မှာ ၆.၃၉ လက်မ Super AMOLED FullHD+ Display ထည့်သွင်းထားပြီး Screen-to-body Ratio မှာ ၉၀.၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အရွယ်သေး Waterdrop Notch ပါပါတယ်။ Always-on Display မှာ အရောင်များကို ပြသပေးနိုင်လာပါတယ်။ Notch မှာ 20MP Camera ထည့်ထားပါတယ်။ အချို့ နိုင်ငံများမှာ AI အခြေပြု Face Unlock ပါလာမှာပါ။

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ NFC ကနေ Google Pay ကို သုံးနိုင်ပါတယ်။ Dual-frequency GPS နဲ့ IR Blaster ပါလာပါတယ်။ မျက်နှာပြင်ကို Gorilla Glass 6 နဲ့ အနောက်ဘက်ကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပါတယ်။ အနောက်ကင်မရာများကို Sapphire Glass နဲ့ ကာကွယ်ထားပါတယ်။ ရေစိုခံ စွမ်းရည်တော့ မပါပါဘူး။

Charge Turbo အမည်ရ လျှင်မြန်စွာ အားသွင်းစနစ်ပါလာပြီး USB-C ကနေ 27W နှုန်းအထိ အားသွင်းပေးပါတယ်။ ဒါပေမယ့် 18W Charger သာ ထည့်ထားပါတယ်။ ကြိုးမဲ့ အားသွင်းရင် 20W အထိ မြန်တာက လက်ရှိမှာ အမြန်ဆုံးဖြစ်နေပါတယ်။ 3300mAh Battery ပါပါတယ်။ Snapdragon 855 ပါပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.