Spycam နဲ႔ ေခ်ာင္းရုိက္ၿပီး အြန္လိုင္းမွာ ျပသသူ ၂ ဦးကို ဖမ္းဆီး

0
612

ေတာင္ကိုရီးယားမွာ အမ်ိဳးသမီးမ်ားကို စပိုင္ ကင္မရာမ်ားနဲ႔ ေခ်ာင္းရိုက္ၿပီး ဗီဒီယိုမ်ားကို အြန္လိုင္းမွာ မွ်ေ၀ေနတဲ့ ျပႆနာဟာ ေတာ္ေတာ္ကို ႀကီးမားေနပါတယ္။ အိမ္သာမ်ား၊ အ၀တ္လဲခန္းမ်ားလို အမ်ားျပည္သူသံုးေနရာမ်ားမွာ အဓိက ေခ်ာင္းရိုက္ေနၾကတာပါ။ အဲဒီလို ကိစၥမ်ားေၾကာင့္  ၿပီးခဲ့တဲ့ ေႏြရာသီက အမ်ိဳးသမီး ေသာင္းဂဏန္းခန္႔ဟာ ဆိုးလ္ၿမိဳ႕ လမ္းမမ်ားေပၚထြက္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။ အာဏာပိုင္မ်ားကလည္း ဒီကိစၥကို အထူးအေလးစိုက္ၿပီး တိုက္ဖ်က္ေနပါတယ္။

အခုေတာ့ ေတာင္ကိုရီးယားမွာ Spycam နဲ႔ ေခ်ာင္းရုိက္ၿပီး အြန္လိုင္းမွာ ျပသသူ ၂ ဦးကို ဖမ္းဆီးလိုက္ပါတယ္။ သူတို႔ ၂ ဦးဟာ အြန္လိုင္းမွာ Spycam Website တစ္ခုကို တည္ေထာင္ထားပါတယ္။ သူတို႔က ဟိုတယ္မ်ားမွာ စပိုင္ကင္မရာမ်ားကို ဆံပင္ အေျခက္ခံစက္၊ နံရံကပ္ အားသြင္းပလပ္ေပါက္မ်ားမွာ ထည့္သြင္းထားၿပီး ေခ်ာင္းရိုက္ၾကတာပါ။ စုစုေပါင္း ဧည့္သည္ေပါင္း ၁၆၀၀ ကို သူတို႔က ေခ်ာင္းရိုက္ခဲ့ၾကတာပါ။ အဲဒီ ဗီဒီယိုမ်ားကို သူတို႔ရဲ႕ ၀က္ဘ္ဆိုက္မွာ အခေၾကးေငြနဲ႔ ျပသေနတာ ျဖစ္ပါတယ္။

သူတို႔ဟာ ၿပီးခဲ့တဲ့ ႏွစ္ ႏို၀င္ဘာလကေန ဒီလအတြင္းမွာ ၿမိဳ႕၁၀ ခုမွ ဟိုတယ္ေပါင္း ၃၀ ရဲ႕ အခန္း ၄၂ ခန္းမွာ ကင္မရာမ်ားကို တပ္ဆင္ခဲ့တယ္လို႔ ယူဆထားၾကပါတယ္။ တရားခံမ်ားရဲ႕ Spy Cam Website မွာ အဖြဲ႔၀င္ ၄၀၀၀ ရွိၿပီး ဗီဒီယိုေပါင္း ၈၀၃ ခုကို တင္ထားပါတယ္။ အခေပး ၀န္ေဆာင္မႈကို ၾကည့္ရႈသူ ၉၇ ေယာက္ရွိတယ္လို႔ သိရပါတယ္။ ၾကည့္ရႈခဟာ တစ္ဦးလွ်င္ ၄၄.၉၅ ေဒၚလာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ စပိုင္ ကင္မရာမ်ားဟာ အလြန္ ေသးငယ္ၿပီး 1mm Lens Camera မ်ား ျဖစ္ပါတယ္။

ေတာင္ကိုရီးယားမွာ အဲဒီလို ေခ်ာင္းရိုက္တဲ့ အမႈမ်ားဟာ ၂၀၁၂ ခုႏွစ္မွာ ၁၃၅၃ ခုကေန ၂၀၁၇ ခုႏွစ္မွာ ၆၄၇၀ အထိ မ်ားျပားလာတာ ျဖစ္ပါတယ္။

unicode

Spycam နဲ့ ချောင်းရိုက်ပြီး အွန်လိုင်းမှာ ပြသသူ ၂ ဦးကို ဖမ်းဆီး

တောင်ကိုရီးယားမှာ အမျိုးသမီးများကို စပိုင် ကင်မရာများနဲ့ ချောင်းရိုက်ပြီး ဗီဒီယိုများကို အွန်လိုင်းမှာ မျှဝေနေတဲ့ ပြဿနာဟာ တော်တော်ကို ကြီးမားနေပါတယ်။ အိမ်သာများ၊ အဝတ်လဲခန်းများလို အများပြည်သူသုံးနေရာများမှာ အဓိက ချောင်းရိုက်နေကြတာပါ။ အဲဒီလို ကိစ္စများကြောင့် ပြီးခဲ့တဲ့ နွေရာသီက အမျိုးသမီး သောင်းဂဏန်းခန့်ဟာ ဆိုးလ်မြို့ လမ်းမများပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အာဏာပိုင်များကလည်း ဒီကိစ္စကို အထူးအလေးစိုက်ပြီး တိုက်ဖျက်နေပါတယ်။

အခုတော့ တောင်ကိုရီးယားမှာ Spycam နဲ့ ချောင်းရိုက်ပြီး အွန်လိုင်းမှာ ပြသသူ ၂ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ သူတို့ ၂ ဦးဟာ အွန်လိုင်းမှာ Spycam Website တစ်ခုကို တည်ထောင်ထားပါတယ်။ သူတို့က ဟိုတယ်များမှာ စပိုင်ကင်မရာများကို ဆံပင် အခြေက်ခံစက်၊ နံရံကပ် အားသွင်းပလပ်ပေါက်များမှာ ထည့်သွင်းထားပြီး ချောင်းရိုက်ကြတာပါ။ စုစုပေါင်း ဧည့်သည်ပေါင်း ၁၆၀၀ ကို သူတို့က ချောင်းရိုက်ခဲ့ကြတာပါ။ အဲဒီ ဗီဒီယိုများကို သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ အခကြေးငွေနဲ့ ပြသနေတာ ဖြစ်ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလကနေ ဒီလအတွင်းမှာ မြို့၁၀ ခုမှ ဟိုတယ်ပေါင်း ၃၀ ရဲ့ အခန်း ၄၂ ခန်းမှာ ကင်မရာများကို တပ်ဆင်ခဲ့တယ်လို့ ယူဆထားကြပါတယ်။ တရားခံများရဲ့ Spy Cam Website မှာ အဖွဲ့ဝင် ၄၀၀၀ ရှိပြီး ဗီဒီယိုပေါင်း ၈၀၃ ခုကို တင်ထားပါတယ်။ အခပေး ဝန်ဆောင်မှုကို ကြည့်ရှုသူ ၉၇ ယောက်ရှိတယ်လို့ သိရပါတယ်။ ကြည့်ရှုခဟာ တစ်ဦးလျှင် ၄၄.၉၅ ဒေါ်လာ ဖြစ်ပါတယ်။ သူတို့ရဲ့ စပိုင် ကင်မရာများဟာ အလွန် သေးငယ်ပြီး 1mm Lens Camera များ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ အဲဒီလို ချောင်းရိုက်တဲ့ အမှုများဟာ ၂၀၁၂ ခုနှစ်မှာ ၁၃၅၃ ခုကနေ ၂၀၁၇ ခုနှစ်မှာ ၆၄၇၀ အထိ များပြားလာတာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.