ဧၿပီလ ၅ ရက္မွာ Samsung Galaxy S10 5G ကို ေရာင္းမည္

0
8

Samsung က ၿပီးခဲ့တဲ့ လမွာ Galaxy S10 Series မ်ားကို ေၾကညာခဲ့ပါတယ္။ သူတို႔နဲ႔ အတူ Galaxy S10 5G ကိုပါ ျပသခဲ့ပါတယ္။ ေႏြဦးမွာ အေမရိကန္ရဲ႕ Veirzon , AT&T, Sprint နဲ႔ T-Mobile တို႔ကေန ေရာင္းခ်မွာပါ။ အခုေတာ့ ကုမၸဏီက ဧၿပီလ ၅ ရက္ေန႔မွာ ေတာင္ကိုရီးယားတြင္ သူ႔ကို ေရာင္းမယ္လို႔ ေၾကညာလိုက္ပါတယ္။ ေတာင္ကိုရီးယားရဲ႕ နာမည္ႀကီး Carrier သံုးခုကေန ၀ယ္ယူႏိုင္မွာပါ။

ေတာင္ကိုရီးယားမွာ ၀မ္ ၁.၅ သန္း ( ၁၃၃၂ ေဒၚလာ)နဲ႔ ေရာင္းမွာပါ။ အေမရိကန္မွာလည္း ဒီေစ်းေလာက္ ျဖစ္ႏုိင္ပါတယ္။ အဲဒီ ဖုန္းကို ကမာၻအ၀န္းမွာ ေရာင္းခ်မွာပါ။ အေမရိကန္မွာ Verizon နဲ႔ ၿဗိတိန္မွာ O2 တို႔ကေန ေရာင္းခ်မွာပါ။ Verizon က ဧၿပီလ ၁၁ ရက္မွာ သူ႔ရဲ႕ 5G ကြန္ရက္ကို စတင္ ၀န္ေဆာင္မႈေပးမွာပါ။ O2 ကဒီႏွစ္ ေႏွာင္းပိုင္းမွာ ေအဒင္ဘတ္၊ လန္ဒန္နဲ႔ ကာဒစ္တို႔မွာ 5G ကြန္ရက္ကို စတင္မွာပါ။ ၿဗိတိန္နဲ႔ အေမရိကန္မွာ Galaxy S10 5G ကို ေရာင္းမယ့္ အခ်ိန္ကို မသိရေသးပါဘူး။

သူ႔ရဲ႕ Specs မ်ားကို ျပန္လည္ေဖာ္ျပလိုက္ပါတယ္။ သူ႔မွာ ၆.၇ လက္မ Dynamic AMOLED Display   ပါပါတယ္။ Resolution မွာ 1440x3040p ျဖစ္ပါတယ္။ အေမရိကန္မွာ Snapdragon 855 Chipset နဲ႔ အျခား ႏုိင္ငံမ်ားမွာ Exynos 9829 Chipset ထည့္သြင္းထားမွာပါ။ 4200 mAh battery, 8GB RAM, 256 GB Internal, Android 9.0 Pie မ်ား ပါလာပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ထည့္ထားပါတယ္။ အေနာက္ကင္မရာ ၄ လံုး ပါၿပီး 12 MP telephoto lens, 12 MP Dual Pixel AF, 12 MP ultra-wide camera နဲ႔ a 3D depth sensor မ်ား ျဖစ္ပါတယ္။ အေရွ႕ဘက္မွာ 10MP Camera ထည့္ထားပါတယ္။

unicode

ဧပြီလ ၅ ရက်မှာ Samsung Galaxy S10 5G ကို ရောင်းမည်

Samsung က ပြီးခဲ့တဲ့ လမှာ Galaxy S10 Series များကို ကြေညာခဲ့ပါတယ်။ သူတို့နဲ့ အတူ Galaxy S10 5G ကိုပါ ပြသခဲ့ပါတယ်။ နွေဦးမှာ အမေရိကန်ရဲ့ Veirzon , AT&T, Sprint နဲ့ T-Mobile တို့ကနေ ရောင်းချမှာပါ။ အခုတော့ ကုမ္ပဏီက ဧပြီလ ၅ ရက်နေ့မှာ တောင်ကိုရီးယားတွင် သူ့ကို ရောင်းမယ်လို့ ကြေညာလိုက်ပါတယ်။ တောင်ကိုရီးယားရဲ့ နာမည်ကြီး Carrier သုံးခုကနေ ဝယ်ယူနိုင်မှာပါ။

တောင်ကိုရီးယားမှာ ဝမ် ၁.၅ သန်း ( ၁၃၃၂ ဒေါ်လာ)နဲ့ ရောင်းမှာပါ။ အမေရိကန်မှာလည်း ဒီဈေးလောက် ဖြစ်နိုင်ပါတယ်။ အဲဒီ ဖုန်းကို ကမ္ဘာအဝန်းမှာ ရောင်းချမှာပါ။ အမေရိကန်မှာ Verizon နဲ့ ဗြိတိန်မှာ O2 တို့ကနေ ရောင်းချမှာပါ။ Verizon က ဧပြီလ ၁၁ ရက်မှာ သူ့ရဲ့ 5G ကွန်ရက်ကို စတင် ဝန်ဆောင်မှုပေးမှာပါ။ O2 ကဒီနှစ် နှောင်းပိုင်းမှာ အေဒင်ဘတ်၊ လန်ဒန်နဲ့ ကာဒစ်တို့မှာ 5G ကွန်ရက်ကို စတင်မှာပါ။ ဗြိတိန်နဲ့ အမေရိကန်မှာ Galaxy S10 5G ကို ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

သူ့ရဲ့ Specs များကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ သူ့မှာ ၆.၇ လက်မ Dynamic AMOLED Display ပါပါတယ်။ Resolution မှာ 1440x3040p ဖြစ်ပါတယ်။ အမေရိကန်မှာ Snapdragon 855 Chipset နဲ့ အခြား နိုင်ငံများမှာ Exynos 9829 Chipset ထည့်သွင်းထားမှာပါ။ 4200 mAh battery, 8GB RAM, 256 GB Internal, Android 9.0 Pie များ ပါလာပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။

အနောက်ကင်မရာ ၄ လုံး ပါပြီး 12 MP telephoto lens, 12 MP Dual Pixel AF, 12 MP ultra-wide camera နဲ့ a 3D depth sensor များ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 10MP Camera ထည့်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.